စာရင်းကိုင်ပညာ

ဝီကီပီးဒီးယား မှ

ကုန်သည်ပွဲစားမှအစ အိမ်ထောင်ရှင်မအထိ ဝင်ငွေနှင့် ထွက်ငွေ ကို စနစ်တကျ စာရင်းပြုလုပ်ထားရှိရန် လိုအပ်ပေသည်။ သို့မှ သာလျှင် ကုန်သည်ပွဲစားသည် မိမိ၏လုပ်ငန်းအတွက် အရှုံး အမြတ်ကို၎င်း၊ အိမ်ထောင်ရှင်မသည် အိမ်ထောင်အတွက် ငွေဝင်ငွေထွက် အခြေအနေကို၎င်း တိကျစွာ သိရှိတွက်ချက်နိုင် ပေမည်။ ယခုအခါ စာရင်းကိုင်ပညာကို သီးခြား ပညာတရပ် အနေဖြင့် လေ့လာသင်ကြားလျက် ရှိကြသည်။

ငွေအသပြာဟူသည် တသီးတသန့်ထားကာ သုံးစွဲမှုမပြုကြ သေးသည့် ခေတ်အခါကပင် ကုန်ချင်း ပစ္စည်းချင်း ဖလှယ်ကြ ရာ၌ မည်သည့်ကုန်ကို ရရှိ၍ မည်သည့်ကုန်ကို ထုတ်လိုက် သည် စသည်ဖြင့် မှတ်သားကာ စာရင်း ပြုလုပ်လေ့ရှိကြသည်။ ငွေအသပြာကို စတင်သုံးစွဲလာကြသည့် အချိန်သမယတွင်မူ ငွေ ရခြင်းနှင့် ငွေသုံးခြင်းတို့အတွက် စာရင်းပြုလုပ်ကြ၏။ ငွေ သုံးစွဲမှု များပြားလာသော မျက်မှောက်ခေတ်အခါ၌ကား မည်သည့်အလုပ်ကို လုပ်၍ မည်သည့် အဆင့်အတန်းတွင် ရှိသည်ဖြစ်စေ၊ မည်သူမဆို မိမိ၏ ငွေကို စေ့စပ်စွာ သုံးစွဲ၍ ချွေတာစုဆောင်း လိုခဲ့လျှင်သော်လည်းကောင်း၊ မိမိ၏ လုပ်ငန်းအခြေ အနေကို ခရေစေ့တွင်းကျ တခဏမျှနှင့် အစအဆုံး မှန်ကုန် လွယ်ကူစွာ သိရှိ၍ လုပ်ငန်းကြီးပွား တိုးတက်စေလိုခဲ့လျှင်သော် ၎င်း၊ ထိုသူသည် မိမိ၏ဝင်ငွေမှာ အဘယ်မှဝင်လာ၍ အဘယ် သို့ ထွက်သွားသည် စသည်တို့ အပြင်ဝင်ငွေထက် ထွက်ငွေက လျော့နည်းလျက် လက်ကျန် အပိုအလျှံ ရှိသည်တို့ကိုပါ သိရှိ နားလည်ရမည် ဖြစ်ပေသည်။ ထိုအကြောင်းခြင်းရာကို တိကျ သေချာစွာ သိရှိစေရန် ညွှန်ပြစွမ်းဆောင်သည့် အတတ်မှာ စာရင်းကိုင်ပညာပင် ဖြစ်လေသည်။

မည်သူမဆို စာတတ်လျှင် စာရင်းရေးမှတ်နိုင်သည့် အား လျော်စွာ ရိုးရိုးစာရင်းကိုင်ခြင်းမှာ ခက်ခဲလှသည် မဟုတ်ချေ။ သို့ရာတွင် စံနစ်တကျ ရှင်းလင်းပြတ်သားစွာ ရေးချွတ်မှတ်သား ရန်မှာ အရေးကြီးသည့်အလျောက် စာရင်ကိုင်နည်း နိသျည်း များကို တတ်ကျွမ်းနားလည်ရန် လိုပေသည်။ စာရင်းကိုင် ပညာကို တတ်ကျွမ်းသဖြင့် အိမ်မှုကိစ္စ ထိန်းသိမ်းရေးမှ အစ လုပ်ငန်းကြီးများအထိ သက်ရောက်ရာ တာဝန်များကို အကျိုး ကျေးဇူး ပွားများလေအောင် စီမံသွားနိုင်မည် ဖြစ်သည်။

