ငါးထပ်ကြီးဘုရားတောင်ရပ်ကွက်မီးလောင်မှု(၂၀၁၀)

ဝီကီပီးဒီးယား မှ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အတွင်းရှိ ငါးထပ်ကြီးဘုရားတောင်ရပ်ကွက်၊ အင်ကြင်းလမ်းတွင် ၂၀၁၀ခုနှစ်၊ ဇန်နဝါရီ လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်က မီးအားမြှင့်စက်ဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုတွင် ၁၀ ပေ၊ ၁၅ ပေအရွယ် ပျဉ်ထောင်သွပ်မိုးအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၁၃ လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်။ မီးစတင်လောင်ကျွမ်းချိန်မှာ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ဖြစ်ပြီး ၅ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်ယာဉ် ၂၇ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၃၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၈၂ ဦး လာရောက် မီးငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်တွင် အိမ်ထောင်စုအရေအတွက် ၂၀ စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကျားမစုစုပေါင်း ၈၅ ဦး ပါဝင်ကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသူများကို ရန်ကုန်တိုင်းရင်းဆေးရုံကြီးတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိ ပေးထားသည်။ ဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ငွေကျပ် ၁၃ သိန်းကျော်ဖိုးရှိခဲ့ပြီး RC နှစ်ထပ် နှစ်လုံး၊ ပျဉ်ထောင်အိမ် ခြောက်လုံးနှင့် ပျဉ်ထရံကာ ငါးလုံး မီးလောင်ပျက်စီးခဲ့သည်။ မီးလောင်မှုဖြစ်စဉ်တွင် ဒဏ်ရရရှိသူနှင့် သေဆုံးသူ မရှိခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားသည့်နေရာမှာ မီးသတ်ကားဝင်ထွက်ရန် ခက်ခဲသည့်နေရာဖြစ်ပြီး လူနေအိမ်စိပ်သောကြောင့် မီးဘေးစိုးရိမ်ရသည့် နေရာဖြစ်ကြောင်း သိရှိရသည်။ မီးလောင်မှု ဖြစ်စဉ်အပေါ် ပ/၅၅-၂၀၁၀ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]