ဂျွန် ဆင်းဂါး ဆားဂျင့်

ဝီကီပီးဒီးယား မှ
ဂျွန်ဆင်းဂါးပုံတူ။

ဥရောပတိုက်၌ ထင်ရှားခဲ့သော ပန်းချီကျော်များတွင် အမေရိကန်လူမျိုး ဂျွန်ဆင်းဂါး ဆားဂျင့်လည်းအပါအဝင်ဖြစ် သည်။ ဆားဂျင့်သည် အမေရိကန်လူမျိုး မိဘများမှ ၁၈၅၆ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့တွင် အီတလီနိုင်ငံ ဖလော်ရင့်မြို့၌ ဖွားမြင်သည်။

ဂျွန် ဆားဂျင့်သည် ဥရောပတိုက်တွင်သာ နေထိုင်ခဲ့၏။ ငယ်စဉ်အခါမှစ၍ ဂျာမန်ဘာသာစကားကို ပြောတတ်သည်။ ပန်းချီပညာကို အီတလီနိုင်ငံတွင် လေ့လာသည်။ ဆားဂျင့်သည် ဆီဆေး၊ ပုံတူကားများကို ရေးခြယ်ရာ၌ ကျော်စောခဲ့ရုံသာမက ရေဆေးရေးဆွဲခြင်းတွင်လည်း ထင်ရှားသူဖြစ်သည်။ နိုင်ငံအနှံ့ အပြား လှည့်လည်သွားလာဘူးသူဖြစ်၍ အတွေ့အမြင် ဗဟုသုတစုံ၏။ အမေရိကန်နိုင်ငံသို့လည်း မကြာခဏ သွားရောက်လည်ပတ်လေ့ရှိ၏။ ဥရောပတိုက်နှင့် အမေရိကန် ပြည်ထောင်စုရှိ ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ၏ ပုံတူကားများကို ရေးခြယ်ခဲ့၏။ သူ၏လက်ရာမှာ အလွန်ကောင်းမွန်သောကြောင့် လူကြိုက်များခဲ့သည်။ ၁၈၈၅ ခုနှစ်ခန့်မှစ၍ ၁၉၂၅ ခုနှစ်တွင် ကွယ်လွန်သည်အထိ အင်္ဂလန်ပြည်တွင် နေထိုင်၏။

သူရေးဆွဲခဲ့သော ပန်းချီကားများတွင် အမေရိကန်ပြည်ထောင်စု၏ သမ္မတ သီယိုဒို ရူးဇဗဲ့၊ ဂျိုးဇက် ဂျက်ဖာဆန် စသော ပုဂ္ဂိုလ်ကြီးများ၏ ပုံတူကားများမှာ ထင်ရှားသည်။ ဆားဂျင့်သည် ၁၉၂၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် အင်္ဂလန် ပြည်၌ ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)