ဆိုရှယ်လစ်ဝါဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

(ဆိုရှယ်လစ်ဝါဒကျဆုံးရခြင်းလည်း ကြည့်)

ဆိုရှယ်လစ်ဝါဒ[၁] ၏ လိုရှင်းအချုပ်မှာ စီးပွားရေးမျှတမှုကို အခြေခံ၍ လူအများအတွက် လူအများက စီးပွားလုပ်ငန်းများကို ပိုင်ဆိုင်ကာ လုပ်ရမည် ဟူသော သဘောပင် ဖြစ်သည်။

ဆိုရှယ်လစ်ဝါဒဟူသော ဝေါဟာရကို အီတလီနိုင်ငံတွင် ခရစ်သက္ကရစ် ၁၈၀၃ ခုနှစ်၌ စတင်၍ ပုံနှိပ်အက္ခရာအဖြစ် အသုံးပြုခဲ့ရာမှ ထိုအယူအဆရေးရာကို လက်ခံသူများသည် ဆိုရှယ်လစ်များဟူ၍ တွင်ခဲ့ကြသည်။ အင်္ဂလန်တွင် ၁၈၂၇ သမဝါယမမဂ္ဂဇ်းတွင် ဆိုရှယ်လစ် စကားလုံးကို စသုံးသည်။

ပြင်သစ်တွင် ၁၈၃၂ တွင် La Globe မဂ္ဂဇင်းမှာ စသုံးသည်။


မာတိကာ

ဆိုရှယ်လစ်ဝါဒ[ပြင်​ဆင်​ရန်​]

