ဆမ်ဆောင်းရပ်ကွက်

ဝီကီပီးဒီးယား မှ
ဆမ်ဆောင်းရပ်ကွက်
삼성동
ဘွန်အွန်းဆာဘုန်းကြီးကျောင်းမှ မြင်ရသော ကောင်းကင်အနားသတ်
ဘွန်အွန်းဆာဘုန်းကြီးကျောင်းမှ မြင်ရသော ကောင်းကင်အနားသတ်
နိုင်ငံတောင်ကိုရီးယားနိုင်ငံ
ဧရိယာ
 • စုစုပေါင်း၃.၁၉ စတုရန်းကီလိုမီတာ (၁.၂၃ စတုရန်းမိုင်)
လူဦးရေ (2001)
 • စုစုပေါင်း၄၁,၁၇၁
 • သိပ်သည်းမှု၁၂၉၀၆/km (၃၃၄၃၀/sq mi)

ဆမ်ဆောင်းရပ်ကွက် (ကိုရီးယား: 삼성동) သည် လူကုံတန်တို့နေသော တောင်ကိုရီးယားနိုင်ငံဆိုးမြို့ဂမ်းနမ်ဒိစတြိတ်ရှိ ရပ်ကွက်တခုဖြစ်သည်။ [၁][၂]

ဤနယ်နိမိတ်တွင် အထပ်မြင့်ဈေးဝယ်စင်တာများ၊ နာမည်ကြီးစားသောက်ဆိုင်များ၊ အဆင့်မြင့်ဟိုတယ်များ ရှိသည်။ ညကလပ်လည်း အချို့ ရှိ၏။ ညမြင်ကွင်းအပြင် ကမ္ဘာ့အကြီးဆုံးမြေအောက်ဈေးဝယ်စင်တာဖြစ်သည့် ကိုအိတ် ခေါ် ပြပွဲစင်တာလည်း ရှိသည်။

အိမ်ရာကြီးများအပြင် ပုံမှန်လူနေဧရိယာများလည်း ရှိသေးသည်။ ၃.၁၉ စတုရန်းကီလိုမီတာ (၁.၂၃ စတုရန်းမိုင်) သာ ကျယ်သော်လည်း ဆမ်ဆောင်းရပ်ကွက်သည် ရပ်ကွက်နေလူထုအတွက် နှစ်လိုဖွယ်နေရာဖြစ်ပြီး ဟိုနားဒါဝယ် လျှောက်လည်ချင်စရာလည်း ဖြစ်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. "삼성동 (Samseong-Dong 三成洞)" (in Korean). Doosan encyclopedia.
  2. "The origin of the names: Samseong-Dong" (in Korean). Gangnam-gu official site. Archived from the original on 2012-07-21.