စာချွန်တော်

ဝီကီပီးဒီးယား မှ

စာချွန်တော်ဆိုသည်မှာ ထန်းရွက်ပေါ်၌ ကညစ်နှင့် ရေးသော စာကို ခေါ်သည်။ ထန်းဖူးရွက် ၂ ထပ် အရင်းဘက်ကို လှအောင်ချွန်ရသည်။ အဖျားဘက်ကို နည်းတူလုပ်ရသည်။ ရေးသောစာများမှာ တစ်ကြောင်းစာချွန်၊ နှစ်ကြောင်းစာချွန် ဟူ၍ ခေါ်ဆိုကြသည်။ ဤသည်ကား အရေးကြီးသော အမိန့်တော် စာချွန်တော်ဟု ခေါ်ရကြောင်း၊​ ၃ ကြောင်း၊ ၄ ကြောင်း စသည်ဖြင့် ရေးသော စာတို့ကား အမှာတော်စာများ ဖြစ်သည်ဟု ထီးနန်းယှဉ်သူတို့ပြောကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မှော်ပီဆရာသိန်းကြီး ရှေးဖြစ်စာတမ်း။ ၁၉၆၈-ခု၊ ဇွန်လ

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]