စူကာပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စူကာသီး။

စူကာပင်[ပြင်​ဆင်​ရန်​]

စူကာပန်းကို နွယ်နီနတ်ပန်းဟူ၍လည်း ခေါ်သည်။ ရုက္ခ ဗေဒအမည်မှာ 'ပက်ဆီဖလိုရာ လောရီဖိုးလီးယား' ဖြစ်သည်။ အလွန်လှပ၍ မွှေးကြိုင်သည်။ ထိုပန်းပင်မျိုးသည် နိုင်ငံခြား၌ မူလပေါက်သည်။ အနောက်အိန္ဒိယကျွန်းစုတွင် ထိုပန်းပင်ကို ကျွဲခေါင်းသီးနွယ်ဟူ၍ ခေါ်သည်။ ဤလောရီဖိုးလီးယား ပန်း မျိုးသည် အနောက်အိန္ဒိယကျွန်းစုမှ မြန်မာနိုင်ငံသို့ အဦးဆုံး ယူလာသော စူကာပန်းမျိုးဖြစ်သည်ဟု ယူဆရသည်။

ရုက္ခဗေဒ အမည်ဖြင့် 'မက်ဆီဖလိုရာ ဖိတီတာ'ဟု ခေါ် သော စူကာပန်းမျိုးလည်း ရှိသည်။ ထိုပန်းမျိုးကို တောစူကာ ဟူ၍၎င်း၊ သကြားသီးနွယ် ဟူ၍၎င်း ခေါ်သည်။ ထိုပန်းအနံ့မှာ မကောင်းချေ။ ဥယျာဉ်များတွင် တွေ့ရခဲသောလည်း ခြံစည်းရိုး များပေါ်၌ နွယ်လျက်ပေါက်သည်ကို တွေ့ရတတ်သည်။ တောစူ ကာပန်းမျိုးကို မော်လမြိုင်မြို့အနီးတွင် အများအားဖြင့် တွေ့ရ သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)