ဆစ်ဂနယ်သခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆစ်ဂနယ်သခြင်း ဟူသည် အချက်ပြလှိုင်းများ (သို့မဟုတ်) ဆစ်ဂနယ်များ ၏ အချိန်ပြတ် (discrete time) သို့မဟုတ် အချိန်ဆက် (continuous time) လုပ်ငန်းစဉ်များ (operations) နှင့် ဝေဖန်သုံးသပ်ချက်များ (analysis) ဆိုင်ရာ စနစ်အင်ဂျင်နီယာပညာ (systems engineering)၊ လျှပ်စစ်အင်ဂျင်နီယာပညာ (electrical engineering) နှင့် အသုံးချသင်္ချာပညာ (applied mathematics) တစ်မျိုး ဖြစ်သည်။ ယင်းသို့ သခြင်း ပြုလုပ်ရာတွင် သမည့် ဆစ်ဂနယ်သည် အသံဆစ်ဂနယ် (sound)၊ ရုပ်ဆစ်ဂနယ် (image)၊ အချိန်ပြောင်းတိုင်းတာ တန်ဖိုးများ (time-varying measurement values) နှင့် အာရုံခံကိရိယာ (sensor) မှလာသော အချက်အလက်များ (data) စသည်ဖြင့် အမျိုးမျိုး ကွဲပြားနိုင်သည်။ ဥပမာအားဖြင့် ဇီဝဗေဒအချက်အလက်များ ဖြစ်ကြသော အီးစီဂျီဆစ်ဂနယ် (electrocardiogram signal)၊ ထိန်းချုပ်စနစ်ဆစ်ဂနယ် (control system signal)၊ ဆက်သွယ်ရေးဆစ်ဂနယ် (telecommunication signal) စသည်တို့သည် ဆစ်ဂနယ်များ ဖြစ်ကြသည်။ စင်စစ်အားဖြင့် ဆစ်ဂနယ်များသည် အချိန်ပြောင်း (time-varying) သို့မဟုတ် နေရာပြောင်း (spatial-varying) ပေါ် အခြေခံထားသော အင်နာလော့ သို့မဟုတ် ဒစ်ဂျစ်တယ် လျှပ်စစ် ဆိုင်ရာ ဖော်ပြချက်များ (analog or digital electrical representations) ပင် ဖြစ်သည်။

ဆစ်ဂနယ်သခြင်း၏ နည်းစဉ်ခွဲများ နှင့် အသုံးပြုပုံများ[ပြင်​ဆင်​ရန်​]

ဆစ်ဂနယ်သခြင်းတွင် အောက်ပါ နည်းစဉ်များ နှင့် အယ်လ်ဂေါ်ရစ်သမ်များ ပါဝင်ပြီး ယင်းတို့ကို အသုံးပြုပုံ ဥပမာများနှင့်တကွ ဖော်ပြလိုက်ပါသည်။ [၁]

ဆက်သွယ်ရေးစနစ်များတွင် ဆစ်ဂနယ်သခြင်းသည် အိုအက်စ်အိုင်အလွှာ(၁) (OSI layer 1) ဖြစ်သော ရုပ်အလွှာ (Physical Layer) တွင် လှိုင်းသခြင်း (modulation)၊ လှိုင်းညှိခြင်း (equalization) နှင့် လှိုင်းစပ်ခြင်း (multiplexing) စသည့်အသွင်များအားဖြင့် ရှိနေပြီး၊ အိုအက်စ်အိုင်အလွှာ(၆) (OSI layer 6) ဖြစ်သော ဖော်ပြလွှာ (Presentation Layer) တွင် အင်နာလော့မှဒစ်ဂျစ်တယ်ပြောင်းခြင်း (analog-to-digital conversion) နှင့် အချက်အလက်ဖိသိပ်ခြင်း (data compression) စသည့် ကုဒ်သွင်းခြင်း (source coding) စသည်တို့သည်လည်း ဆစ်ဂနယ်သခြင်းများပင် ဖြစ်ကြသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

အလန် ဗွီ အိုပင်ဟိုင်း (Alan V. Oppenheim) နှင့် ရော်နယ် ဒဗလျူ ရှာဖာ (Ronald W. Schafer) တို့၏ အဆိုအရ ဆစ်ဂနယ်သခြင်း သဘောတရားကို ၁၇-ရာစု ကတည်းက ဂန္ထဝင် သင်္ချာစိပ်ဖြာပညာ (numerical analysis) နည်းလမ်းများ တွင် စတင် အသုံးပြုထားကြောင်း သိရှိရသည်။ ဒစ်ဂျစ်တယ်ပြုလုပ်ခြင်း (digitalization) ကိုမူ ၁၉၄၀-၁၉၅၀ ပြည့်လွန်နှစ်များကျမှသာ ဒစ်ဂျစ်တယ်ထိန်းချုပ်စနစ် (digital control system) များတွင် စတင် အသုံးချလာကြကြောင်း သူတို့က ဆိုထားသည်။ [၂]

