ဆာဒင်းနီးယားကျွန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆာဒင်းနီးယားကျွန်း[ပြင်​ဆင်​ရန်​]

ဆာဒင်းနီးယားကျွန်းသည် မြေထဲပင်လယ်တွင် ကော်စီ ကားကျွန်း၏ တောင်ဘက်၌တည်ရှိ၍ အလျားမိုင် ၁၆ဝ၊ အနံ ၆၈ မိုင်ရှိ၏။ အကျယ်အဝန်းအားဖြင့် အနီးအပါးရှိ ကျွန်းများ အပါအဝင် စတုရန်းမိုင် ၉၃ဝ၁ မိုင်ရှိသည်။ ၇ မိုင်ခွဲခန့်ကျယ် သော ဗိုနီဖားချို ရေလက်ကြားသည် ဆာဒင်းနီးယားကျွန်းကို ကော်စီကားကျွန်းမှ ပိုင်းခြားထားလေသည်။ တောင်ထူထပ်၍ ကျွန်းအလယ်ရှိ အမြင့်ဆုံးသောနေရာမှာ ပေ ၆ဝဝဝ ခန့်ဖြစ် သည်။ ဆာဒင်းနီးယားကျွန်းတွင် အရှည်ဆုံးဖြစ်သော တီဆို မြစ်မှာ ၉၃ မိုင်ရှည်လျား၏။

ထိုကျွန်းသည် ဘီစီ ၅ ရာစုတွင် ကားသေ့လူမျိုးတို့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ရောမ လူမျိုးတို့က ကြီးစိုကြပြန်၏။ သို့သော် အလယ်ခေတ်သို့ ရောက်သောအခါ စပိန်၊ ဩစတြီးယား၊ ဆဗွိုင်အစိုးရတို့ လက်အောက်သို့ ရောက် ရှိခဲ့ပြီးလျှင်၊ ၁၈၆၁ ခုနှစ်တွင် အီတလီနိုင်ငံ၏တစိတ်တစ်ဒေသ ဖြစ်လာလေသည်။

ဆာဒင်းနီးယားကျွန်းကို နှစ်ပိုင်းခွဲထားရာ မြောက်ပိုင်းမြို့ တော်မှာ ဆာ့ဆရီဖြစ်၍၊ တောင်ပိုင်းမြို့တော်မှာ ကားလျားရီ မြို့ဖြစ်လေသည်။ လူဦးရေမှာ ၁၂ သိန်းကျော်ရှိ၍ ကျွန်းသူ ကျွန်းသားများသည် စပိန်လူမျိုးတို့နှင့် ရုပ်ချင်းတူသောကြောင့် မြေထဲပင်လယ်လူမျိုးများမှ ဆင်းသက်လာဟန်ရှိသည်ဟု ယူဆ ကြ၏။ အများအားဖြင့် ဗရင်ဂျီဂိုဏ်းဝင်များဖြစ်ကြ၏။ စာရေး၊ စာဖတ်တတ်သူများ အလွန်ပင်နည်းပါးလေသည်။ အီတလီနိုင်ငံ၏ တစိတ်တစ်ဒေသပင် ဖြစ်လင့်ကစား အီတာလျံလူမျိုးတို့က ဆာဒင်းနီးယားကျွန်းကို တစ်ကျွန်း တစ်နိုင်ငံဟု သဘောထားကြသည်။

ကျွန်းတွင် ကြီးကျယ်သော သစ်တောများရှိ၍၊ သံ၊ ခဲ၊ သွပ်၊ ငွေ၊ ကြေးနီနှင့် ကျောက်မီးသွေးများလည်း ရှေးအခါ ကတည်းကပင်ရှိခဲ့လေသည်။ တံငါလုပ်ငန်းမှာလည်း ကြီးပွား တိုးတက်လျက်ရှိသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ကျွန်းသူကျွန်သားတို့မှာ တောတောင်ထူထပ်သည့်နေရာ များ၌ အသီးအနှံများကို စိုက်ပျိုးခြင်းဖြင့်၎င်း၊ သိုး၊ နွား၊ ဆိတ် များကို မွေးမြူခြင်းဖြင့်၎င်း အသက်မွေးလျက် နေထိုင်ကြလေ သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)