ဆွေးနွေးချက်:ပျဉ်းတော်သိမ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အပင်အားထိန်းသိမ်းပုံ[ပြင်ဆင်ရန်]

အပင်အမြင့်ကိုလူတစ်ရပ်ခန့်သာထား၍ ရှည်သောကိုင်းရင့်များကိုပန်းညှပ်ကပ်ကြေးအသံုးပြု၍ဖြတ်ပေးခြင်းဖြင့် လက်လှမ်းမီသောနေရာတွင်အရွက်နုများဝေဝေဆာဆာထွက်လာပါမည်။အခူးလွန်ခြင်း၊ရွက်စားပိုးကျရောက်ြခင်းတို့မရှိပါက ရွက်နုများကိုတစ်မိုးတွင်းလံုးရရှိနိုင်သည်။နုသောအရွက်ကိုစားသံုးလိုပါကညွန့်စမှ ၇ ရက်ခန့်အကြာတွင်ရရှိမည့်အစိမ်းနုရောင်အခက်များသည်သင့်လျော်သည်။ရိုးတံကိုပါစားသံုးလိုလျှင်ထိပ်ဆံုးရှိအညိုနုရောင်အညွန့်ငယ်လေးများပါရှိသည့်အခက်များမှရရှိနိုင်သော်လည်း အညွန့်ထွက်ြခင်းရပ်တန့်သွားမည်။နုလွန်းလျှင် ခူးယူပြီးနာရီပိုင်းအတွင်းညှိုးနွမ်းသွားတတ်သဖြင့် စားသံုးခါနီးမှသာခူးယူသင့်သည်။ သစ်ထွန်း (ဆွေးနွေး) ၁၃:၃၉၊ ၂ အောက်တိုဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]