ငရုတ်ကောင်းပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ငရုတ်ကောင်းပင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Piperales]]
မျိုးရင်း [[Piperaceae]]
မျိုးစု [[Piper]]
မျိုးစိတ် '''''P. nigrum'''''
ဒွိနာမ
''Piper nigrum''

ငရုတ်ကောင်းပင်

Black and white peppercorns
Roughly mashed black peppercorns
ငရုတ်ကောင်းစေ့
Black, green, pink (Schinus terebinthifolius), and white peppercorns
Piper nigrum from an 1832 print
Piper nigrum on tree support in Goa, India.
Pepper in Kerala, India
Pepper before ripening
Peppercorn close-up

ငရုတ်ကောင်းပင်[ပြင်​ဆင်​ရန်​]

ငရုတ်ကောင်းပင်သည် သစ်ပင်များကိုနွယ်၍ ပေါက်တတ် သော နွယ်ပင်မျိုး ဖြစ်သည်။ ရုက္ခဗေဒအရ 'ပိုက်ပါနီဂရမ်'ဟု ခေါ်သည်။ အသီးကို မရင့်မှည့်မီခူး၍ အခြောက်လှန်းပြီး ကြိတ် လျှင် ငရုတ်ကောင်းအမည်းမှုန့်ကို ရသည်။ အသီးမှည့်ကို ဖြစ် စေ၊ အသီးနက်အခွံခြောက်ကိုဖြစ်စေ ကြိတ်လျှင် ငရုတ်ကောင်း အဖြူမှုန့်ကို ရသည်။

ငရုတ်ကောင်းပင်၏ မူလပေါက်ရောက်ရာအရပ်မှာ အိန္ဒိယ နိုင်ငံ ဖြစ်သည်။ ထိုနိုင်ငံမှ တစ်ဆင့် ဂျာဗားကျွန်း၊ ဆူမတြား ကျွန်း၊ ဗော်ညိုကျွန်း၊ ဖိလစ်ပိုင်ကျွန်း၊ မလ္လာယုကျွန်းဆွယ်၊ ယိုးဒယားနိုင်ငံနှင့် အနောက် အိန္ဒိယကျွန်းစု အစရှိသော အရပ် ဒေသများသို့ ရောက်သွားသည်။ ငရုတ်ကောင်း အမြောက် အမြား တင်ပို့ ရောင်းချသော အရပ်မှာ စင်္ကာပူနိုင်ငံ ဖြစ်သည်။ ရှေးခေတ်အခါက ဥရောပတိုက်သား ကုန်သည်ကြီးများသည် ငရုတ်ကောင်းကို စမဲအမွှေးအကြိုင်အဖြစ် တန်ဖိုးထားကာ ယင်းကို ရလို၍ အိန္ဒိယနိုင်ငံနှင့် ကုန်ကူးသန်းခဲ့ကြသည်။ ယင်းသို့ ကုန်ကူးသန်းခဲ့ကြရာမှ ပေါ်တူဂီလူမျိုးတို့သည် ဥရောပတိုက်မှ အာဖရိကတိုက် တောင်ဘက်စွန်းကို လှည့်ပတ် ၍ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနိုင်သော ရေလမ်းခရီးကို တွေ့ရှိခဲ့ သည်ဟု ဆိုသည်။

ပိတ်ချင်းခေါ် ငရုတ်ကောင်းတစ်မျိုးလည်း ရှိသေးသည်။ ရုက္ခဗေဒအမည်မှာ 'ပိုက်ပါလောင်ဂမ်'ဖြစ်၍ ငရုတ်ကောင်း အရှည်မျိုး ဖြစ်လေသည်။ ပိတ်ချင်းကို ဘယဆေးဖော်စပ်ရာ၌ အသုံးပြုကြသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အာသံပြည်နယ်၊ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံတို့တွင် အများအပြား စိုက်ပျိုးကြ သည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)