စာရင်ကိုင်ခြင်းကို အလွယ်ဆုံး အခြေခံမှစ၍ ဖော်ပြရသော် စာရင်းဟူသော ဝေါဟာရကို ဦးစွာ ပထမ ရှင်းလင်းရပေမည်။ စာရင်းဟူသည်မှာ ငွေအသပြာကိုဖြစ်စေ၊ ငွေအသပြာနှင့် စပ် လျဉ်းသည့် ကုန်ပစ္စည်း အရာဝတ္ထုအပေးအယူ အပြောင်းအလဲ များကိုဖြစ်စေ စံနစ်တကျ ရေးမှတ်ခြင်းပင် ဖြစ်သည်။

စာရင်းရေးမှတ်ချက်များတွင် အပေးအယူများကို ဖော်ပြရ သည်ဖြစ်ရာ ပေးသောသူနှင့် ရသောသူဟူ၍ ရှိရပေမည်။ ငွေ ဖြစ်စေ၊ ငွေနှင့် အလားတူ အရာဝတ္ထုဖြစ်စေ၊ ပေးသောသူကို 'မြီရှင်'ဟူ၍လည်းကောင်း၊ ငွေဖြစ်စေ၊ ငွေနှင့် အလားတူ အရာဝတ္ထု ဖြစ်စေ၊ ရသောသူကို 'မြီစား'ဟူ၍လည်းကောင်း၊ စာရင်းကိုင်ပညာရပ် တွင် ခေါ်ဆိုလေသည်။ ဥဒါဟရုဏ်ဖြင့် ဖော်ပြရသော် မောင် စသည် မောင်ဘသို့ ငွေ ၅ဝဝိ ပေးသည်ဟုဆိုရာတွင် မောင် စသည် မြီရှင်ဖြစ်၍ မောင်ဘသည် မြီစား ဖြစ်လေသည်။

ဤတွင် မှတ်ရန်ရှိသည်ကား ထိုငွေ ၅ဝဝိ ပေးခြင်းကိစ္စမှာ မောင်စက မောင်ဘသို့ အကြွေးခြင်း သဘောနှင့် ပေးသည်ဟု ဆိုရစေကာမူ မောင်ဘမှာ ရသူဖြစ်သဖြင့် မြီးစား၊ မောင်စမှာ ပေးသူဖြစ်သဖြင့် မြီရှင်ပင် ဖြစ်သည်။ စာရင်းကိုင်ပညာတွင် မှန်ကန်စွာ ရေးမှတ်နိုင်ရန်အတွက် မည်သူသည် မြီစား၊ မည်သူ သည် မြီရှင်၊ မည်သည့်စာရင်းသည် မြီစား၊ မည်သည့် စာရင်း သည် မြီရှင်ဖြစ်သည်ဟူ၍ ခွဲခြားသိရှိရန် လိုချေသည်။ ငွေ ဖြစ်စေ၊ ကုန်ပစ္စည်းဖြစ်စေ အပေးအယူ အပြောင်းအလွှဲရေး မှတ်ရာတွင် မည်သူက ရသည်၊ မည်သူက ပေးသည်ဟူသော အချက်ကို စိစစ်ကာ မြီစား မြီရှင် ခွဲခြားရာသည်။

စာရင်းကို ကိုင်ခြင်းတွင် တဖက်သွင်း စာရင်းကိုင်နည်းနှင့် နှစ်ဖက်သွင်း စာရင်းကိုင်နည်းဟူ၍ နှစ်မျိုး ရှိသည်။ တဖက် သွင်း စာရင်းကိုင်နည်းအရ အပေးအယူ အပြောင်းအလွှဲများကို မြီရှင်ဖက်၌ဖြစ်စေ၊ မြီးစားဖက်၌ဖြစ်စေ သက်ဆိုင်သည့် အလျောက် စာရင်းတခါသာ ရေးမှတ်လေသည်။ ဥဒါဟရုဏ် အားဖြင့် မောင်စသည် မောင်ဘသို့ ငွေ ၅ဝိ ထုတ်ချေးသည်ဟု ဆိုကြပါစို့။ မောင်ဘသို့ ထုတ်ချေးလိုက်သော ငွေ ၅ဝိ ကို မောင်စ၏ ငွေဝင်ငွေထွက်စာရင်းတွင် မြီရှင်ဖက်၌သာ ရေးမှတ် ပေမည်။ တစ်ဖန် မောင်ဘသည် ချေးယူငွေထဲမှ ငွေ ၂၅ိ ပြန် ဆပ်သည်ဟုဆိုလျှင် ထိုပြန်ဆပ်ငွေ ၂၅ိ ကို မောင်စ၏ ငွေဝင် ငွေထွက် စာရင်းတွင် မြီစားဖက်၌သာ ရေးမှတ်မည် ဖြစ်ပေ သည်။

