ဆင်းရဲသား အကျိုးဆောင် အဖွဲ့

ဝီကီပီးဒီးယား မှ

ဆင်းရဲသားများ အကျိုးကို ဆောင်ရွက်ခဲ့တဲ့ အီတလီနိုင်ငံ ရောမမြို့က ဖေဘီယန် အမည်ရှိ စစ်ဗိုလ်ကြီး ရဲ့ နာမည်ကို ယူပြီး ဖွဲ့စည်းခဲ့တဲ့ ဖေဘီယန် အဖွဲ့ ဆိုတာ ပေါ်ပေါက် ခဲ့ဖူးပါတယ်။ ဗမာပြည်မှာလဲ ဆင်းရဲသား အကျိုးဆောင် (ဖေဘီယန်) အဖွဲ့ ဆိုတာ ၁၉၃၆ ခုနှစ်၊ ရွေးကောက်ပွဲ မတိုင်ခင် ပေါ်ပေါက်ခဲ့ပါတယ်။ ဥက္ကဋ္ဌ အဖြစ် ဒီးဒုတ် ဦးဘချို၊ ဒု-ဥက္ကဋ္ဌ အဖြစ် ကျောင်းသား ခေါင်းဆောင် ကိုနု၊ အတွင်းရေးမှူး အဖြစ် ဦးဘခိုင် တို့က ဦးဆောင် ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၃၆ အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အမတ်တဦး ရွေးကောက်ခံ ခဲ့ရပါတယ်။ ၁၉၃၈ ခုနှစ်၊ ထောင့်သုံးရာပြည့် အရေးတော်ပုံကြီး မှာ ဖေဘီယန် ပါတီက ခေါင်းဆောင်များလဲ ပါဝင်အားပေး ထောက်ခံခဲ့ကြပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။