ဆီးခုံမို့မို့
Wikipedia မှ
| ဆီးခုံမို့မို့ | |
|---|---|
| Latin | mons pubis |
| Gray's | subject #270 1265 |
| Precursor | Genital tubercle |
လူ့ခန္ဓာဗေဒတွင် သို့မဟုတ် ကျယ်ပြန့်သော အားဖြင့် နို့တိုက် သတ္တဝါတို့တွင် မိန်းမတို့ ဆီးခုံ အထက်၌ အဆီ တစ်ရှူး (fatty tissue) များ ပြည့်ဝသော ဆီးခုံမို့မို့ ရှိသည်။ အတွင်းပိုင်းတွင် symphysis pubis အရိုးရှိသည်။
ဆီးခုံမို့မို့ အရွယ်မှာ လူတို့၏ အပိန်အဝ ကွာသကဲ့သို့ ကွာခြားမှုရှိသည်။ အပျိုဖော်ဝင်ပြီးနောက် ဆီးခုံမို့မို့ ကို အမွှေးများဖြင့် ဖုံးထားသည်။
မိန်းမတို့တွင် ဆီးခုံမို့မို့ သည် အစေ့ နှင့် မိန်းမ အင်္ဂါပေါက် ကို ကာထားသော မိန်းမ အင်္ဂါ နှုတ်ခမ်းကြီး ကိုဝိုက်ထားသော အပိုင်း နှင့် ကျန် မိန်းမ အင်္ဂါ ဇာတ် အပိုင်း ဟူ၍ နှစ်ပိုင်း ခွဲထားသည်။ ဆီးခုံမို့မို့ ရှိ အဆီ တစ်ရှူးသည် အက်စ်ထိုဂျင် ကို တုံ့ပြန်ပြီး အပျိုဖော်ဝင် စတွင်စ၍ သိသိသာသာ ဖောင်းကြွလာသည်။