နှစ်ဖက်သွင်းစာရင်းကိုင်နည်းသည် အပေးအယူ အပြောင်း အလွှဲဟူသမျှကို စာရင်းတခု၌ မြီရှင်ဖက်တွင်၎င်း၊ အခြား စာရင်းတခု၌ မြီးစားဖက်တွင်၎င်း၊ စာရင်းနှစ်ခါ ရေးမှတ်ရ လေသည်။ အထက်ပါ ဥဒါဟရုဏ်နှင့်ပင် ရှင်းလင်းဖော်ပြ ရသော် မောင်စ၏ ငွေချေးလုပ်ငန်းတွင် မောင်စသည် နှစ်ဖက် သွင်း စာရင်းကိုင်နည်းဖြင့် စာရင်းထားရှိသည်ဟု ဆိုကြပါစို့၊ မောင်ဘအား ထုတ်ချေးလိုက်သော ငွေ ၅ဝိ ကို မောင်စ၏ ငွေဝင်ငွေထွက်စာရင်းတွင် မြီရှင်ဖက်၌ ထည့်သွင်း ရေးမှတ် သည့်နည်းတူ မောင်ဘ၏ ချေးငွေစာရင်းတွင် မောင်ဘက ငွေကို လက်ခံရရှိသည်အတိုင်း ယင်းငွေ ၅ဝိ ကို မြီးစားဖက်၌ ထည့်သွင်း ရေးမှတ်ရလေသည်။ တဖန် ပြန်ဆပ်ငွေ ၂၅ိ နှင့် စပ်လျဉ်း၍ ရေးမှတ်ရာတွင် မောင်စသည် ငွေရရှိသူဖြစ်သည့် အတွက် မောင်စ၏ ငွေဝင်ငွေထွက်စာရင်း မြီးစားဖက်၌ ငွေ ၂၅ိ ကို ထည့်သွင်းလျက် မောင်ဘ၏ ချေးငွေစာရင်း မြီရှင် ဖက်တွင် ထိုငွေ ၂၅ိ ကို ထည့်သွင်း ရေးမှတ်ရလေသည်။

နှစ်ဖက်သွင်း စာရင်းကိုင်နည်းမှာ စေ့စပ် သေချာ၍ အလုပ် များသည်နှင့်အမျှ အလုပ်အကိုင်တို့၏ အခြေအနေကို တိကျ လွယ်ကူစွာ စစ်ဆေး ကြည့်ရှုနိုင်ရန် စွမ်းဆောင်နိုင်သည့် အလျောက် အလုပ်ကြီး အကိုင်ကြီးများကို လုပ်သော ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အသင်းများနှင့် ဘဏ်တိုက်များ သည် ထိုစာရင်းကိုင်နည်းကို လက်သုံးလက်စွဲဲပြုထားလေသည်။ လုပ်ငန်းတို့တွင် အသုံးပြုသော စာရင်းအမျိုးမျိုးရှိသည့် အနက် ထင်ရှားသော စာရင်းမှာ (၁) လက်ငင်းရသောငွေ၊ လက်ငင်းပေးသောငွေတို့ကို ထည့်သွင်း ရေးမှတ်ရသည့် ငွေဝင် ငွေထွက်စာရင်းနှင့် (၂) အကြွေးရောင်း အကြွေးဝယ်စာရင်း တို့ကို ထည့်သွင်း မှတ်သားရသည့် အကြွေးစာရင်းတို့ပင် ဖြစ်ကြသည်။

ငွေဝင်ငွေထွက်စာရင်းသည် လုပ်ငန်းအရပ်ရပ်တွင် အရေး ကြီးဆုံး ဖြစ်သည်။ ဝင်ငွေထွက်ငွေ အကြောင်းများကို ရေးမှတ် ထားသောစာအုပ်ကို ငွေစာရင်းစာအုပ်ဟု ခေါ်သည်။ ငွေဝင် ငွေထွက် စာရင်း ထည့်သွင်းရာ၌ မြီရှင် မြီစား အကြောင်း အရာများကို စာမျက်နှာ တမျက်နှာတည်း၌ဖြစ်စေ၊ မျက်နှာ ချင်းဆိုင် စာမျက်နှာတို့၌ ရေးမှတ်စေကာမူ ထိုစာမျက်နှာအစုံ ကို တမျက်နှာတည်းကဲ့သို့ပင် အမှတ်စဉ် တပ်ပေးရသည်။ ထိုသို့ မြီစား မြီရှင် နှစ်ဦးစလုံးအတွက် အမှတ်စဉ် ပေးထား သော စာမျက်နှာအစုံကို စာရင်းမျက်နှာ (စမ)ဟုခေါ်သည်။

