ဂျပ်စတင် တင်ဘာလိတ်ခ်

ဝီကီပီးဒီးယား မှ
ဂျပ်စတင် တင်ဘာလိတ်ခ်
Justin Timberlake
Timberlake at the 2016 San Diego Comic-Con International
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းJustin Randall Timberlake
မွေးဖွား (1981-01-31) ဇန်နဝါရီ ၃၁၊ ၁၉၈၁ (အသက် ၄၃)
မင်းဖစ်မြို့၊ တင်နက်စီပြည်နယ်အမေရိကန် ပြည်ထောင်စု
မူလတိုင်းပြည်Shelby Forest, Tennessee
ဂီတဟန်Pop, dance, R&B
အလုပ်အကိုင်တေးသံရှင်၊ တေးရေးသူ၊ ဂီတပညာရှင်၊ သီချင်းထုတ်လုပ်သူ၊ အကပညာရှင်၊ သရုပ်ဆောင်၊ လုပ်ငန်းရှင်
တူရိယာVocals, keyboards, guitar, beatboxing
တက်ကြွသည့်နှစ်များ၁၉၉၂–လက်ရှိ
တေးသံသွင်း ကုမ္ပဏီJive
ပူးတွဲ ပါဝင်မှု'N Sync, The Y's, Timbaland, T.I
ဝက်ဘ်ဆိုက်justintimberlake.com

ဂျပ်စတင် ရန်ဒေါလ် တင်ဘာလိတ်ခ် (အင်္ဂလိပ်: Justin Randall Timberlake) (၁၉၈၁ ဇန်နဝါရီ ၃၁[၁]) သည် အမေရိကန် ခေတ်ပေါ် (pop) တေးသံရှင်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ဂီတလောကတွင် အရေးအကြီးဆုံး ဂရမ်မီဆု (Grammy Award) ၆ ဆုနှင့် အမေရိကန် ရုပ်မြင်သံကြားလောက၏ အဓိကဆုကြီးဖြစ်သည့် အမ်မီဆု (Emmy Awards) ၂ ဆုကို ရရှိခဲ့ဖူးသူဖြစ်သည်။ Star Search အမည်ရှိ အဆိုအက ယှဉ်ပြိုင်သည့် ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ချိန်မှစ ဂျပ်စတင်ကို လူအများ သိလာကြပြီး ဒစ်စနီ ရုပ်သံလိုင်း (Disney Channel) မှ ကလေးများအတွက် ထုတ်လွှင့်သည့် The New Mickey Mouse Club အစီအစဉ်တွင် အနုပညာ ကြယ်တစ်ပွင့်အဖြစ် ထွန်းလင်းတောက်ပလာသည်။ ထိုအစီအစဉ်တွင်လည်း 'N Sync အဖွဲ့ဝင်ဖြစ်လာမည့် JC Chasez နှင့် တွေ့ဆုံခဲ့သည်။ ဂျပ်စတင်သည် ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် 'N Sync အဖွဲ့၏ ပင်တိုင်အဆိုတော်အဖြစ် အမည်ကျော်ကြားလာသည်။

၂၀၀၂ ခုနှစ်တွင် ဗွေဆော်ဦး တစ်ကိုယ်တော် အယ်လ်ဘမ် Justified ကို ဖြန့်ချိခဲ့ရာ ကမ္ဘာတလွှား ကော်ပီ ၇ သန်းကျော် ရောင်းရသည်။ ယင်းအယ်လ်ဘမ်ထဲမှ Cry Me a River နှင့် Rock Your Body တို့မှာ လူကြိုက်အများဆုံး သီချင်းများဖြစ်သည်။ ၂၀၀၆ နှစ်တွင် ဒုတိယ တစ်ကိုယ်တော် အယ်လ်ဘမ် FutureSex/LoveSounds ကို ထုတ်ခဲ့ကာ ဆက်လက်အောင်မြင်ခဲ့ပြီး အရောင်းရဆုံးစာရင်း Billboard 200 တွင် နံပါတ် ၁ အဖြစ် ပထမဆုံး စာရင်းဝင်ခဲ့သည်။ ယင်းအယ်လ်ဘမ်မှ SexyBack ၊ My Love နှင့် What Goes Around.../...Comes Around သီချင်းများမှာလည်း ဟစ်သီချင်းများ ဖြစ်ခဲ့သည်။

ဂျပ်စတင်အား တေးသံရှင်အဖြစ်သာမက သရုပ်ဆောင်တစ်ဦးအဖြစ်ပါ လူသိများသည်။ Tennman Records တေးသံသွင်း၊ William Rast တံဆိပ် ဖက်ရှင်နှင့် Destino ၊ Southern Hospitality စားသောက်ဆိုင် စသည့် အခြားလုပ်ငန်းများတွင်လည်း နှံ့စပ်သည်။[၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Justin Timberlake Biography (1981-)။ FilmReference.com။ July 7, 2016 တွင် ပြန်စစ်ပြီး။
  2. Destino။ 29 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2011 တွင် ပြန်စစ်ပြီး။
  3. Southern Hospitality။ 10 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2011 တွင် ပြန်စစ်ပြီး။