ဂျိမ်းစ်ဝပ်
| ဂျိမ်းစ်ဝပ် | |
Portrait of James Watt (1736-1819)
by Carl Frederik von Breda |
|
| မွေးဖွား | 19 January 1736 Greenock, Renfrewshire, Scotland |
|---|---|
| ကွယ်လွန် | 25 August 1819 (aged 83) Handsworth, Birmingham, England |
| ဌာနေ | Glasgow then Handsworth, Great Britain |
| နိုင်ငံသား | Kingdom of Great Britain |
| လူမျိုး | Scottish |
| Fields | Inventor and Mechanical Engineer |
| Institutions | University of Glasgow Boulton and Watt |
| ကျော်ကျားမှု | Improving the steam engine |
ဂျိမ်းစ်ဝပ် (James Watt) (၁၇၃၆ ဇန္နဝါရီ ၁၉ – ၁၈၁၉ ဩဂုတ် ၂၅) သည် စကော့လူမျိုး သင်္ချာပညာရှင်၊ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး စက်မှုတော်လှန်ရေး၌ အရေးပါသော အဆင့်တစ်ဆင့်ဖြစ်သည့် ရေနွေးငွေ့စက်ကို မွမ်းမံတီထွင်ခဲ့သူ ဖြစ်သည်။
ဂျိမ်းစ်ဝပ်ကို စကော့တလန်ပြည်နယ် ဂရင်းကော့၌ ၁၇၃၆ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့တွင် မွေးဖွားသည်။ သူသည် ဘာမင်ဟမ်တွင် နေထိုင် အလုပ်လုပ်ကိုင်သည်။ ဘာမင်ဟမ် ဗဟိုစာကြည့်တိုက်တွင် ယခုအခါ သူ့စာတမ်း အများအပြားကို တွေ့ရှိနိုင်သည်။
၁၇၅၄ ခုနှစ်တွင် ဂလပ်ဂိုးသို့ မပြန်မီ လန်ဒန်မြို့၌ စက်ယန္တရားပြုလုပ်ရေး လုပ်ငန်းကို ဂျိမ်းဝပ်လေ့လာသည်။ ၁၇၆၃ ခုနှစ်တွင် နယူးကိုမင်း ရေနွေးငွေ့စက်ကို ပြင်ဆင်ပေးရာမှ စက်များကို မည်သို့တိုးတက် ကောင်းမွန်အောင် ပြုလုပ်မည်ဟူသော နည်းလမ်းများကို ရှာကြံစပြုလာသည်။
ဂျိမ်းစ်ဝပ်သည် စကော့တလန်၌ ၁၇၆၅ ခုနှစ်မှ ၁၇၇၀ ပြည့်နှစ်အထိ နယူးကိုမင်း ရေနွေးငွေ့စက်များကို ထိုင်ပေးသည်။
၁၇၈၁ ခုနှစ်တွင် ဂျိမ်းစ်ဝပ်သည် ဘာမင်ဟမ်အနီး ဆိုဟို၌ မက်သူးဘူတန်နှင့် တွဲဖက်ကာ လုပ်ငန်းစတင်ပြီး ဝပ်ရေနွေးငွေ့ အင်ဂျင်များကို ထုတ်လုပ်သည်။ တိုးဆုတ်အင်ဂျင် လှုပ်ရှားမျုကို ပတ်လည်ရွေ့လျားမှုအဖြစ် ပြောင်းလဲပစ်ပြီး ၁၇၈၂ ခုနှစ်တွင် နှစ်ချက်ထုတ် အင်ဂျင်စက်ကို တီထွင်ခဲ့သည်။
ဂျိမ်းစ်ဝပ်သည် ၁၇၈၄ ခုနှစ်တွင် ရေနွေးငွေ့စက်ခေါင်းကို မူပိုင်ပြုလုပ်သည်။ ၁၇၉၀ ပြည့်နှစ်တွင် ရေနွေးငွေ့ဖိအားတိုင်း ဒိုင်ခွက်ကို စတင် အသုံးပြုသည်။
ဂျိမ်းစ်ဝပ်၏ ရေနွေးငွေ့ အင်ဂျင်ပုံစံမှာ ကန့်သတ်အသုံးပြုနိုင်သည့် စက်တစ်ခုကို ပိုမိုစွမ်းအားပြည့်ပြီး များပြားစွာ အသုံးပြုနိုင်သည့် စက်အဖြစ်သို့ ပြောင်းလဲပစ်နိုင်ခြင်း ဖြစ်သည်။
သူ့ကို ဂုဏ်ပြုသောအားဖြင့် စကော့တလန်၌သူ့အမည်ပေါက် ကောလိပ်ကျောင်း လေးကျောင်း ရှိသည်။ ဗြိတိတ်တစ်နိုင်ငံလုံးတွင် သူ့အမည်ဖြင့် မှည့်ခေါ်ထားသည့် လမ်းပေါင်း ၅၀၀ ကျော်ရှိသည်။