ဤလူ့ဘောင်အဖွဲ့အစည်း၌ လူတို့အချင်းချင်း ပေါင်းသင်း ဆက်ဆံနေထိုင်ရေးတို့တွင် မကောင်းမှုများ ဖြစ်ပေါ်လျက်ရှိကြ သည်။ ဥဒါဟရုဏ်မှာတစ်ဦးက ပစ္စည်းဥစ္စာကြွယ်ဝ၍၊ တစ်ဦး က ပစ္စည်းဥစ္စာမရှိချေ။ ပစ္စည်းဥစ္စာရှိသူသည် ရှိခြင်းကြောင့်ပင် တောင့်တခြင်းပြင်းပြသည်။ ထိုအခါ ထိုတောင့်တစ်မှု အလိုဆန္ဒ ပြည့်ရေးအတွက်မကောင်းမှုတို့သည် ပွားများလေသည်။ တစ်ဖန် ပစ္စည်းဥစ္စာမရှိသူသည် မရှိခြင်းကြောင့်ပင် ကြောင့်ကြခြင်းပြင်း ပြသည်။ ထိုအခါ ထို့ကြောင့်ကြမှုကြောင့်ပင်လျှင် မကောင်းမှု တို့သည် ပွားများပြန်လေသည်။ ဤကဲ့သို့ လူမှုရေးဆိုင်ရာ မကောင်းမှုတို့ ပွားများရခြင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ထွက်ကုန် ပစ္စည်းများကို နိုင်ငံသားတို့အား ညီမျှစွာဖြန့်ဖြူးနိုင်ခြင်း မရှိ သောကြောင့်ဖြစ်သည်။ ထိုကြောင့် ထိုထွက်ကုန်ပစ္စည်းများကို လူတစ်ဦးတည်းက ချုပ်ကိုင်ပိုင်ဆိုင်သောစနစ်မှသည် ကုန်ထုတ် ကရိယာနှင့် ကုန်စည်ဖြန့်ဖြူးရေးကရိယာတို့ကို အများပြည်သူ ပိုင်ဆိုင်သော စနစ်သို့ တစ်ဖြည်းဖြည်းသော်၎င်း၊ ချက်ခြင်း သော်၎င်း ကူးပြောင်းပေးနိုင်ခဲ့ပါလျှင်၊ အထက်ပါလူမှုရေးဆိုင် ရာ မကောင်းမှုတို့ ပပျောက်ချေမည်။ ဤကဲ့သို့ သောအတွေး အခေါ်အပေါ်တွင် အခြေခံ၍၊ ဆိုရှယ်လစ်ဝါဒ ဖြစ်ပေါ်လာလေ သည်။ အချုပ်အားဖြင့် ဆိုရှယ်လစ်ဝါဒဟူသည်မှာ အများနှင့် အတူ သင်းဖွဲ့ပေါင်းစု လုပ်ဆောင်းခြင်းစနစ်ဖြစ်သည်။၁၉ ရာစုနှစ်တွင် ဆိုရှယ်လစ်ဝါဒနှင့် ကွန်မျူနစ်ဝါဒတို့ကို အဓိပ္ပါယ်အားဖြင့် ထပ်တူကဲ့သို့ ယူဆခဲ့ကြသည်။ အမှန်မှာ ၁၈၄၈ ခုနှစ်မှသည် ၁၉၁၈ ခုနှစ်အထိ ကွန်မျူနစ်ဟူသော စကားကို အသုံးနည်းသည်။ အလုပ်သမားသမဂ္ဂတို့က သူတို့ ကိုယ်ကိုသူတို့ ဆိုရှယ်လစ်ဟူ၍ ခေါ်ဝေါ်ကြသည်ကများသည်။သို့သော် ၁၈၄၈ ခုနှစ်ကပင်လျှင်၊ ကားလမတ်နှင့် အန်းဂဲတို့က ကွန်မျူနစ်ကြေညာစာတမ်းကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ၊ ၁၉၁၇ ခုနှစ် ရုရှအောက်တိုဘာတော်လှန်ရေး ပြီးမြောက်သည့်ခေတ်တွင် လီနင်ကြောင့် ကွန်မျူနစ်ဟူသော ဝေါဟာရသည် ဆိုရှယ်လစ် ဟူသော ဝေါဟာရနှင့် ကတ္တားခြား၍လာခဲ့သည်။ ဆိုရှယ်လစ် ဝါဒနှင့် ကွန်မျူနစ်ဝါဒကို ပညာရှင်အသီးသီးတို့က အဓိပ္ပါယ် ပိုင်းခြား၍ ပြခဲ့ကြသော်လည်း၊ ယနေ့တိုင်တိကျသော ကွဲပြား ခြားနားချက်ကို အသေအခြာ မဖော်ပြနိုင်ကြသေးချေ။ သို့ရာ တွင် ကားလမတ်နှင့် လီနင်တို့ချမှတ်ခဲ့သော နည်းဥပဒေများ အရမှာမူ၊ ဆိုရှယ်လစ်ဝါဒဟူသည်ကား ကုန်ထုတ်ကရိယာတို့ကို ပြည်သူလူထုက ပိုင်ဆိုင်၍၊ ထိုကုန်ထုတ်ကရိယာတို့ကို အမြတ် အတွက်ငှာ မဟုတ်ဘဲ၊ ပြည်သူလူထုတို့တူမျှသော အကျိုးကျေး ဇူးကို ခံစားစေရန်အလို့ငှာ စီမံကိန်းဖြင့် စီစဉ်အသုံးပြုသော စနစ်ဖြစ်သည်။ ဤစနစ်အရ အလုပ်သမားသည် လ၏ အလုပ် အတွက် လုပ်ခငွေကိုရရှိ၍၊ လုပ်ခငွေဖြင့် ထုတ်လုပ်ကုန်တို့ကို ဝယ်ယူရရှိနိုင်သည်။ ကွန်မျူနစ်ဝါဒမှာကား၊ ဘုံပစ္စည်းဟူသော သဘောတရားကို အခြေတည်သည်ဖြစ်သောကြောင့်၊ ထုတ်လုပ် ကုန်ဟူသမျှကို အလုပ်သမားတို့က ထုတ်လုပ်ပြီးလျှင်၊ ယင်းတို့ ၏ လိုအင်ဆန္ဒပြည့်ဝမှုအတွက် ထုတ်လုပ်ပြီးသော ကုန်ပစ္စည်း တို့ကို အခမဲ့ရယူပိုင်ခွင့်ရှိသည်။ ဤစနစ်အရ အလုပ်သမားတို့ ကို အခကြေးငွေပေးရန်မလိုချေ။ အတိုချုပ်မှာ ဆိုရှယ်လစ်ဝါဒ၌ တစ်ဦး၏စွမ်းအားကို တစ်ဦး၏ လုပ်အားနှင့် တိုင်းဆ၍ပေးရ သည်။ ကွန်မျူနစ်ဝါဒ၌ တစ်ဦး၏စွမ်းအားကို တစ်ဦး၏လိုအင် ဆန္ဒနှင့် တိုင်းဆ၍ပေးရသည်။ဆိုရှယ်လစ်ဝါဒကိုပြန့်ပွားအောင် ကြံဆောင်ခဲ့သူတို့အနက် ပြင်သစ် တော်လှန်ရေးခေတ်တွင် ထွန်းကားခဲ့သော ဗတေ်သည် ရှေးဦးကျသော ပုဂ္ဂိုလ်ဖြစ်သည်။ ဗတေ်သည် ဆိုရှယ်လစ်ဝါဒီ တို့၏ ပုန်ကန်ထကြွမှုကို အားထုတ်ခဲ့သူဖြစ်၍၊ ခရစ် ၁၇၉၆ ခုနှစ်တွင် ကွပ်မျက်ခြင်း ခံရလေသည်။ သူ၏ အရေးအသားတို့ သည် နှောင်းခေတ်တွင် ပေါ်လာသော ဆိုရှယ်လစ် အတွေး အခေါ်တို့ကို ဩဇာလွှမ်းမိုးခဲ့သည်။ နှောင်းခေတ်၌ ဆိုရှယ်လစ် စနစ်သို့ တော်လှန်ရေးနည်းဖြင့် တက်လှမ်းရန်မလို၊ လူတို့၏ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ကျင့်ဝတ်တို့ကို ဆိုရှယ်လစ် ဝါဒနှင့်ညီအောင်ပြုပြင်၍၊ လူတို့ကို သိမ်းသွင်းနိုင်လျှင် ဖြစ်နိုင် သည်ဟု ယူဆလာခဲ့ကြသည်။ ဤအယူအဆကို ဆာ ထောမတ် မိုးက သူ၏ ယူတိုးပီးယားကျမ်းတွင် ဖော်ပြခဲ့သည်။

