စံကားဝါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စံကားဝါ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးစဉ် Angiosperm
မျိုးရင်း Magnoliaceae
မျိုးစု Michelia
မျိုးစိတ် M. champaca
ဒွိနာမ
Michelia champaca L.

စံကားဝါ

[ပြင်​ဆင်​ရန်​] Golden or Yellow Champa (စံကားဝါ)

  • Botany Term : Michelia champaca Linn
  • Species/Family : Magnoliaceae
Magnolia1.jpg
Commons-logo.svg
Wikimedia Commons has media related to:

ပုံသဏ္ဌာန် : အပင် အမြဲစိမ်းလန်းသော အပင်ကြီးမျိုးဖြစ်၏။ အကိုင်းအခက်များ ဖြာထွက်၍ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အခေါက်ချောမွတ်၍ မီးခိုးရောင်ရှိသည်။ အတွင်းသားပျော့သည်။ အရွက် ဘဲဥပုံ ၊ လှံစွပ်ပုံသဏ္ဌာန်ရှိသည်။ ၈-၁၀ လက်မထိရှည်၍ ရွက်ညှာ ၁ လက်မခန့်ထိရှိသည်။အရွက်နုစဉ် အမွေးနုကလေးများရှိ၍ ရင့်သောအခါ ပြောင်ချောသည်။ ရွက်နားညီသည်။ အပွင့် တစ်ပွင့်တည်းပွင့်၍ လိမ္မော်ရောင် သို့မဟုတ် အဝါဖျော့ရောင်သို့မဟုတ် အဖြူရောင်ရှိပြီး အလွန်မွှေးကြိုင်သည်။ပွင့်ဖတ်၂ လက်မ မှ ၃ လက်မထိ ရှည်၏။ သေးငယ်သော ဝတ်ဆံများ ပါရှိသည်။ ပွင့်ညှာတိုသည်။ ကဆုန်၊ နယုန်လတွင် အပွင့် ပွင့်သည်။ အသီး ၁-၂ လက်မထိ ရှည်သည်။ အခိုင်လိုက် သီးသည်။ ပန်းညိုရောင်အစေ့များပါရှိသည်။ တော်သလင်းလတွင် စတင်သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ အရွက် ၊ အသီး ၊ အခေါက် ၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများအလိုအရ စံကားဝါသည် ဖန်ချိုသော အရသာရှိ၍ အေးသောဂုဏ်သတ္တိရှိ၏။ သုက်ကို ပွားစေ၍ နှလုံးကို အကျိုးပြု၏။ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ သွေးအန် သွေးကျ၊ဆီးအောင့် ၊ နူနာ၊ အဆိပ်၊ ယားနာ၊ အနာပေါက်တို့ကို ပျောက်ကင်းစေ၏။ အသုံးပြုပုံ- အပွင့် ၁။အပွင့်ကို ညက်အောင်ကြိတ်၍ ရေအေးနှင့်ဖျော်သောက်သော် ဆီးအောင့်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါများ ပျောက်၍ ဆီးကိုရွှင်စေသည်။ ၂။အပွင့်ပြုတ်ရည်ကို သောက်သော် အစာအိမ်နာကျင်သောရောဂါ၊ လေရောဂါ၊ကျောက်ကပ်ရောဂါ၊ ညောင်းကျရောဂါများပျောက်၏။ အရွက် ၁။အရွက်နုစိမ်ရည်ကို စစ်၍ မျက်စိတွင် ခတ်ပေးသော် မျက်စိတွင်းရှိ အညစ်အကြေးများစင်ကြယ်ပြီး မျက်စိအားနည်းရောဂါ ပျောက်၏။ ၂။အရွက်ကို ရေညှစ်၍ ပျားရည်နှင့်ရောသောက်သော် ရင်ဘတ်အောင့်နာကိုပျောက်ကင်းစေ၏။ ဝမ်းတွင်းရှိ တုတ်ပိုး ၊ သန်ပိုးများကိုလည်း ကျဆင်းစေနိုင်၏။ အသီး ၁။အသီးကိုဖြစ်စေ ၊ အစေ့ကိုဖြစ်စေ ရေနှင့်သွေးလိမ်းသော် ပေါင်၌ အကျတ်အဖုဖြစ်ခြင်း ပျောက်၏။ ၂။အသီးခွံ နှင့်ပင်စည်ခေါက်များကို နူနာရောဂါ ကုသရာတွင် ထည့်သွင်းအသုံးပြုသည်။ အခေါက် ၁။အခေါက်မှုန့်ကို ပျားရည်နှင့် ရောလျက်သော် ချောင်းခြောက်ရောဂါ ပျောက်ကင်း၏။ ၂။အခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။ အမြစ် ၁။အမြစ်ခြောက်ကို ဖြစ်စေ ၊ အမြစ်အခေါက်ကို ဖြစ်စေ၊ ဒိန်ရည်နှင့် ရောကြိတ်၍ အနာများပေါ်၌ အုံပေးသော် အနာနုလျှင် ပိန်၍ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။ [၁]

စံကားဝါပန်း

[ပြင်​ဆင်​ရန်​] ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=70
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်