ဆာရှိမိ

ဝီကီပီးဒီးယား မှ
ဒင်နာအတွက် ပြင်ထားသော ဆာရှိမိ
Tessa (Puffer Fish)
ဆယ်လမွန်ငါး ဆာရှိမိ
ဆယ်လမွန် ဆာရှိမိကို ကလမန်စီဖြင့် တည်ခင်းထားပုံ။ ထိုဖျော်ရည်ကို ရှိုယုနှင့် ရောစပ်နိုင်သလို ဆာရှိမိပေါ်သို့လည်း တိုက်ရိုက် လောင်းချနိုင်သည်။
ဘာဆာရှိ (Basashi) မြင်းသားအစိမ်း
သတ္တု ပေါ်မှ ဝါဆာဘိ ဂျပန်ငရုတ်သီး
အမဲ အသည်း ဆာရှိမိ

ဆာရှိမိ (Sashimi) ဆိုသည်မှာ ဂျပန် စားကောင်းသောက်ဖွယ် တစ်မျိုးဖြစ်သည်။ ၎င်းတွင် အလွန် လတ်ဆတ်သော ပင်လယ်စာ အစိမ်းကို ပါးပါးလှီးထားသော အပြားကလေးများ ပါရှိပြီး တို့စားစရာ ဆော့စ် ဖြစ်တွဲဖက် တည်ခင်းလေ့ ရှိသည်။ အရွယ်အစား အမျိုးမျိုး ရှိသော်လည်း ပုံမှန် အားဖြင့် ၂.၅ စင်တီမီတာ (၁ လက်မ) ခန့် ကျယ်ပြီး ၄ စင်တီမီတာ(၁.၅ လက်မ) ခန့် ရှည်လျားကာ ၀.၅ စင်တီမီတာ (၀.၂ လက်မ) မျှ ထူလေ့ ရှိသည်။

ဆာရှိမိ ဆိုသည်မှာ အပေါက်ဖော်ထားသော အသားဟု အဓိပ္ပာယ်ရသည်။