ထိုအယူအဆများကို ထုတ်ဖော်ခဲ့သူတို့သည် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံတို့၌ ရှိခဲ့ကြသည်။ ယင်းတို့ အနက် အင်္ဂလန်ပြည်တွင် ရောဗတ် အိုဝင်ဆိုသူမှာ သူ၏ ခြည်စက်တွင် သူယုံကြည်သော ဆိုရှယ်လစ်ဝါဒအတိုင်း စနစ် သစ်ကို တီထွင်ကာ၊ လက်တွေ့လိုက်နာကျင့်သုံးလေရာ၊ ထိုစဉ် က ကမ္ဘာပေါ်တွင် များစွာထင်ရှားကျော်စောခဲ့လေသည်။၁၈၄၈ ခုနှစ်တွင် ပြင်သစ်ဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်သော လူဝီဗလန့်က ပြည်သူပိုင် စက်မှုလက်မှုလုပ်ငန်းတစ်ရပ် အနေ ဖြင့် အမျိုးသားပိုင် အလုပ်ရုံများ တည်ထောင်ရန်လှုံ့ဆော်ခဲ့ သည်။ ထိုအခါ ပရုဒုန်သည် ထိုစနစ်ကိုဆန့်ကျင်၍၊ သမဝါယ မစနစ်ကို လှုံ့ဆော်လေသည်။ ဤသည်တွင် ကားလမတ်နှင့် အန်းဂဲတို့သည် ထိုပုဂ္ဂိုလ်နှစ်ဦးစလုံး၏ အယူအဆကိုကန့်ကွက် ပြီးလျှင် ကွန်မျူနစ် ကြေညာစာတမ်းကို ရေးသားထုတ်ဝေခဲ့လေ သည်။ [၂]


