ဂျာမန် ခန်း

ဝီကီပီးဒီးယား မှ
German Borisovich Khan
ဇာတိ အမည်Герман Борисович Хан
မွေးဖွား (1961-10-24) ၂၄ အောက်တိုဘာ၊ ၁၉၆၁ (အသက် ၆၂)
Kiev, Ukraine, USSR
ဌာနေLondon and Moscow
လူမျိုးJewish[၁]
နိုင်ငံသားRussian and Israeli
အလုပ်အကိုင်International Businessman
ကျော်ကြားမှုအရင်းခံChairman of the Advisory Committee of Rosvodokanal, Member of the Supervisory Board of Alfa Group, Member of the Board of Directors of the LetterOne
ကြွယ်ဝမှုUS$9.5 billion (January 2016)[၂]

ဂျာမန် ဘောရစ်ဆိုဗစ်ချ် ခန်းကို ရုရှားနိုင်ငံ Kiev တွင် ၁၉၆၂ ခုနှစ် အောက်တိုဘာလ ၂၆ တွင် မွေးဖွားခဲ့ပြီး ဆီနှင့်ဓာတ်ငွေ့ လုပ်ငန်းများတွင်စိတ်ဝင်စားမှုရှိသော ရုရှားလူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ သူသည် မော်စကို စတီးလ်နှင့်အလွိုင်းသိပ္ပံ (MISIS)တွင် ပညာသင်ကြားခဲ့သည်။


Alfa အဖွဲ့အစည်းကြီးမှ အကြီးစားဆီလုပ်ငန်း TNK ကို လွှဲပြောင်းယူသောအခါ ခန်း ကို လုပ်ငန်းစီမံခွင့်အတွက် ရွေးချယ်ခဲ့သည်။ ယနေ့အချိန်တွင် TNK ကို BP က တဝက်ပိုင်ဆိုင်နေပြီဖြစ်သော်လည်း သူကတော့ အမှုဆောင်ဒါရိုက်တာချုပ်အဖြစ် လုပ်ကိုင်ရင်း သူ၏ပဲ့ကိုင်နေရာကို ယူထားဆဲဖြစ်သည်။ သူ့တွင် သားသမီး ၃ ယောက်ရှိပြီး မော်စကိုမြို့အစွန်အဖျားတွင် နေထိုင်သည်။ သူသည် ရုရှားနှင့် ဥရောပတို့တွင် ဂျူးလူမျိုး လှုပ်ရှားသူများကို ထောက်ပံ့ရာတွင် တက်ကြွကူညီခဲ့သေးသည်။


သူသည် ဥရောပဂျူးရန်ပုံငွေလုပ်ငန်းများ၊ ဥရောပလူမျိုးဂျူးများ ဖွံ့ဖြိုးရေးအတွက် အကျိုးမြတ်မရှိလုပ်ကိုင် နေသော အဖွဲ့အစည်းများနှင့် ကမ္ဘာ့တိုက်ကြီးများတွင် သည်းခံစိတ်ထားခြင်းနှင့် ပြန်လည်သင့်မြတ်စေခြင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အကြီးအကျယ်လှူဒါန်းထားသည်။ သူသည် ရုရှားဂျူးကွန်ဂရက်တွင်လည်း ဦးဆောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူသည် အမဲလိုက်ခြင်းကို နှစ်သက်ပြီး အမဲလိုက်သေနတ်များနှင့် ရိုင်ဖယ်များကိုလည်း အများအပြား စုဆောင်းထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Sher၊ Gilead (6 May 2011)။ The world's 50 Richest Jews: 11–20Jerusalem Post။ 14 May 2011 တွင် ပြန်စစ်ပြီး။
  2. German Khan။ Forbes။ 2015-09-27 တွင် ပြန်စစ်ပြီး။