ဆွေးနွေးချက်:ဂျူးဒဏ္ဍာရီ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဗစ်ရှ်နူး ဘုရားလား နတ်မင်းလား ကွဲပြားအောင် သိဖို့လိုတယ်နော်။ ဘုရား ကို နတ်မင်း နတ်ဘုရား လုပ်နေတာ အဆင်မပြေဘူး။ — KaungKhantNaing03 (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 17:57, 12 December 2020

အချို့အကြောင်းအရာတွေကို ဒီမှာပဲ ပေါင်းဆွေးနွေးလိုက်ပါတယ်။ ဘာသာစကားတွေရဲ့ ကျယ်ပြန့်မှု၊ ဘာသာစကားအချင်းချင်းကြား ကူးလူးပြောင်းလဲမှု ပြဿနာဖြစ်မယ်လို့ယူဆပါတယ်။ ကိုးကွယ်ရာပုဂ္ဂိုလ်​ (အောက်ဆုံးအဆင့်မှ အမြင့်ဆုံးထိ (Supreme Being)) ဟူသမျှကို "နတ်" ဝေါဟာရဖြင့် သုံးစွဲနိုင်ပါတယ်။ ဗုဒ္ဓဘာသာမှာရှိတဲ့ ဗုဒ္ဓ၊ ရဟန္တာ သည်ပင် ဝေါဟာရသဘောအရ နတ်အမျိုးအစားထဲမှာပါပါတယ်။ နတ် စကားလုံးက ယေဘုယျဆန်လို့ သီးသန့် ပြင်ချင်ရင် ထိုစကားလုံးများကို ကွက်၍ ပြင်ဆင်နိုင်ပါတယ်။ ဒဏ္ဍာရီဆောင်းပါးတွေက ဘာသာရေးကို တိုက်ရိုက်ရေးထားတာမဟုတ်ပါဘူး။ ဘာသာရေးထဲက ဒဏ္ဍာရီ ဇာတ်လမ်း ဆန်တာတွေကို mythology point ကနေရေးထားတာပါ။ ပညာရပ်ဆိုင်ရာ နယ်ပယ်တစ်ခုပါ။ မြန်မာစကားမှာ အတည်တကျရေးထုံးရှိရင် ရေးထုံးကို ဝီကီက လိုက်နာပါတယ်။ India China ကို အင်းန်ဒိယ , ချိုင်းနား လို့မရေးကြဘူး၊ အိန္ဒိယ တရုတ် လို့ပဲ ရေးပါတယ်။ ဗြဟ္မာ ကို အက္ခရာဖလှယ်မှု (transliteration ), (or maybe old Myanmar transcription) အရ ဒီလိုပဲရေးပါတယ်။ အသံထွက်ထည့်ချင်ရင် ဘေးနားကပ်၍ ( ××× ) ပုံစံနဲ့ထည့်ရင် သပ်ရပ်ပါလိမ့်မယ်။ အချို့အချက်အလက်တွေကို opposing point ထည့်ချင်ရင် ပညာရပ်ဆန်တဲ့ အကိုးအကား အတိအကျ (စာအုပ် ရေးသူ စာမျက်နှာ ...) နဲ့ ရေးသားနိုင်ပါတယ်။ copy-paste များကို တော့ ရှောင်ကြဉ်ပေးပါ။ ကျေးဇူးတင်ပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၀၃:၄၉၊ ၁၃ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]