ဆက်စတန့်အင်္သာတိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆက်စတန့်အင်္သာတိုင်း။ ။ ဆက်စတန့်အင်္သာတိုင်းသည် မိုးကုပ်စက်ဝိုင်း၏ အထက်ရှိ နေလနက္ခတ်တာရာတို့၏ အန်ဂူလာအကွာကို တိုင်းတာသောကရိယာဖြစ်သည်။ ထိုကရိယာကို ခရစ် ၁၇၃ဝပြည့်နှစ်လောက်တွင် ဖိလဒဲလဖီးယား မြို့သားသောမတ် ဂေါ့ဖရီဆိုသူသည်၎င်း၊ ဗြိတိသျှ ရေတပ်မတော်သား ကက်ပတိန် ဟက်ဒလေဆိုသူသည် ၎င်း အသီးသီး မိမိတို့ဘာသာ တစ်ခြားစီတီထွင်ခဲ့ကြလေသည်။ ပုံ ၁ ကိုလေ့လာလျှင် ဆက်စတန့်ကရိယာဖြင့် အန်ဂူလာ အကွာကို မည်သို့တိုင်းရသည်ဟူသော မူကို သိမြင်နိုင်သည်။ (စ) သည် ရိုးရိုးကြည့် မှန်တစ်ချပ်ဖြစ်သည်။ ထိုကြည့်မှန်၏ မျက်နှာကို အောက်ဖက်သို့ စောင်းထားပြီးလျှင်၊ လက်ဝဲဖက်သို့ လည်း လှည့်ထားသည်။ (ဆ) သည်ကား ဟင်းသပြဒါးသုတ် မထားသော ရိုးရိုးမှန်တချပ်ဖြစ်၏။ (မ) အမှတ်အသားတွင် မျက်စိကိုထားလျက် ထိုမှန်ကိုကြည့်သော် အဝေးမှအရာဝတ္ထုကို (ည) အမှတ်ဆီ၌ မျဉ်းစက်များအတိုင်းမြင်ရသည်။ အခြားအရာ ဝတ္ထု (အ) သို့မဟုတ် (ပ) မှလာသည့် အလင်းရောင်သည် ချိန်ထားသောကြည့်မှန် (စ) ကိုရိုက်ပြီးနောက်၊ (စဆ) မျဉ်း အတိုင်းရောင်ပြန်လျက် မှန်ပြား (ဆ) ပေါ်သို့ကျရောက်သည်။ ထိုအလင်းရောင်တစ်ဝက်တစ်ပျက်သည် (ဆမ) လမ်းကြောင်း အတိုင်း မှန်ပြား (ဆ) မှရောင်ပြန်ရိုက်လာ၏။ ထို့ကြောင့် (မ)အမှတ်မှကြည့်သူသည် (ည) နှင့် (အ) ဝတ္ထုနှစ်ခုကိုသော် ၎င်း၊ (ည) နှင့် (ပ) ဝတ္ထုနှစ်ခုကိုသော်၎င်း တထပ်တည်းမြင်ရ သည်။ ပုံတွင်ပါသကဲ့သို့ ကြည့်မှန် (စ) ကိုမှန်ပြား (ဆ) နှင့် မျဉ်းပြိုင်ထားလျှင် (ညမ) နှင့် (အစ) လင်းတန်းများသည် ပြိုင်နေကြသောကြောင့် ယင်းတို့ကို အဝေးရှိဝတ္ထုတစ်ခုတည်းမှ လာသော လင်းတန်းများကဲ့သို့ ယူဆနိုင်ပေသည်။

