ဂျပ်စတင် ဘီဘာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျပ်စတင် ဘီဘာ
Justin Bieber
Justin Bieber 2011.jpg
အချက်အလက်များ
အမည်ရင်း Justin Drew Bieber
မူလတိုင်းပြည် Stratford, Ontario, Canada
ဂီတဟန် Pop, R&B[၁][၂]
အလုပ်အကိုင် တေးသံရှင်၊ တေးရေးဆရာ၊ သရုပ်ဆောင်
တူရိယာ အဆို၊ ဂီတာ၊ စန္ဒရား၊ ထရမ်းပက်[၃]
Years active 2009–present
တေးသံသွင်း ကုမ္ပဏီ Island, RBMG
ပူးတွဲ သရုပ်ဆောင်မှု Usher
ဝက်ဘ်ဆိုက် justinbiebermusic.com

ဂျပ်စတင် ဒရူး ဘီဘာ (Justin Drew Bieber) [၄] (၁၉၉၄ မတ်လ ၁ ရက်နေ့ဖွား)[၅] သည် ကနေဒါနိုင်ငံသား ခေတ်ပေါ် pop နှင့် R&B တေးသံရှင်ဖြစ်သည်။[၁][၂][၆] ဘီဘာ၏ ယူကျု(ဘ်) (YouTube) ပေါ်ရှိ ဗွီဒီယိုအား ၂၀၀၈ ခုနှစ်တွင် စကူတာ ဘရောင်း (Scooter Braun) [၇] က တွေ့ရှိခဲ့ပြီး နောက်တွင် ဘီဘာ၏ မန်နေဂျာ ဖြစ်လာသည်။ ဘရောင်းက ဘီဘာအား နာမည်ကျော် တေးသံရှင် အပ်ရှာ (Usher) နှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့ပြီး မကြာမီတွင် အပ်ရှာနှင့် ဘရောင်းတို့ ပူးတွဲတီထောင်ထားသည့် Raymond Braun Media Group (RBMG) နှင့် လက်မှတ်ရေးထိုး လိုက်သည်။[၈] ထိုနောက်တွင် Island Records နှင့် တေးအယ်လ်ဘမ် ထုတ်ရန် စာချုပ်ချုပ်ဆိုလိုက်သည်။[၉]

ဂျပ်စတင် ဘီဘာ၏ ပွဲထွက် single ‘One Time’ ကို ၂၀၀၉ ခုနှစ်တွင် ကမ္ဘာတလွှား၌ ဖြန့်ချိခဲ့သည်။ ယင်းသီချင်းသည် ကနေဒါနိုင်ငံ၏ အရောင်းရဆုံး ၁၀ စာရင်းတွင် ထိပ်မှလည်းကောင်း နိုင်ငံတကာ ဈေးကွက်တွင် အရောင်းရဆုံး ၃၀ စာရင်းဝင်ခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပထမဦးဆုံးသော အယ်လ်ဘမ် ‘My World’ ကို ထုတ်ဝေရာ အမေရိကန်တွင် ပလက်တီနမ် ဓာတ်ပြား စာရင်းဝင်ခဲ့သည်။ ဂျပ်စတင် ဘီဘာသည်လည်း ဗွေဆော်အယ်လ်ဘမ်မှ သီချင်း ၇ ပုဒ် ‘Billboard Hot 100’ စာရင်းဝင်ခဲ့သည့် ပထမဦးဆုံးသော တေးသံရှင်ဖြစ်သည်။[၁၀]

ထွက်ရှိပြီးတေးစီးရီးအယ်လ်ဘမ်များ[ပြင်​ဆင်​ရန်​]

  • My World (၂၀၁၀)
  • My World 2.0 (၂၀၁၀)
  • My Worlds Acoustic
  • Never Say Never – The Remixes (၂၀၁၁)
  • Under the Mistletoe (၂၀၁၁)
  • Believe (၂၀၁၂)
  • J-BIEBER (2013)

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ Justin Bieber Biography & Awards. Billboard. Nielsen Business Media, Inc.. Retrieved on 2010-06-15
  2. ၂.၀ ၂.၁ Farber, Jim. "Justin Bieber, 'My World 2.0'", New York Daily News, March 23, 2010. Retrieved on 2010-06-14. 
  3. MTV- Justin Bieber artist profile. MTV. MTV Networks. Retrieved on December 22, 2009
  4. Greenblatt, Leah. "My World 2.0 (2010)", Entertainment Weekly, Time, March 10, 2010. Retrieved on June 11, 2010. 
  5. inogolo:how to pronounce Justin Bieber.
  6. [[[:Template:Allmusic]] allmusic ((( Justin Bieber > Overview )))]. Allmusic. Macrovision Corporation. Retrieved on October 21, 2009
  7. "Justin Bieber makes them proud. But why??last=Konjicanin", Vancouver Observer, December 24, 2010. Retrieved on January 11, 2011. 
  8. Herrera, Monica (March 19, 2010). Justin Bieber – The Billboard Cover Story. Billboard. e5 Global Media. Retrieved on May 7, 2010
  9. Mitchell, Gail (April 28, 2009). Usher Introduces Teen Singer Justin Bieber. Billboard. e5 Global Media. Retrieved on July 23, 2009
  10. "Justin Bieber Fever Hits Miami", CBS News, CBS Interactive, February 5, 2010. Retrieved on March 27, 2010.