ဆိုရှယ်လစ်ဝါဒအယူအဆ[ပြင်​ဆင်​ရန်​]

ယေဘုယျအားဖြင့် ဆိုရှယ်လစ်ဝါဒသည် အချက်နှစ်ခုပေါ်တွင် အခြေစိုက်သော စီးပွားရေးဝါဒ။

(က) အကြင်လူ့ဘောင်၏ အသက်မွေးမှုဘဝအတွက် လိုအပ်သော လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ပေးသည့် ကုန်ထုတ်ကရိယာ အရင်းအနှီးများ (Means of Production) ကို ထိုလူ့ဘောင်က ဘုံပစ္စည်း (Common Ownership) အဖြစ် ပိုင်ဆိုင်နေခြင်း။

(ခ) ထိုလူ့ဘောင်၏ အဖွဲ့ဝင်တို့သည် မိမိတို့ ဘုံပစ္စည်းဖြစ်သော ထိုကုန်ထုတ်ကရိယာ အရင်းအနှီးများကို စနစ်တကျ စီမံကိန်းချ၍ စုပေါင်းဆောင်ရွက်အပ်သော လုပ်အားတို့ဖြင့် အလုပ်လုပ်ခြင်း။[၃]

ရှေ့ပြေး ဆိုရှယ်လစ်များ[ပြင်​ဆင်​ရန်​]

ဆီမွန် (Claude Henri Simon 176-1825) ပြင်သစ်[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - အရင်းရှင်နှင့် ကာယ၊ ဉာဏ အလုပ်သမားများ၊ ဘောဂဗေဒပညာရှင်များ၊ အတတ်ပညာသည်များ ငြိမ်းချမ်းစွာ စုပေါင်း၍ စီမံကိန်းစနစ်ဖြင့် အများအကျိုးကို ဆောင်ရွက်သော ရွှေပြည်တော် တည်ဆောက်ရေး။

ရှားလ် ဖူရီယေ (Charles Fourier 1772-1837) ပြင်သစ်[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - စီးပွားရေးကို အခြေခံသော ဘုံလူ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်းရမည်။ မိသားစုများ စုပေါင်းပါဝင်သော ထိုအဖွဲ့အစည်းတွင် လူတိုင်းသည် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးအတွက် လုပ်ငန်းများတွင် ကိုယ်တတ်ကျွမ်ရာကို မခိုမကပ်ဘဲ စုပေါင်းလုပ်ကိုင် ကြရမည်။ ဤပစ္စည်းများကို မှန်ကန်စွာ ဖြန့်ဝေရမည်။ မိသားစုများကို အဆောက်အဦကြီးများတွင် မိသားစုပိုင် အခန်းများနှင့် ထားမည်။ မိသားစုသည် ယင်းတို့ပိုင်အခန်းတွင် မနေချင်ပါက အများနှင့် ရောနှော၍ ဘုံစားသောက်ခန်းတွင် စားသောက်၍ ဘုံခန်းတွင် အိပ်နိုင်သည်။ ထိုအခန်းများတွင် လိုအပ်သောလူ့အသုံးအဆောင်ပစ္စည်းများ ထားပေးမည်။ ကလေးများကို ဘုံစနစ်နှင့် ထိမ်းမည်။ အရွယ်ရောက်ပါက ကြိုက်နှစ်သက်ရာ လက်မှုပညာ သင်စေမည်။ ဤဘုံလူ့အဖွဲ့အစည်းအတွက် လိုအပ်သော ကုန်ကျစရိတ်များကို အစိုးရက မဟုတ်ဘဲ အဖွဲ့အစည်းဝင်များကသာ စေတနာအလျောက် စုပေါင်းထည့်ဝင်ရမည်။

