ဆာရာ ဘန်းဟတ်ဒ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပေါလ်နဒါရိုက်ကူးထားသော ဆာရာဘန်းဟတ်ဒ်၏ ဓာတ်ပုံ (၁၈၇၈)

ဆာရာ ဘန်းဟတ်ဒ် (Sarah Bernhardt) (၂၂/၂၃ အောက်တိုဘာ ၁၈၄၄ - ၂၆ မတ်လ ၁၉၂၃) သည် ပြင်သစ်လူမျိုး ပြဇာတ်မင်းသမီးနှင့် ရုပ်ရှင်ခေတ်ဦး သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ဖြစ်ခဲ့သော ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဟု ပြောစမှတ် ပြုကြသည်။ ဘန်းဟတ်ဒ်သည် ပြင်သစ်နိုင်ငံ ဇာတ်ခုံပေါ်တွေင် ၁၈၇၀ ပြည့်နှစ်များအတွင်းက ကျော်ကြားခဲ့ပြီး နောက်ပိုင်းတွင် ဥရောပနှင့် အမေရိကားတွင်ပါ ကျော်ကြားခဲ့သည်။ သူမသည် သရုပ်ဆောင်ကောင်းသူ မင်းသမီးတစ်ဦး အဖြစ် ကျော်ကြားခဲ့ပြီး "ဘုရားသခင်မ ဆာရာ" (The Divine Sarah) ဟူသော အမည်ကို ရရှိခဲ့သည် အထိ ဖြစ်သည်။