စွယ်တော်မြတ်စေတီတော်

ဝီကီပီးဒီးယား မှ
စွယ်တော်မြတ်စေတီတော်

စွယ်တော်မြတ်စေတီတော်သည် မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁][၂]

သမိုင်း[ပြင်ဆင်ရန်]

ဝရဓာတုစေတိယစွယ်တော်မြတ်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်တွင် တည်ရှိသည်။ ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ပူဇော်စဉ်အတွင်း ၄၅ ရက်တိုင်တိုင် ရင်ငွေ့တော်ခိုလှုံခဲ့ပြီး ဆင့်ပွားရအပ်သော စွယ်တော်မြတ်နှစ်ဆူဖြင့် ရန်ကုန်တွင် စေတီတစ်ဆူနှင့် မန္တလေးတွင် စေတီတစ်ဆူ တည်ထားခဲ့ကြသည်။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဝရဓာတုစေတိယစွယ်တော်မြတ်စေတီတော်ကြီးကို ထီးတော်တင်လှူ ပူဇော်ခဲ့သည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]