ဆူးကောက်ပင်

ဝီကီပီးဒီးယား မှ
ဆူးကောက်ပင် (Caesalpinia crista)

ဆူးကောက်ပင်သည် ဆူးရှိသော ချုံပင်ကြီးမျိုးဖြစ်သည်။ ရုက္ခဗေဒအလိုအားဖြင့် 'ဆက်ဇယ်ပင်နီးယားနျူးဂါး'(Caesalpinia nuga; ယခုအခါတွင် Caesalpinia crista[၁])ဟုခေါ် သည်။ မျိုးရင်းမှာ 'လီဂူမီနိုးစီး'(Leguminosae၊ သို့မဟုတ် Fabaceae)ဖြစ်သည်။ ပင်စည်နှင့် အကိုင်း အခက်များသည် ချောမွတ်၏။ အရွယ်သည် အလျားလက်မဝက် မှ ၂ ၁/ လက်မအထိရှိသည်။ မေလမှ အောက်တိုဘာလ အတွင်း အပွင့်ပွင့်တတ်သည်။ ပွင့်ည|ာမှာ ၃ လက်မမှာ ၄ လက်မအထိ ရှည်သည်။ အပွင့်အရောင်ဝါသည်။ အနီရောင် အနားရှိသော အပွင့်များလည်းရှိသည်။

ဆူးကောက်သီးသည် ငှက်ပျောဖူးပုံသဏ္ဌာန်ရှိ၍ ထိပ်ဖျား ချွန်သည်။ အသီးထဲ၌ အစေ့များရှိသည် အစေ့များသည် အသီး ၏ ပုံသဏ္ဌာန်အတိုင်းပြားသည်။ ဆူးကောက်ပင်များကို ရခိုင် ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်တွင် တွေ့ရသည်။ ကပ္ပလီကျွန်း၌လည်း တွေ့ရသည်။ ဆူးကောက် အသီးနှင့် ဆူးကောက်ရိုးများကို ထုထောင်း၍ ငါးဖမ်းရာတွင် အဆိပ်အဖြစ်အသုံးပြုတတ်ကြသည်။

ဆူးကောက်နက် (Capparis sepiaria)

ဆူးကောက်နက်ဟုခေါ်သော အပင်တစ်မျိုးလည်းရှိသေး သည်။ ရုက္ခဗေဒအလိုအားဖြင့် ထိုအပင်ကို 'ကက်ပါးရစ် ဆက်ပီးအားရီးယား'(Capparis sepiaria)ဟု ခေါ်သည်။ မျိုးရင်းမှာ 'ကက်ပါရီဒေးစီ အီး'(Capparidaceae)ဖြစ်သည်။ ချုံပင် သို့မဟုတ် အပင်ငယ်မျိုးဖြစ်၍၊ ခြောက် သွေ့သောဒေသတွင် ပေါက်ရောက်သည်။ ဆူးကောက်နက်အမြစ်ကို အဖျားဖြတ်ဆေးအဖြစ် အသုံးပြုတတ်ကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Caesalpinia nuga (L.) W.T.Aiton (Plants of the World Online, Kew Science). Retrieved 5 February 2020
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)