စပိန်ပြည်တွင်းစစ်

ဝီကီပီးဒီးယား မှ

၁၉၃၆ ခုနှစ် ဇူလိုင်လ၊ ၁၇ ရက်နေ့မှစကာ ဖြစ်ပွားခဲ့သော စပိန်ပြည်တွင်းစစ်သည် ၃ နှစ်နီးပါးမျှ ကြာရှည်ကာ လူပေါင်း ၃ သိန်းကျော်ကို သေဆုံးစေခဲ့သည်။ ထိုသေဆုံးသူများအနက်မှ ၁ သိန်း ၂ သောင်းကျော်မှာ နှစ်ဖက်စစ်သည်များ၏ သတ်ဖြတ်ခြင်းခံရသည့် အပြစ်မဲ့ပြည်သူများဖြစ်သည်။ ၁၉၃၆ခုနှစ်တွင် သမ္မတ မန်နျူရယ် အဇားနားဦးဆောင်သည့် အစိုးရအဖွဲ့အား မကျေနပ်သည့် အမျိုးသားရေးဝါဒီ စစ်ဗိုလ်များက အာဏာသိမ်းရန် ကြိုးပမ်းမှုမှ တစ်ဆင့် နှစ်ဖက်ထောက်ခံသည့် တပ်များပါဝင်လာကာ အပြန်အလှန် တိုက်ခိုက်ကြခြင်းဖြင့် ပြည်တွင်းစစ် စတင်သည်။ ရလဒ်အဖြစ် အမျိုးသားရေးဝါဒီတို့ အောင်ပွဲခံကာ ဒုတိယမြောက် စပိန် သမ္မတနိုင်ငံဖျက်သိမ်းခံရပြီး စပိန်နိုင်ငံအဖြစ် ပြန်လည်ထူထောင်ခဲ့ကြသည်။