'ငွေဝင်ငွေထွက်စာရင်း'ဟူသော ခေါင်းစည်းကို စာမျက်နှာ ၏ ထိပ်တွင် ရေးမှတ်ပြီးနောက် 'မြီးစား'သို့မဟုတ် (အရ)ဟု ရေးမှတ်ထားသည် လက်ဝဲမျက်နှာတွင် ရရှိသမျှသော ငွေစာရင်း များကို ထည့်သွင်းရလေသည်။ ချက်လက်မှတ်များ၊ ငွေလွှဲ လက်မှတ်များ စသည်တို့ကို လက်ခံရရှိလျှင်လည်း ထို 'အရ' ဖက်တွင် ပြရသည်။ 'မြီရှင်' သို့မဟုတ် (အပေး)ဟု ရေးမှတ် ထားသော လကျာ်မျက်နှာတွင် ထုတ်ပေးလိုက်သော ငွေဟူ သမျှကို ထည့်သွင်းရ၏။

ငွေဝင်ငွေထွက်စာရင်း[ပြင်ဆင်ရန်]

မြီစား မြီရှင်

ရက်စွဲ အရ ကျပ် ပြား ရက်စွဲ အပေး ကျပ် ပြား
ဇွန် ၁ တင့်သာကုမ္ပဏီရင်းငွေ ၃ဝဝဝ
ဇွန် ၂ စာရေးကိရိယာဝယ် ၂၅
ဇွန် ၆ ကုန်လက်ငင်းရောင်း ၅ဝဝ
ဇွန် ၂ ကိုဘိုးမြသို့ပေး ၇၅
ဇွန် ၁ဝ ဦးဘ ကုန်ဖိုးရငွေ ၃၂ဝ
ဇွန် ၃ ကုန်လက်ငင်းဝယ် ၁ဝဝဝ
ဇွန် ၁၄ ဒေါ်ရှင် ၎င်း ၃၇၅
ဇွန် ၄ တံဆိပ်ခေါင်းဝယ် ၁၅
ဇွန် ၂၅ ဒေါ်ငွေ ၎င်း ၅ဝဝ
ဇွန် ၁၅ ပရိဘောဂဖိုးရှင်း ၃၅ဝ
ဇွန် ၂၈ ဒေါ်ဆန်း ၎င်း ၁၂၅
ဇွန် ၃ဝ ရွှေခဲဘရားသားကုန်ဖိုးရှင်း ၅ဝဝ
ဇွန် ၃ဝ လုပ်သားလစာများ ၂ဝဝ
ဇွန် ၃ဝ ဆိုင်ငှားခ ၅ဝ
ဇွန် ၃ဝ ဦးတင့်ထုတ်သုံး ၁ဝဝ
ဇွန် စာရင်းပိတ်လက်ကျန် ၂၅ဝ၅
စုစုပေါင်း ၄၈၂ဝ