သူ၏ ဤဘုံအဖွဲ့အစည်းကို ဖားလော်န်းစတဲရ် (Phalanesteres) ဟု ခေါ်သည်။

အေတီယင် ကာဘေး (Étienne Cabet 1788-1865) ပြင်သစ်[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - ဘုံဝါဒဆန်သော လူ့အဖွဲ့အစည်းတခုကို တည်ထောင်ရေးနှင့် ထိုလူ့အဖွဲ့အစည်းနှင့် ပတ်သက်သော အဓိက သော့ချက်လုပ်ငန်းဟူသမျှကို နိုင်ငံတော်ကသာလျှင် ချုပ်ကိုင် စီမံရေး။ အစိုးရအမှုထမ်းတို့ကို အများဆန္ဒအရ တင်မြှောက်/ဖြုတ်ချရမည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု မရှိစေရ။ စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ဆောင်၊ အဖွဲ့ဝင်များထဲက စက်မှုလက်မှု လုပ်ငန်းကို လုပ်လိုက လုပ်။

ယောက်ျား မိန်းမ တန်းတူအခွင့်အရေးရှိ။ တစ်ဦးချင်း၏ အယူအဆကို လွတ်လပ်စွာ ဆွေးနွေးခွင့်မရှိ။ သတင်းစာများကို အနည်းငယ်သာရှိစေပြီး သာမာန်အဖြစ်အပျက်သတင်းများသာ ဖြစ်ရမည်။ ဤနည်းဖြင့် အေတီယင်က ခရစ်ယာန်ဘာသာ ပြန်လည်တိုးတက်လာသည်နှင့် အမျှ ပို၍ပို၍ အောင်မြင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ခဲ့သည်။

သို့သော် သူ့နောက်လိုက်များက အီတလီနှင့် ပြင်သစ်တွင် မြေအောက် အကြမ်းဖက်မှုများ အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။

စစ်စမွန်ဒီ (Sismondi 1773-1842) ပြင်သစ်[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - လက်မှု အရင်းရှင်များ၊ လက်မှုပညာသည်နှင့် အလုပ်သမားများ၊ တောင်သူလယ်သမားများကို လက်မှုနှင့် မြေယာ ကုန်ထုတ် အရင်းအနှီးများနှင့် စနစ်တကျ ပေါင်းစပ်၍ လိုအပ်သော လူသုံးကုန်ပစ္စည်းများကိုလည်း စီမံကိန်းဖြင့် စနစ်တကျ တိုင်းထွာ တွက်ချက်ထုတ်လုပ်ပြီး လူတန်းစားအသီးသီးတို့ စပ်ကြားတွင် သမာသမတ် ခွဲဝေ စားသုံးစေသော လူမှုဆက်ဆံရေး နယ်ပယ်တစ်ရပ်ကို ထူထောင်ရေး။

ရောဘတ်အိုဝင် (Robert Owen 1771-1858) ဗြိတိသျှ[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - အလုပ်သမား သမဂ္ဂများ၊ သမဝါယမ အဖွဲ့များကို အင်အားစုကြီး တရပ်အဖြစ် ပေါင်းစပ်ပြီး စက်မှုလုပ်ငန်းရပ်များကို သမဝါယမဆန်သော ဆိုရှယ်လစ်နည်းဖြင့် စုပေါင်းလုပ်ကိုင် စားသုံးရေးကို အခြေခံဆောင်ရွက်ရန်။ ထိုမှ တစတစနှင့် တတိုင်းပြည်လုံးကို ဘုံ လူ့အဖွဲ့အစည်းအဖြစ် သို့ အဆင့်ဆင့် ပြောင်းလဲ တိုးတက်သွားစေရန်။

သို့သော် အခြားအရှင်းရှင်တို့၏ ဝိုင်းဝန်းပိတ်ဆို့မှု၊ အာဏာပိုင်တို့၏ နှိပ်ကွပ်မှု၊ နောက်လိုက်များ၏ သဘောကွဲလွဲမှုများကြောင့် စီမံဆောင်ရွက်မှုများ ပျက်ပြားခဲ့သည်။

