ဆင်တုံးမနွယ်ပင်
ဆင်တုံးမနွယ်ပင် | |
---|---|
Fruit and seed of en:Menispermum canadense | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
မျိုးစဉ်: | Ranunculales |
မျိုးရင်း: | Menispermaceae |
မျိုးစု: | Menispermum L. |
Species | |
See text |
ဆင်တုံးမနွယ်ပင်ကို ရုက္ခဗေဒ အလိုအားဖြင့် 'တီနိုစပိုးရား ကော့ဒီဖိုးလီးယား' ဟု ခေါ်သည်။ မျိုးရင်းမှာ 'မင်နီစပါယ်မေးစီအီး' ဖြစ်သည်။ ရခိုင်လို လက်ခါးနွယ်ပင်ဟု ခေါ်သည်။ [၁]
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]ဆင်တုံးမနွယ်ပင်သည် အခြားအပင်များ ပေါ်သို့ နွယ်တက်တတ်သော ချုံပင်မျိုးဖြစ်သည်။ ပင်စည်သည် အရည်ရွှမ်း၏။ အခေါက်ထူ၏။ အပွင့်ဝါ၍ အသီးနီ၏။ ဖေဖော်ဝါရီလနှင့် မေလတို့အတွင်းပွင့်သည်။[၂]
အပင်
[ပြင်ဆင်ရန်]အဖြူမျိုး ၊ အဝါမျိုး ၊ အနက်မျိုး ၃ မျိုးရှိ၏ ။ နွယ်ပင်မျိုးဖြစ်သည်။ အရည်ရွှမ်းသည်။ အခေါက် မီးခိုးနုရောင်ရှိပြီး ဖော့သားကဲ့သို့ ဖြစ်သည်။ အကိုင်းအခက်များ လေးထောင့် ပုံစံရှိ၍ မြောင်းပါသည် ။
အရွက်
[ပြင်ဆင်ရန်]အရွက်များ ပင်စည်မှ တစ်ရွက်ချင်း ခပ်ကျဲကျဲ ရွက် လွှဲထွက်၏ ။ နှလုံးပုံ အရွက်ဖြစ်၍ ရွက်ညှာထိပ်မှ ဖြာ၍ ထွက်သည်။ နုစဉ်တွင် စိမ်းဝါရောင်ရှိ၍ ရင့်သောအခါ အစိမ်းရင့်ပေါ်တွင် အဝါပြောက်များ ဖြစ်ပေါ်နေသည်။ ရွက်ပြားထူသည်။ အပေါ်မျက်နှာပြင် ချော၍ အဖောင်း အကြွကလေးများ ရှိပြီး အောက်မျက်နှာပြင် ကြမ်း၏ ။
အပွင့်
[ပြင်ဆင်ရန်]နှစ်ပင်ပေါင်း လိင်စုံဖြစ်ပြီး အဝါရောင်ရှိ၍ အလွန်သေးငယ်သည်။ အဆစ်များမှ ပန်းခိုင်ထွက်သည်။ တပေါင်း မှ နယုန်လအတွင်း ပွင့်သည်။
အသီး
[ပြင်ဆင်ရန်]အဝါရောင်ဖြစ်သည်။ အညှာမဲ့သည်။ ဆီးသီးခန့် ရှိသည်။ အသီးများ အပြွတ်လိုက်သီးသည်။ တပေါင်းတန်ခူးလအတွင်း သီးမှည့်သည်။
တွေ့နိုင်သောနေရာများ
[ပြင်ဆင်ရန်]ဆင်တုံမနွယ်ပင်များကို မြန်မာနိုင်ငံ အရပ်ရပ်တွင် တွေ့ရသည်။ နိုင်ငံအနှံ့ စိမ့်စမ်းပေါသော တောတောင်ကြီး များတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]ဆင်တုံးမနွယ်အရွက်နှင့် အခေါက်ကို အရေပြားရောဂါ၊ အဖျားရောဂါ၊ ဆစ်ဖလစ်ရောဂါတို့ကို ကုသရာ တွင် အသုံးပြုကြသည်။
အာနိသင်
[ပြင်ဆင်ရန်]မြန်မာဆေးကျမ်းများ အလိုအရ ဆင်တုံမနွယ်သည် ပူ ၊ စပ် ၊ ခါး ၊ ဖန်သောအရသာရှိ၏ ။ ခွန်အားကို ပြုတတ်၏ ။ အသက်ကို ရှည်စေ၏ ။ သွေးကို ငြိမ်းစေ၏ ။ ဝမ်းမီးကို တောက်စေ၏ ။ အစာကြေခြင်းကို ဖြစ်စေ၏ ။ အဖျား ၊ အနာ ၊ ဆီးရောဂါအမျိုးမျိုးကိုနိုင်သည်။
ပဉ္စငါးပါး
[ပြင်ဆင်ရန်]- ဆင်တုံးမနွယ်ကို သုံးခွက်တစ်ခွက်တင် ပြုတ်၍ သောက်ပါက အဆိပ်များ ပြေပျောက်၏ ။
- ဆင်တုံးမနွယ်ကို မြင်းခွာရွက်နှင့်ရော၍ ပြုတ်ပြီး သောက်သော် နှလုံးတုန်ခြင်း ၊ စိတ်ချောက်ချား ခြင်းပျောက်၏ ။
- ဆင်တုံးမနွယ် လက်လေးသစ်ကို ပါးပါးလှီး၍ မကြာခဏ စားသုံးပါက သွေးအန်ရောဂါ ပျောက်၏ ။
- ဆင်တုံးမနွယ်ရွက်ကို လောက်သေရွက် ၊ အုန်းနှဲရွက် ၊ သင်္ဘော မဲဇလီရွက် ၊ ကုန်းထိကရုံးရွက်တို့နှင့် အမျှစပ်၍ လက်ဖက်ရည် အဖန်ကဲ့သို့ သောက်က အသက်ရှည်၍ အနာရောဂါ ကင်းစေနိုင်သည်။
- ဆင်တုံးမနွယ် လေးခွက်တစ်ခွက်တင် ပြုတ်ရည်ကို သောက်ခြင်းဖြင့် နာတာရှည် အဆစ်ရောင်ရောဂါတို့အတွက်လည်း ဆေးအဖြစ်ဖော်စပ်သုံး၏ ။
- ဆင်တုံးမနွယ်ကို လေရောဂါ ၊ သည်းခြေရောဂါ ၊ ဆီးရောဂါ ၊ မီးယပ်ရောဂါ ၊ နားကိုက်၊သလိပ်နာ၊ နာတာရှည် အဆစ်ရောင် ရောဂါတို့ အတွက်လည်း ဆေးအဖြစ် ဖော်စပ် သုံး၏။
- ဆင်တုံးမနွယ်ကို အရည်ညှစ်၍ ကြက်သီးနွေးမျှ ပြုတ်ပြီး နား ၌ ဆေးကြောပေးပါက နားကိုက်နာဟူသမျှ ပျောက်၏ ။
- ကျွဲ ၊နွား ၊ဆင်၊ မြင်းတို့တွင် ရောဂါဘယကင်းဝေးစေရန် အတွက် ဆင်တုံးမနွယ်ကို စင်း၍ အစာတွင် ထည့်ကျွေးပါက ဝမ်း လေကောင်း၍ ရောဂါကင်းဝေးပြီး ဝဖြိုးစေသည်။
- ရေကီဖာနှင့်စိမ်၍သောက်ပါ
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
- ↑ http://arogyamonline.com/commodity/materials/?raw=111[လင့်ခ်သေ]