ပုံစံ ၁။ တင့်သာ ကုမ္ပဏီ၏ ဇွန်လတွက် ငွေဝင်ငွေထွက်စာရင်း ပုံစံ ၁ မှာ ကုမ္ပဏီတဂခု တလအတွက် ငွေဝင်ငွေထွက် စာရင်းဖြစ်သည်။ ငွေဝင်ငွေထွက်စာရင်းတို့ကို နေ့စဉ် သို့ မဟုတ် လစဉ် သို့မဟုတ် သတ်မှတ်ထားသော အချိန်ကာလ၌ စာရင်းပိတ်ရသည်။ စ၍ဖွင့်သော စာရင်းသစ်ဖြစ်ခဲ့သော် အရ ဖက်မှ ဝင်ငွေပေါင်းနှင့် အပေးဖက်မှ ထွက်ငွေပေါင်းတို့ကို အသီးအသီးရှာပြီးလျှင် ဝင်ငွေပေါင်းနှင့် အပေးဖက်မှ ထွက်ငွေ ပေါင်းတို့ကို နုတ်ယူရသည်။ ထိုသို့ ပြုလုပ်သည်ကို လက်ကျန် ရှာခြင်းဟု ခေါ်သည်။ လက်ကျန်ရှာ၍ ရရှိလာသော ငွေကို ထွက်ငွေပေါင်းတွင် စာရင်းပိတ် လက်ကျန်ငွေဟူ၍ ထည့်ပေါင်း ရ၏။ မြီစားဖက်မှ စုစုပေါင်းငွေသည် မြီရှင်ဖက်မှ စုစုပေါင်းငွေနှင့် ကိုက်ညီရလေသည်။ ခြားနားခက်ရှိခဲ့သော် စာရင်းတစ်ခုခု ကျန်ရစ်ခဲ့သည်။ သို့မဟုတ် မှားယွင်းချက် တစ်ခုခု ရှိသည်ဟူ၍ သိနိုင်ပေသည်။ တစ်ဖန် မြီးစားဖက်၌ ရှိသော ဝင်ငွေပေါင်းသည် မြီရှင်ဖက်၌ရှိသော ထွက်ငွေပေါင်း ထက် မည်သည့်အခါမျှ မနည်းနိုင်သည်ကို မှတ်သားရပေမည်။

အဘယ်ကြောင့်ဆိုသော် မည်သည့်လုပ်ငန်းမဆို ရှိသည့်ငွေထက် ပို၍ မသုံးနိုင်သောကြောင့်ပင် ဖြစ်သည်။ မြီးစားမြီရှင်ကွက်များ ၌ရှိသော စုစုပေါင်းငွေများသည် တစ်ခုနှင့်တစ်ခု မျဉ်းတစ်ပြေး တည်း၌ ရှိရ၏။ အကယ်၍ တဖက်မှ အကြောင်းအရာများ သည် နည်း၍ နေခဲ့သော် မျဉ်းစောင်းခံပြီးမှ စာရင်းပိတ်ရလေ သည်။ မျဉ်းစောင်းခံခြင်း၏အဓိပ္ပာယ်မှာ စုစုပေါင်းငွေများသည် တခုနှင့်တခု ထမ်းပိုးထမ်း ညီစေရန်အပြင် စာရင်းပိတ်ပြီး သည့်နောက် စာရင်းထပ်မံ မရေးသွင်းနိုင်စေရန်ပင် ဖြစ်သည်။ လက်ရှိ ငွေဝင်ငွေထွက်စာရင်းကို ပိတ်ပြီးသည့်နောက် စာရင်း သစ်ထပ်၍ ဖွင့်သည့်အခါ ယခုစာရင်းပိတ် လက်ကျန်ငွေအဖြစ် ဖြင့် မြီးစားဖက်၌ ထည့်သွင်းရလေသည်။

ပုံစံ ၂ မှာ အိမ်ထောင်တစု၏ ငွေဝင်ငွေထွက်စာရင်း ဖြစ် သည်။ စာရင်းရေးမှတ်ပုံ ရေးမှတ်နည်းမှာ ပုံစံ ၁ တွင် ဖော်ပြ ခဲ့သော စာရင်းနှင့် အတူတူပင်ဖြစ်သော်လည်း ခြားနားချက် တစ်ခုရှိသည်။ ယင်းမှာ ယခင်လ၏ စာရင်းဆက်ဖြစ်သဖြင့် ယခင်လ၏ စာရင်းပိတ်လက်ကျန်ငွေ ၄၅ိ ပြား ၅ဝ မှာ ယခု စာရင်းတွင် စာရင်းဖွင့်လက်ကျန်ငွေအဖြစ်ဖြင့် ထည့်သွင်း ထားခြင်းပင် ဖြစ်သည်။

လက်ငင်း အပေးအယူပြုသော ငွေစာရင်းတို့ကို ငွေဝင် ငွေထွက် စာရင်းစာအုပ်တွင် ရေးမှတ်ရသည့်နည်းတူ အကြွေး စာရင်းတို့ကို စာရင်းချုပ်စာအုပ်တွင် ထည့်သွင်း ရေးမှတ်ကြ သည်။ အကြွေးတာဝန်ရှိသောသူ၏ နာမည်နှင့် လိပ်စာကို စာရင်း၏ထိပ်၌ ရေးသားဖော်ပြပြီးလျှင် အကြွေးနှင့်ဆိုင်သော အကြောင်းအရာတို့ကို မြီးစားဖက်တွင် ရေးမှတ်လျက် ထိုသူ ပေးသွင်းသမျှသောငွေနှင့် ခုနှိမ်၍ ရသင့်သမျှသော ကုန်တို့၏ တန်ဖိုးကို မြီရှင်ဖက်တွင် ရေးမှတ်ရလေသည်။ ပုံစံ ၃ မှာ ရန်ကုန်မြို့၊ ရွှေတောင်တန်း၊ အမှတ် ၁၈ နေ ဦးစံဖေအတွက် သူ၏ ဖောက်သည်ဆိုင်တစ်ဆိုင်မှထားရှိသော အကြွေးစာရင်း ဖြစ်သည်။