ကြည့်မှန်ထဲတွင် ပုံရိပ်နှစ်ခုကို တစ်ခုတည်းကဲ့သို့ မြင်ရ သည်။ သို့ရာတွင် (ကခ) မျဉ်းစက်အတိုင်း အဆိုပါကြည့်မှန် (စ)ကို အနည်းငယ်စောင်းလိုက်ပါမူ (ပ) မှလာသော လင်း တန်းသည်၎င်း၊ မှန်ပြား (ဆ)ပေါ်သို့ရောင်ပြန်သော လင်းတန်း သည်၎င်း ကြည့်မှန်စောင်းသွားသောထောင့်၏ နှစ်ဆဖြင့်(အစ) လမ်းကြောင်း မှစောင်းသွားသည်။ ဤသို့နှစ်ဆတိုးစောင်းခြင်း အကြောင်းမှာ ကြည့်မှန် (စ)ရွေ့ရှားသဖြင့် လင်းရိုင်ထောင့်၊ လင်းပြန်ထောင့်များ ပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ ကြည့်မှန် (စ) နှင့် မှန်ပြား (ဆ) ဆို့ကြားရှိ ထောင့်ကို တိုင်းယူနိုင်လျှင် ထိုထောင့်ကိုနှစ်ဆတိုးလိုက်ခြင်းအားဖြင့် (ည) နှင့် (ပ) တို့မှ လာသော လင်းတန်းတို့ ၏ကြားရှိထောင့်ကို သိနိုင်ပေသည်။ ဆက်စတန့် အင်္သာတိုင်းသည် အဆိုပါမှန်နှစ်ချပ်ကြားရှိ ထောင့်ကိုတိုင်းသည်။ ထိုကရိယာ၏ အရေးကြီးသော အစိတ် အပိုင်းများကို ပုံ ၂ တွင်ပြထားသည်။ (ကခဂ) အစိတ်အပိုင်း တွင် (ဂ) ကိုဗဟိုပြုသည့် (ကခ) စက်ဝန်းပိုင်းတစ်ခုရှိ၍(ဂခ)၊ (ဂက) အချင်းဝက်ပေါင်တန်းများကို အခြေခံပေါင်၌ အသေ တပ်ထားသည်။ အခြေခံပေါင်ကို ပုံတွင် မဖော်ပြပေ။ ထို အခြေခံပေါင်တွင် (ဆ) မှန်ချပ်ကိုလည်း အသေတပ်ထားသည်၊ ထိုမှန်၏ အထက်ကို ပြဒါးသုတ်ထား၏။ အောက်တခြမ်းမှာမူ အလင်းရောင်ပေါက်သော မှန်ရိုးရိုးဖြစ်သည်။ ယင်းမှန်ကို လင်း ပေါက်မှန်ဟု သိပ္ပံပညာအရခေါ်ဆိုကြသည်။ (တ)သည် ပေါင် ပေါ်၌ အသေတပ်ထားသော တယ်လီစကုပ် (အဝေးကြည့်မှန် ပြောင်း) ဖြစ်၏။ (မ) အမှတ်၌ မျက်စိထားကြည့်လျှင် ကြည့် မှန်၏ လင်းပေါက်အခြမ်းကို ဖြတ်လျက် အဝေးမှအရာဝတ္ထုကို မြင်နိုင်သည်။ တစ်ချိန်တည်း၌ပင် ပြဒါးသုတ်မှန်တခြမ်းမှ ပြန် ဟပ်သည့်အလင်းရောင်ဖြင့် အခြားအရာဝတ္ထုကိုလည်းမြင်နိုင် သေးသည်။ စက်ဝန်းပိုင်း (ကခ)ပေါ်တွင်ပုံ၌ ပြထားသည့် အစိတ်အပိုင်းများ ပြုလုပ်ထား၏။ ထောင့်ကိုနှစ်ဆတိုးရသဖြင့် စက်ဝန်းပိုင်း (စက)တွင်ရှိ အတိုင်းအတာတို့ကိုလည်း နှစ်ဆ တိုးထားသည်။ ဆိုလိုရင်းမှာ ဤစက်ဝန်းပိုင်းသည် အလျား ဒီဂရီ ၆ဝ မျှသာရှိသော်လည်း ကြည့်ရှုသည့်အရာဝတ္ထု၏ အန်ဂူလာအကွာအမှန်ကို သိမြင်နိုင်ရန် ဒီဂရီ ၁၂ဝ အထိ စိတ်ထားသည်။

(ပဘ)သည် လက်တံရှင်ဖြစ်သည်။ ယင်း၏ အထက်စွန်း တွင် အညွှန်းပြမှန်ခေါ် ကြေးမုံ (ဂ)ကို ထောင့်မတ်ကျတပ်ထား သည်။ ထိုလက်တံသည် (ဂ) ကိုဗဟိုပြု၍ လှည့်နေ။ လက်တံ အောက်စွန်းတွင် အညွှန်းပြကွက်နှင့် ဗာနီယာတစ်ခုပါရှိရာ၊ လက်တံ၏ နေရာကို စက်ဝန်းပိုင်းရှိ အမှတ်အသားများအရ သိနိုင်ပေသည်။

(ဂ) ၌ဖြစ်သော တာရာတစ်လုံး၏ အန်ဂူလာအကွာကို တိုင်းလိုသောအခါ ဆက်စတန့်ကို လက်တွင် ထောင်လိုက်ကိုင် ၍ တယ်လီစကုပ် (တမ) ကို ရေပြင်ညီ ရှိစေရသည်။ ကြည့် သူသည် ထိုတာရာနှင့် မျက်နှာချင်း တည့်တည့်ဆိုင်ပြီးလျှင် တာရာကို တယ်လီစကုပ်မှ မြင်ရသည့်တိုင်အောင် လက်တံ (ပဘ) ကို ရွေ့ပေးရသည်။ တာရာသည် ရေပြင်နှင့် တထပ် တည်းကျသောအခါ လက်တံ (ပဘ) ရွေ့ပေးရသောထောင့်ကို သိနိုင်ပြီ။ ထိုထောင့်တွင့် ဒီဂရီမည်မျှရှိသည်ကို လက်တံစွန်းရှိ အညွှန်းပြကွက်၌ ပေါ်သော အမှတ်အသားကို ဗာနီယာဖြင့် ကြည့်၍သိရသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)