စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင် (စာအုပ်)

ဝီကီပီးဒီးယား မှ
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာ‌ပေအမြင်
စာရေးသူမြင့်သန်း‌
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားမြန်မာဘာသာ
အမျိုးအစားဆောင်းပါး
ထုတ်ဝေခြင်းဖေဖော်ဝါရီ ၂၀၁၄
ထုတ်ဝေသူနှစ်ကာလများစာအုပ်တိုက်

စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာ‌ပေအမြင် စာအုပ်သည် မဂ္ဂဇင်းများတွင် မြင့်သန်း‌ရေးသားခဲ့သည့် စာ‌ပေဆိုင်ရာ‌ဆောင်းပါး(၁၈)ပုဒ် ကိုစုစည်း၍ နှစ်ကာလများစာအုပ်တိုက်က ၂ဝ၁၄ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ၌ ထုတ်‌ဝေခဲ့‌သော စာအုပ်ဖြစ်သည်။ ထိုစာအုပ်သည် စာ‌ပေဆိုင်ရာအယူအဆ၊ အ‌ကောက်အယူ၊ နားလည်မှုနှင့်ပညာရည်မပြည့်ဝခြင်း‌ကြောင့် ခံစားရသည့်အကျိုးဆက်များကို ‌ဝေဖန်‌ထောက်ပြထား‌သော ‌ဆောင်းပါးများစုစည်းမှု စာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်တွင် (က)ဘာသာ ပြန်ခြင်းနှင့်ပတ်သက်၍ (ခ)တက်ကျမ်းများနှင့်ပတ်သက်၍ (ဂ)‌မော်ဒန်/ပို့စ်‌မော်ဒန်နှင့်ပတ်သက်၍နှင့်(ဃ)စာ‌ရေးဆရာနှစ်ဦး၏ စာ‌ပေလက်ရာများနှင့်ပတ်သက်၍ တင်ပြထားသော စာပေဆိုင်ရာဆောင်းပါးများ ပါဝင်သည်။ စာအုပ်တွင် ဖော်ပြထားသည့်ဆောင်းပါးများသည် မြန်မာ့စာ‌ပေအသိုက်အဝန်းအတွင်းမှ လွဲမှား‌နေ‌သောအယူအဆများနှင့်အ‌ကောက်အယူများကို အဓိက‌ထောက်ပြထား၍ စာ‌ရေးသူ(ဆရာ) မြင့်သန်း၏ အယူအဆနှင့်အ‌ကောက်အယူများကို တင်ပြထားခြင်းဖြစ်၍ စာ‌ပေ‌လေ့လာသူများနှင့်စာ‌ရေးဆရာများအ‌နေဖြင့် ချင့်ချိန်‌ထောက်ချင့်စရာ၊ ကိုးကားဖွယ်ရာ၊ ဆက်လက်‌လေ့လာဖွယ်ရာ အချက်အလက်‌ကောင်းများကို ရရှိနိုင်မည်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင် (စာအုပ်) | ဟန်ဆန်း။ 21 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 November 2018 တွင် ပြန်စစ်ပြီး။