ငွေဝင်ငွေထွက်စာရင်း[ပြင်ဆင်ရန်]

မြီစား မြီရှင်

ရက်စွဲ အရ ကျပ် ပြား ရက်စွဲ အပေး ကျပ် ပြား
မေ ၁ စာရင်းဖွင့်လက်ကျန် ၄၅ ၅ဝ မေ ၁ မေလအတွက် အိမ်လခ ၄ဝ ဝဝ

၁ လစာငွေ ၂၂၅ ဝဝ ၁ နွားနို့ဖိုးပေး ၁ဝ ဝဝ ၂ ကုန်စုံဆိုင်သို့ပေး ၁ဝဝ ၆၉ ၉ အမျိုးသားဆန်ဆိုင် ၃၁ ၇၅ ၁၁ တယ်လီဖုန်းစရိတ် ၅ ၄၁ ၁၅ ဓာတ်မီးလခ ၁၁ ၅ဝ ၂၈ ခေတ်စတိုး ၁၂ ၂၅ ၃ဝ အမဲသားဆိုင် ၄ဝ ဝဝ စာရင်းပိတ်လက်ကျန် ၄၈ ၉ဝ စုစုပေါင်း ၃ဝဝ ၅ဝ စုစုပေါင်း ၃ဝဝ ၅ဝ ပုံစံ ၂ ဦးစံဖေ၊ အမှတ် ၁၈၊ ရွှေတောင်တန်း၊ ရန်ကုန်မြို့။ မြီစား မြီရှင် ရက်စွဲ အရ ကျပ် ပြား ရက်စွဲ အပေး ကျပ် ပြား ဇွန် ၂ စောင်တထည် ၂၆ ၅ဝ ဇွန် ၁၇ ပိုးထည် ၄ ကိုက် ၂၈ ၈ဝ ၈ စွပ်ကျယ် ၂ ထည် ၃ ၂ဝ ဇူလိုင် ၂ ငွေချေ ၈ဝ ၂ဝ ၁၆ ပိုးထည် ၄ ကိုက် ၂၈ ၈ဝ ၁၇ လုံချည် ၁ ထည် ၃၈ ဝဝ ၂၈ ဇာ ၁ဝ ကိုက် ၁၂ ၅ဝ ၁ဝ၉ ၁ဝ၉ ဦးစံဖေသည် ဇွန်လအတွင်းတွင် မိမိ၏ ဖောက်သည်ဆိုင် တစ်ဆိုင်မှ ငွေ ၁ဝ၉ိ တန်ဖိုးရှိသော ပစ္စည်းများကို အကြွေး ဝယ်ယူခဲ့၏။ ထိုပစ္စည်းများအနက် တစ်ကိုက်လျှင် ၇ိ ပြား ၂ဝ နှုန်းဖြင့် ဝယ်ခဲ့သော ပိုး ၄ ကိုက်ကို များစွာ မနှစ်သက်သဖြင့် ဝယ်ပြီးနောက်တနေ့တွင် ဆိုင်သို့ ပြန်ပို့လိုက်၏။ ဇူလိုင်လ ၂ ရက်နေ့သို့ ရောက်သောအခါ ဦးစံဖေသည် ဆိုင်သို့ သွား၍ အကြွေးများကို ရှင်းလင်း ပေးဆပ်လိုက်လေသည်။ ဤအခြင်း အရာကို ဦးစံဖေ၏ ဖောက်သည်ဆိုင်သည် ပုံစံ ၃ စာရင်းတွင် ရေးမှတ် ဖော်ပြထားခြင်း ဖြစ်သည်။ အကြွေးချ၍ရောင်းသော ဆိုင်တို့သည် အကြွေးစာရင်းများကို ပုံစံ ၃ ကဲ့သို့သော စာရင်း မျိုးတွင် ထည့်သွင်းရေးမှတ်လေ့ ရှိကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)