စောဩဂတ်စတပ်

ဝီကီပီးဒီးယား မှ

စောဩဂတ်စတပ် (ဆရာဗုတ်) ဩဂုတ်လ ၁၉၅၉ မွေးဖွားသည်။ စင်ကာပူ ယုဒသန်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာဖြစ်သည်။ ကရင်လူမျိုးဖြစ်ပြီး၊ အင်းစိန်မြို့တွင် ကြီးပြင်းလာခဲ့သည်။ ၁၀တန်းအောင်ပြီးနောက် မြန်မာပညာရေးစနစ်သစ် ဒေသကောလိပ် ၁၉၇၉ မှ ရူပဗေဒပညာသင်ကြားခဲ့သည်။ မြန်မာနိုင်ငံ မစ်ရှင်နှင်ကရင်နှစ်ခြင်းအသင်းချုပ်တို့တွင် လူငယ်အဖြစ်အမှုဆောင်ခဲ့သည်။ အထူးသဖြင့် ခေတ်ပေါဓမ္မသီချင်းများကို ဆရာဂျက်ဖရီ (ယခု ဩစတြေးလျှား) အဖွဲ့များနှင့် မြန်မာနိုင်ငံအနှံ ဒရမ်တီးရင်း လိုက်လံသီဆို၊ အမှုတော်ထမ်းခဲ့သည်။ ၁၉၈၈နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ မဲဆောက်ဒေသများရှိ ရွှေ့ပြောင်းမြန်မာ၊ကရင် ခရစ်ယာန်များနှင့် သာသနာလုပ်ငန်းများလုပ်ဆောင်ရင်း ၁၉၈၉တွင် စင်ကာပူသို့ရောက်ရှိခဲ့သည်။

စင်ကာပူ အက်စ်ဘီစီ နှစ်ခြင်းအဖွဲ့ချုပ်၊ ကျမ်းစာသင်ကျောင်းတွင် ဓမ္မပညာဘွဲ့ရရှိခဲ့ပြီးနောက်၊ စင်ကာပူရှိ ပထမဆုံး မြန်မာခရစ်ယာန်မိတ်သဟာရအတွက် သင်းအုပ်ဆရာအဖြစ် ၁၉၉၀နောက်ပိုင်း အမှုတော်ဆောင်ရွက်ခဲ့သည်။

စင်ကာပူရှိ သော်မဆွန်လမ်းနှစ်ခြင်းအသင်းတော်တွင် မြန်မာမိတ်သဟာရကို စတင်ခဲ့ရာ၊ ၂၀၀၅ခုနှစ်တွင် စင်ကာပူအစိုးရထံ တရားဝင်မှတ်ပုံတင်သော် ယုဒသန်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာဖြစ်သည်။

စင်ကာပူရှိ ကရင်၊ ကချင်၊ မြန်မာ ခရစ်ယန်များအတွက် နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့ပြီး၊ မစ်ရှင်အဖြစ် နှစ်စဉ် ထိုင်းနိုင်ငံ မဲဆောက်၊ ဒုကသယ်စခန်းများသို့ သွားရောက်အားပေးလေ့ရှိသည်။ မဲဆောက်ဒုကသယ်များ တတိယနိုင်ငံများသို့ ရောက်သွားပြီးနောက် ထိုင်းနိုင်ငံဆူနာမီဒဏ်ခံရသော ဖူးခတ်မှ မြန်မာရွာများသို့ နှစ်စဉ် မစ်ရှင်ခရီးထွက်သည်။ နာဂစ်မုန်တိုင်းတိုက်ခိုက်သော ၂၀၀၈တွင် နှစ်ပေါင်း၂၀ကျော် မရောက်ဖြစ်ခဲ့သော အမိမြန်မာနိုင်ငံသို့ သွားရောက်ကူညီလုပ်ဆောင်ခဲ့သည်။ ဘုရားကျောင်းများစွာ စင်ကာပူ၊ ယုဒသန်အသင်းတော်ပံ့ပိုးမှုဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ၂၀၁၀ တွင် ရခိုင်ဂီရိမုန်တိုင်းဒဏ်ခံရသော ရွာများသို့ ကိုယ်တိုင်သွားရောက်ပြီး၊ မစ်ရှင်၊ ဘုရားကျောင်းဆောက်လုပ်ခြင်းများ လုပ်ဆောက်လျက်ရှိသည်။ ယုဒသန်အသင်းတော် စင်ကာပူ၏ ၀၊ ဓနု၊ ပုဂံ၊ အလျှိုချင်း၊ ရခိုင်၊ ဓရာ၀တီတိုင်း သာသနာနယ်မြေများသို့ နှစ်စဉ် ယုဒသန်အသင်းတော်ပံ့ပိုးမှုဖြင့် မစ်ရှင်ခရီးစဉ်များရှိသည်။

ဇနီးသည် ဒေါ်မိုရင်း (ကချင်အမျိုးသမီး)နှင့် အိမ်ထောင်ကျပြီး ယုဒသန်နှစ်ခြင်းအသင်းတော် အမှုတော်များကို ထမ်းဆောင်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]