ပရိုဒွန် (Joseph Proudhon 1809-1865) ပြင်သစ်[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှု (စက်ရုံအလုပ်ရုံနှင့် လယ်မြေများအပါအဝင်) နှင့် ကုန်ပစ္စည်းထုတ်လုပ်မှုကို ဆန့်ကျင်သည်။ ကုန်ထုတ်အရင်းနှီးမှန်သမျှ အများပိုင်ပြုရမည်ဟု မဆိုလို။ ကြီးကျယ်သော ကုန်ထုတ်လုပ်ငန်းများကို လယ်သမား အငယ်စားများ၊ အသေးစား လက်မှုပညာသည်များ ပါဝင်သော ကုန်ထုတ်အဖွဲ့များလက်သို့ လွှဲအပ်၍ ယင်းတို့က ဆက်လက် လုပ်ကိုင်သွားစေရန်။

လူးဝစ် ဘလန့် (Louis Blanc 1813-1882) စပိန်[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - အစိုးရက ဦးစီးသော အများပိုင် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမားများက စုပေါင်း လုပ်ကိုင်ရေး။ အစိုးရက အလုပ်သမားအစည်းအရုံးများကို အရင်းရှင်များနှင့် အပြိုင်အဆိုင် ကုန်ထုတ်လုပ်ငန်း လုပ်နိုင်ရန် ကူညီမတည်ပေရေးကို လိုလားသည်။ အစိုးရက အလုပ်ရုံ၊ စက်ရုံများ တည်ထောင်ပေးရန်နှင့် အလုပ်သမားများက စုပေါင်းလုပ်ကိုင်ရန်။[၄]

မာ့က်စ် ရှေ့ပြေးများ[ပြင်​ဆင်​ရန်​]

ဝီလျံ သွန်ပဆင် (William Thompsom 1785-1833)[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - ကုန်ပစ္စည်းဖြစ်ရေးအတွက် အလုပ်သမားက ပေးရသော လုပ်အားကို အထူးဖော်ပြသည်။ လုပ်အားသည်သာ တန်ဖိုး၏ ရေသောက်မြစ်။ အလုပ်သမားများ၏ လုပ်အားကြောင်း ပေါ်ထွက်လာသည့် အစွန်းထွက် တန်ဖိုးကို အရင်းရှင်တို့က ဝါးမြိုလိုက်ခြင်းကို ကန့်ကွက်သည်။

ဂျွန်ဂရေး (John Gray 1799-1850)[ပြင်​ဆင်​ရန်​]

ဝါဒလိုရင်းအနှစ်ချုပ် - ကုန်ထုတ်လုပ်မှုလုပ်ငန်းကို လူအများက ဝိုင်းဝန်းလုပ်ဆောင်၍သာရသည်ဟု ယုံကြည်သည်။ အလုပ်သမား သမဂ္ဂများသည် လုပ်ခပိုရရေး၊ လူမှုရေး အခြေအနေတိုးတက်ရေးတို့အတွက် အရင်းရှင်စနစ်၏ ဘောင်အတွင်းမှနေ၍ တောင်းဆိုတိုက်ပွဲဝင်နေရရုံမျှနှင့် ပြီးမြောက်မည်မဟုတ်၊ ကိုယ်တိုင် လုပ်ကိုင်မှသာ အကျိုးခံစားရမည်ဟု ယုံကြည်သည်။

ဆိုရှယ်လစ် ၅ မျိုး[ပြင်​ဆင်​ရန်​]

ကွန်မြူနစ်ဝါဒ (Communism)

ဆိုရှယ်ဒီမိုကရက်ဝါဒ (Social-Democratism)

အစိုးရမဲ့ဝါဒ (Anarchism)

အလုပ်သမားသမဂ္ဂဝါဒ (Syndicalism)

သမဝါယမ ဆိုရှယ်လစ်ဝါဒ (Co-operative Socialism)

အကျဉ်းချုံး၍ ထပ်ခွဲလျှင် -

အစိုးရဦးစီးသော ဆိုရှယ်လစ်စနစ်[ပြင်​ဆင်​ရန်​]

(၁) ဆိုရှယ်ဒီမိုကရက်ဝါဒ၊ (၂) ကွန်မြူနစ်ဝါဒ

အစိုးရဦးစီးမှု မပါသော ဆိုရှယ်လစ်စနစ်[ပြင်​ဆင်​ရန်​]

