ဆွေးနွေးချက်:တန့်ဆည်မြို့

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

တန့်ဆည်မြို့[ပြင်ဆင်ရန်]

အိမ်ခြေ လူဦးရေ မှားနေပါတယ် ဖော်ပြထားသလောက်မကပါ ဆက်လက်လေ့လာဖို့လိုအပ်ပါတယ်။မြို့ပေါ်မှာနေထိုင်ကြသူတွေဟာ တောင်သူလုပ်ငန်းနဲ့ အသက်မွေးကြတာနည်းပါးပါတယ် အရောင်းအဝယ်လုပ်ကိုင်ကြတာပါ။ကနဦး မြို့စတည်ရာ နေရာဖြစ်တဲ့ တန့်ဆည်မြို့မနေရာဟောင်းမှာ နေထိုင်ကြသူတွေကတော့ တောင်သူလုပ်ကိုင်ကြတာများတယ်ဆိုတာ ဟုတ်ပါတယ်။မြိုမရဲ့တောင်ပိုင်းရပ်ကွက်က အိုးလုပ်ကြပါတယ်။တို့ချဲ့ မြိုသစ်ဖြစ်တဲ့ လမ်းဆုံ မဟာမြိုင်ရပ်ကွက်နှင့် မေတ္တာမြိုင်ရပ်ကွက်မှာနေသူတွေက အရောင်းအဝယ်လုပ်ကြတာများပါတယ်။ရုံးစာရင်းအမည်ပေါက် ရပ်ကွက်ကြီး (၄)ခုရှိပါတယ်။ ပေါ်ဦးရပ်၊ဗိုလ်မြရပ်၊မေတ္တာမြိုင်ရပ်၊မဟာမြိုင်ရပ်ကွက်တို့ဖြစ်ပါတယ်။မြို့နေလူများခေါ်နေကြတဲ့ ရပ်ကွက်အခွဲလေးတွေကတော့ ပြဦးရပ်၊ကုလားကုန်းရပ်၊ဝင်္ကဘာရပ်၊အောင်ဇေယျရပ်၊ရွာသစ်ရပ်ကွက်တို့ဖြစ်ပါတယ် 210.14.108.58 ၁၉:၅၈၊ ၄ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]