ဆူကရီ ဝိဆယ်ကောင်း

ဝီကီပီးဒီးယား မှ

Sukrit Wisetkaew
ဆူကရီဝိဆယ်ကောင်း
မွေးဖွားSukrit Wisetkaew[၁]
(1985-09-04) ၄ စက်တင်ဘာ၊ ၁၉၈၅ (အသက် ၃၈)
ချင်းမိုင်၊ ထိုင်း
အခြား အမည်များBie, Bie The Star
အလုပ်အကိုင်Singer, Actor
တက်ကြွလှုပ်ရှားနှစ်များ2006–present
အရပ်၁.၇၅ m (၅ ft ၉ in)
ဝက်ဘ်ဆိုဒ်http://www.bie-fanclub.com http://biethestar0003.com/ http://www.biesukrit.com http://www.biechina.com

ဆူကရီဝိဆယ်ကောင်း Sukrit Wisetkaew (ထိုင်း: สุกฤษฎิ์ วิเศษแก้ว, RTGSSu-krit Wisetkaeo, အသံထွက် [sù.krìt wí.sèːt.kɛ̂ːw], ၁၉၈၅ စက်တင်ဘာ ၄ မွေး),[၂] ကို အများဖြင့် နာမည်ပြောင် Bie (บี้; RTGSBi)ဟု သိများပြီး၊ ထိုင်း ပေါ့အဆိုတော်နှင့် သရုပ်ဆောင် ဖြစ်သည်။ ထိုင်းတယ်လီဗေးရှင်းစွမ်းရည်ပြိုင်ပွဲ The Star တတိယအသုတ်တွင် လူစသိသည်။ [၂] The Star 3 တွင် first runner-up ရပြီးနောက်၊ Bie သည် အဟော့ဆုံး တက်သစ်စ အဆိုတော် ဖြစ်လာသည်။ ပွဲဦးထွက် စင်ဂယ်သီချင်း I Need Somebody ထွက်လာပြီးနောက် တဟုန်ထိုး ရေပန်းစားသည်။ သူ့ကို ဘီစတား Bie The Star(ထိုင်း: บี้ เดอะสตาร์) ဟု သိကြသည်။

တီဗီဒရာမာနှင့် sitcom တွင် အဆိုတော်နှင့် သရုပ်ဆောင် လုပ်သည့်ပြင်၊ ဖျော်ဖြေပွဲများစွာတွင် စင်ပေါ်သရုပ်ဆောင်အဖြစ် လေ့ကျင့်သေးသည်။ Behind the Painting သည် သူ၏ အကောင်းဆုံးဂီတလက်ရာ ဖြစ်ပြီး၊ အဓိကဇာတ်ရုပ်များတွင် ပါဝင်သည်။

ဖျော်ဖြေရေးလောကထဲ ရောက်သည့် နှစ်နှစ်မပြည့်တပြည့် ၂၀၀၈ တွင်၊ Thai Positioning Magazine နှင့် Siamrath က ကောက်သော စစ်တမ်းအရ ဘီသည် ထိုင်းတွင် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်ထဲ ဝင်သည်။[၃][၄]

မေ ၂၀၁၅ (၂၀၁၅-၀၅)တွင် ဘီသည် စရီဘူရဖာ ရေးသည့် ခေတ်ပြိုင်ဂန္ထဝင် ဝတ္ထု Behind the Painting ကို အခြေခံထားသော ဘရော့ဒဝေးဂီတ အချစ်ဇာတ်ထုပ်ကို အမေရိကစင်မြင့်ပေါ်တွင် စတင်ဖျော်ဖြေသည်။

ကိုးကား[ပြင်ဆင်ရန်]