ဆင်ဖိုဆင်မဘုရား

ဝီကီပီးဒီးယား မှ

ဆင်ဖိုဆင်မဘုရားသည် ပေါင်မြို့မှ ၆ မိုင်ခန့်အကွာတွင် ရှိမုကျိ​​ကျေးရွာ၌တည်ထားကိုးကွယ်သော ဘုရားဖြစ်ကာ ကျောက်ဖို၊ ကျောက်မဘုရားဟုလည်း အမည်တွင်သည်။ ဘုရားသို့ ကျက်ပေါင်ဘုန်းကြီးကျောင်းရှိရာ လမ်းမှ တဆင့် သွားရပြီး၊ တောင်ကုန်းပေါ် တက်ရသည်။ တွေ့မြင့်ရသော ကျောက်တုံးကြီးများအနက် အမြင့် အတောင် ၂၀ ကျော်၊ အလျား ၂၅ တောင်ခန့် ရှိ ကျောက်တုံးကြီး နှစ်တုံးသည် ဆင်နှစ်ကောင် ဘေးချင်းကပ် ယှဉ်တွဲ ရပ်နေသည့်ပုံ ဟန် ရှိပြီး၊ ဆင်တို့၏ အင်္ဂါနိမိတ်များ ပေါ်လွင်စွာ ပါရှိသည်။ ဖိုအင်္ဂါပါသော ကျောက်တုံးကို ကျောက်ဖို၊ ဆင်ဖိုကျောက်တုံးဟု လည်းကောင်း၊ မအင်္ဂါပါသော ကျောက်တုံးကို ကျောက်မ၊ ဆင်မကျောက်တုံးဟုလည်းကောင်း ခေါ်ကြသည်။ ယင်းကျောက်တုံး နှစ်တုံးပေါ် တည်ထားသော စေတီ နှစ်ဆူသည် ဉာဏ်တော် ၉ တောင်ခန့်စီ အသီးသီး ရှိပြီးလျှင်၊ ဆင်ဖိုကျောပေါ်က စေတီကို ကျောက်ဖိုဘုရား၊ ဆင်ဖိုဘုရားဟု ခေါ်ကာ၊ ဆင်မကျောပေါ်က စေတီကို ကျောက်မဘုရား၊ ဆင်မဘုရားဟု ခေါ်သည်။ ကျောက်တုံးပေါ်တက်၍ ကြည့်ရှုနိုင်ကြစေရန် အုတ်လှေကား ရှိသည်။ ကျောက်တုံးကြီးများ အောက်တွင်မူ သဘာဝဂူ သုံးဂူကို တွေ့မြင်နိုင်သည်။

သားသမီးရလိုသူများ၊ အိမ်ထောင်ရေးနှင့် ပတ်သက်သူများ လာရောက်ဖူးမြော် ဆုတောင်း အဓိဋ္ဌာန် ပြုကြလေ့ ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြိုင်တင် (၂၀၀၂၊ ဇွန်လ)။ ဆင်ဖိုဆင်မဘုရား(သို့မဟုတ်)ကျောက်ဖိုကျောက်မဘုရား၏ ထူးခြားစိတ်ဝင်စားဖွယ်ရာများ။ နက္ခတ္တရောင်ခြည်။ p. ၁၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)