ဆိဖရိ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆိဖရိ[ပြင်​ဆင်​ရန်​]

ဂျာမန်လူမျိုး ကဗျာနှင့် ဂီတဆရာ ဗားဂနားသည် တေး သံစုံဇာတ်ထုပ် လေးထုပ်ကိုရေး၍၊ ၁၈၇၆ ခုနှစ်တွင် လေးည ဆက်ကာ ကပြစေခဲ့သည်။ ယင်းတေးသံစုံဇာတ်ထုပ် များအနက် ဇာတ်ထုပ်နှစ်ထုပ်တွင် ဆိဖရိသည် အဓိကဇာတ်ဆောင်သူတစ်ဦးဖြစ်ပေသည်။

ဆိဖရိ၏ ဇာတ်လမ်းအတိုချုပ်မှာ ဤသို့ဖြစ်၏။ ဆိဖရိသည် သူ၏ ဖခင်ထံမှ ကျိုးပဲ့လျက်ရှိသော သန်လျက်တစ်ခုကို ရရှိလေ သည်။ ထိုအခါ ထိုသန်လျက်ကို သန်လျက်အသစ်တစ်ခုဖြစ် အောင် ပြန်လည်သွန်းလုပ်ပြီးလျှင်၊ ဆိဖရိသည် နဂါးရန်ကို နှိမ်၍၊ လက်စွပ်နှင့် ဝတ်ရုံကို အရသိမ်းပိုက်လိုက်သောအခါ ကာယ သိဒ္ဓိပြီးသော သူရဲကောင်းယောကျာ်းဖြစ်လာလေသည်။ ထိုမှစ၍ ဆိဖရိသည် စစ်ပွဲအသီးအသီးတို့ကို အောင်နိုင်ကာ၊ ဂွန်တာဘုရင်၏ နှစ်မတော်ကရင်ဟီးနှင့် ထိမ်းများလက်ထပ်လေ သည်။ ဆိဖရိသ် ဂွန်တာဘုရင်နှင့် မိန်းမသူရဲကောင်း ဗရွန်ဟီး တို့ သင့်မြတ်ထိမ်းများသည့် အရေး၌လည်း ကူညီခဲ့၏။ သို့သော် ကရင်ဟီးနှင့် ဗရွန်ဟီးတို့ မိန်းမချင်းမတည့်ရာမှ အစပြု၍၊ ဆိဖရိကို အကောက်ကြံသော ဟာဂင်သည် ဆိဖရိကို လုပ်ကြံ ရန်အတွက် အကွက်ရလာလေသည်။ ဆိဖရိသည် ကာယသိဒ္ဓိပြီးသည် မှန်သော်လည်း၊ ကျောပြင်ရှိနေရာတစ်ကွက် ကား၊ ကာယသိဒ္ဓိမပြီးချေ။ ထို့ကြောင့် တစ်နေ့သောအခါ ဆိဖရိကို ဟာဂင်သည် နောက်ကျောမှနေ၍ ဓားဖြင့်ထိုးကာ အဆုံးစီရင်လိုက်လေသည်။ ထိုပုံပြင်မှာ ဂျာမန်စာပေတွင် ထင်ရှားသော ၁၂ ရာစုနှစ် ကုန်ခါနီးခေတ်၏ အဲပစ်ကဗျာ များမှ မှီးယူထားသော ပုံပြင်ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)