စေတနာကြည်ဖြူ ဦးဘိုးလူ

ဝီကီပီးဒီးယား မှ

စေတနာကြည်ဖြူ ဦးဘိုးလူ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

စေတနာကြည်ဖြူ ဦးဘိုးလူ[ပြင်ဆင်ရန်]

ကျွန်းနသဖြူကို ကွန်းထူ၍ မတ်ပေတဲ့၊ ယွန်းထပ်ဆောင် ပါသာ၏၊ ပြဿဒ်ဒကာ၊ အရပ်တောသားတို့၊ တတ်အားစွာနှိုးဆော်ညှိပေတဲ့၊ ဘုရားသမာဓိ ဦးဖိုးလူ။

တရားကိုယ်ဗြဟ္မစိုရ်ရရယ်ကြောင့်၊ ဟိုကသွယ်သည်ကနီးတဲ့၊ သ္မီးတွေသားတွေမြေးတို့၊ ကိုယ်သွေးကိုယ်ရင်နှစ်ကဲ့သို့၊ လွန်ချစ်ခင်ပွေ့ချီဖက်လို့၊ ဘယက်ရွှေငွေခြေကျင်းနှင့်၊ ထမင်းရေ ပုံသေကျွေးလို့၊ မွေးပေတဲ့သူ။

ပဋိညာဉ် အိမ်တွင်နေသည့်၊ သိမ်ကြင်ဆွေ၊ စိန်တင်မှတ်ကယ်က၊ ကြေနပ်စွာဝတ္တရားနှင့်၊ ဧည့်များစွာ နားလာရောက်သူတို့၊ စားသောက်ရန် ချက်ပြုတ်ရေးနှင့်၊ လုပ်ကျွေးချက်သဒ္ဓါဖြူ၊ လာသူကဟိုမစည်း။

ပြဿဒ်ဒကာ၊ နတ်ကညာကိုရသင့်ငဲ့၊ မာနဂုဏ်ပိုမဝိုက်ပြီဘု၊ ကိုယ်ကြိုက်ရာကိုယ့်အကြံနှင့်၊ ပိုက်ဆံဆိုထိုက်တန်မှာနားသတဲ့၊ ကံတရားကို ပုံသေရိုးကြတော့၊ ဆွေမျိုးတွေမဆိုင်သူမို့၊ ဖေဖိုးလူသူမအပ်ပေဘု၊ ကြေးရွှေငွေဌေးလေရတတ်သမျှ၊ လေးမှတ်ကဲ့ခြည်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ပဋိညာဉ် = ဝန်ခံကတိပြု၍နေသည်။

၂။ သဒ္ဓါဖြူ = စေတနာသဒ္ဓါတရား ဖြူစင်သည်။

၃။ ဟိုမစည်း = အဟိုမစဲ၊ စည်ကားသည်။

၄။ လေးမှတ်ကဲ့ခြည်း = မမှတ်ကိုသာ အလေးအမြတ်ပြုသည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။