ဆစ်ဂနယ်သခြင်းပညာတွင် အသုံးပြုထားသော သင်္ချာပညာရပ်များ[ပြင်​ဆင်​ရန်​]

ဆစ်ဂနယ်သခြင်းအမျိုးအစားများ[ပြင်​ဆင်​ရန်​]

အင်နာလော့ဆစ်ဂနယ်သခြင်း[ပြင်​ဆင်​ရန်​]


အင်နာလော့ဆစ်ဂနယ်သခြင်းဟူသည် ဒစ်ဂျစ်တယ်ဆစ်ဂနယ်အဖြစ် မပြောင်းလဲရသေးသော ဆစ်ဂနယ်များကို အသုံးပြုထားသည့် ရှေးဦးအစောပိုင်း ပေါ်ပေါက်ခဲ့သော ရေဒီယို၊ တယ်လီဖုန်း၊ ရေဒါ နှင့် တယ်လီဗွီးရှင်း စနစ်များတွင် အသုံးပြုထားသော ဆစ်ဂနယ်သခြင်း ဖြစ်သည်။ လီနီယာအီလက်ထရွန်းနစ်ပါတ်လမ်း (linear electronic circuit) များ ဖြစ်ကြသော [[]] (passive filters)၊ [[]] (active filters)၊ [[]] (additive mixers)၊ [[]] (integrators) နှင့် ဖင့်နှေးလိုင်း(delay lines) များအပြင် (non-linear circuit) များ ဖြစ်ကြသော [[]] (compandors)၊ (multiplicators) များဖြစ်ကြသော ([[]] (frequency mixers) နှင့်[[]] (voltage-controlled amplifiers)များ၊ [[]] (voltage-controlled filters) များ [[]] (voltage-controlled oscillators) များနှင့် [[]] (phase-locked loops) များသည် အင်နာလော့ဆစ်ဂနယ်သခြင်း ကို အသုံးပြုထားကြသည်။

အချိန်ပြတ်ဆစ်ဂနယ်သခြင်း[ပြင်​ဆင်​ရန်​]

အချိန်ပြတ် ဆစ်ဂနယ်သခြင်း ဟူသည်မှာ အချိန်တစ်လျှောက်ရှိ အဆက်ပြတ်နေသော အမှတ်နေရာများအလိုက်ရှိနေသည့် ဆစ်ဂနယ်များကို ပြုပြင်ခြင်း ဖြစ်သည်။ အင်နာလော့ အချိန်ပြတ် ဆစ်ဂနယ်သခြင်း ကို sample and hold circuits, analog time-division multiplexers, analog delay lines and analog feedback shift registers တွင် အသုံးပြုထားသည်။ ယင်းသည် ဒစ်ဂျစ်တယ်ဆစ်ဂနယ်သခြင်း မတိုင်မီ ပေါ်ပေါက် အသုံးပြုခဲ့သော ဆစ်ဂနယ်သခြင်း ဖြစ်သည်။

ဒစ်ဂျစ်တယ်ဆစ်ဂနယ်သခြင်း[ပြင်​ဆင်​ရန်​]


ဒစ်ဂျစ်တယ်ဆစ်ဂနယ်သခြင်း ဟူသည် ဒဏ်ဂျစ်တယ် ပြုလုပ်ပြီးသော ဆစ်ဂနယ်များကို ပြုပြင်ခြင်း ဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းကို ကွန်ပျူတာများ၊ ဒစ်ဂျစ်တယ်ပတ်လမ်းများ ဖြစ်ကြသော ASICs, field-programmable gate arrays or specialized digital signal processors (DSP chips) စသည်တို့ဖြင့် လုပ်ဆောင်သည်။ သင်္ချာသဘောအရ fixed-point and floating-point, real-valued and complex-valued ပေါင်းခြင်း နှင့် မြှောက်ခြင်း တို့ ပါဝင်သည်။ ထို့ပြင် circular buffers and look-up tables စသည်တို့လည်း ပါဝင်သည်။ ယင်းနည်းစနစ်တွင် အသုံးများသော အယ်လ်ဂေါ်ရစ်သမ်များမှာ Fast Fourier transform (FFT), finite impulse response (FIR) filter, Infinite impulse response (IIR) filter, and adaptive filters such as the Wiener and Kalman filters တို့ ဖြစ်ကြသည်။

ဆစ်ဂနယ်သခြင်းပညာရပ်ခွဲများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Mathematical Methods and Algorithms for Signal Processing, Todd K. Moon, Wynn C. Stirling, Prentice Hall, 2000, ISBN 0-201-36186-8, page 4.
  2. Oppenheim, Alan V.; Schafer, Ronald W. (1975). Digital Signal Processing. Prentice Hall, 5. ISBN 0-13-2146355. 
  3. Boashash, B. (ed.), (2003) Time-Frequency Signal Analysis and Processing: A Comprehensive Reference, Elsevier Science, Oxford, 2003; ISBN 0080443354

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]