(၁) အစိုးရမဲ့ဝါဒ၊ (၂) အလုပ်သမား သမဂ္ဂဝါဒ၊ (၃) သမဝါယမ ဆိုရှယ်လစ်ဝါဒ။

မာ့က်စ်ဝါဒ၏ ရေသောက်မြစ်သုံးရပ်[ပြင်​ဆင်​ရန်​]

ကွန်မြူနစ်ဝါဒကို မာ့က်စ်ဝါဒဟုလည်းခေါ်သည်။ ကားလ်မာ့က်စ် (Karl Marx 1818-1883)။ မာ့က်စ်ဝါဒ၏ ရေသောက်မြစ်သုံးရပ်မှာ (၁) ဂျာမန်ဖီလိုဆိုဖီ၊ (၂) အင်္ဂလိပ် နိုင်ငံရေးဘောဂဗေဒ၊ (၃) ပြင်သစ်တို့၏ ဆိုရှယ်လစ်အယူအဆ။

ဂျာမန်ဖီလိုဆိုဖီ[ပြင်​ဆင်​ရန်​]

ဟေဂယ်လ် (Friedrich Hegel) နှင့် ဖွိုင်ယဲရ်ဘာ့ဟ် (Ludwing Feuerbach) တို့၏ အတွေးအခေါ်ကို ယူသည်။ မာ့က်စ်က ဟေဂယ်လ်၏ ဒွန္ဒသဘောတရား (Dialectica) ကို ခံယူသည်။ အထူးသဖြင့် ဆန့်ကျင်မှုဖြစ်ပွား၍ ပြောင်းလဲ တိုးတက်သည် (The Concept of Contradiction) ဟူသော အယူအဆကို ခံယူသည်။ သို့သော် ဝိညာဉ်တော်ဝါဒ (Absolute World-spirit) ကို စွန့်ပယ်သည်။ ဖွိုင်းယဲဘာ့ဟ်ထံမှ ရုပ်ဝါဒ (Materialism) နှင့် ပတ်သက်သော အယူအဆကို မာ့က်စ်က ခံယူသည်။ သို့သော် သမိုင်းအမြင်ကိုမူ ပယ်သည်။

အင်္ဂလိပ်ရေသောက်မြစ်[ပြင်​ဆင်​ရန်​]

အဒမ်စမစ် (Adamsmith 1723-1790) နှင့် ဒေးဗစ်ရီကာဒို (Davidrecardo 1772-1823)။ မာ့က်စ်က စမစ်နှင့် ရီကာဒိုတို့၏ အလုပ်နှင့် တန်ဖိုးသဘောတရားကို လေ့လာပြီးနောက် အရင်းရှင်စနစ်၏ အစွန်းထွက်တန်ဖိုးသဘောတရားကို ရှာဖွေနိုင်ခဲ့သည်။ သို့သော် စမစ်နှင့် ရီကာဒိုတို့၏ သမိုင်းအမြင်ကို ဆန့်ကျင်သည်။

ပြင်သစ်ရေသောက်မြစ်[ပြင်​ဆင်​ရန်​]

စိန့်ဆီမွန် (Claude Henri Simon 176-1825) နှင့် ရှားလ်ဖူရီယေ (Charles Fourier 1772-1837)။ ထိုနှစ်ဦး၏ အယူအဆများအနက် ဆိုရှစ်လစ် (ဝါ) ကွန်မြူနစ်အယူအဆများထဲမှ ဆိုရှယ်လစ်အတွေးအခေါ်နှင့် အစီအမံများကို ခံယူခဲ့သည်။[၅]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်များသမိုင်း (ပထမတွဲ ၁၉၆၈၊ ဒုတိယတွဲ ၁၉၆၉၊ စာပေဗိမာန်ပုံနှိပ်တိုက်)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  3. http://mmfreethinker.wordpress.com/2010/02/17/socialism-1/
  4. http://mmfreethinker.wordpress.com/2010/02/18/socialism-2/
  5. http://mmfreethinker.wordpress.com/2010/02/20/socialism-3/