ဂျက်ဖနာခံတပ်

ဝီကီပီးဒီးယား မှ
Jaffna Fort
Jaffna၏ တစ်စိတ်တစ်ပိုင်း
Jaffna, Sri Lanka
Entrance of Jaffna Fort that was originally built by the Portuguese and renovated by the Dutch on 1680.
Jaffna Fort သည် Central Jaffna တွင် တည်ရှိသည်
Jaffna Fort
Jaffna Fort
ကိုဩဒိနိတ်ကိုဩဒိနိတ်: 9°39′43.648″N 80°0′29.89″E / 9.66212444°N 80.0083028°E / 9.66212444; 80.0083028
အမျိုးအစားDefense fort
နေရာအချက်အလက်
ထိန်းချုပ်သူGovernment of Sri Lanka
အများပြည်သူ
ဝင်ထွက်ခွင့်
Yes
အခြေအနေRenovated
သမိုင်းကြောင်း
တည်ဆောက်1625
တည်ဆောက်သူPortuguese and Dutch
အသုံးပြုခြင်း1625 -
အသုံးပြုပစ္စည်းGranite Stones
တိုက်ပွဲ/စစ်ပွဲMany
တပ် အချက်အလက်များ
နေထိုင်သူAdministration of Sri Lanka

ဂျက်ဖနာခံတပ်(တမီးလ်: யாழ்ப்பாணக் கோட்டை, ရောမအက္ခရာ: Yāḻppāṇak Kōṭṭai; သီဟိုဠ်: යාපනය බලකොටුව Yapanaya Balakotuwa) သည် သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖနာမြို့တွင် တည်ရှိသည့် ပေါ်တူဂီတို့တည်ဆောက်ခဲ့သည့် ခံတပ်တစ်ခု ဖြစ်သည်။ ၁၆၁၈ ခုနှစ်တွင် ဂျက်ဖနာကိုကျူးကျော်သိမ်းပိုက်ပြီးနောက် Phillippe de Oliveira ၏ အမိန့်ဖြင့် ဤခံတပ်ကို တည်ဆောက်ခဲ့သည်။ ခံတပ်သည် ကမ်းခြေရွာဖြစ်သည့် Gurunagar ရွာအနီးတွင် တည်ရှိသည်။ များစွာသော အံ့ဩဖွယ်ပြောဆိုမှုများအရဆိုပါက အနီးအနားရှိ ချတ်ကျောင်းရှိ အပျိုစင်မေရီရုပ်တုကို ခံတပ်သို့ ယူဆောင်သွားခဲ့သည်။ ထိုအခါမှ ခံတပ်၏ အမည်ကို Fortress of Our Lady of Miracles of Jafanapatão (Fortaleza de Nossa Senhora dos Milagres de Jafanapatão) ဟု ခေါ်ဆိုခဲ့ကြသည်။ ၁၆၅၈ ခုနှစ်တွင် Rijcklof van Goens ၏ လက်အောက်ရှိ ဒတ်ချ်တို့က ဤခံတပ်ကို သိမ်းပိုက်ခဲ့ပြီး တိုးချဲ့မှုများ လုပ်ဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ထိုခံတပ်ကို ဗြိတိသျှတို့က သိမ်းပိုက်ခဲ့ပြန်ပြီး ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ နိုင်ငံရှိ တစ်ခုတည်းသော ကြီးမားသည့်ခံတပ်အနေဖြင့် လက်ရှိအစိုးရနှင့် အမြှောက်ပစ်စင်ပါသည့် စစ်ဖက်အဆောက်အဦများသည် သီရိလင်္ကာစစ်တပ်က တပ်စောင့်များ ထားရှိထားသည်။[၁]

ခံတပ်မြေပုံ၊ ၁၉၆၃

သီရိလင်္ကာနိုင်ငံပြည်တွင်းစစ်ဖြစ်ပွားလာသည့်အချိန်တွင် ဤခံတပ်သည် အဓိကတိုက်ပွဲများဖြစ်ပွားရာနေရာဖြစ်ခဲ့သည်။ ၁၉၈၅ မှ ၁၉၉၅ အထိ ၎င်းသည် LTTE ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည။ ထိုအချိန်အတွင်းမှာပင် LTTE သည် စစ်တပ်က ထိန်းချုပ်ထားသည့် အဓိကကျသည့်နေရာများစွာကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း ၎င်းကို ၁၉၉၅ ခုနှစ်တွင် သီရိလင်္ကာစစ်တပ်က ရက် ၅၀ကြာ ဝိုင်းပြီးနောက်တွင် Riviresa စစ်ဆင်းရေးကာလအတွင်းတွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။ ယခုအခါတွင် ၎င်းကို သီရိလင်္ကာစစ်တပ်၏ တပ်စုခွဲတစ်ခုက စောင့်ကြပ်ထားသည်။ ၎င်းနေရာသို့ သွားရောက်ခွင့်ကိုလည်း ကန့်သတ်ထားသည်။ ဒတ်ချ်ကူညီမှုဖြင့် ပြန်လည်ပြင်ဆင်လျက်ရှိသည်။[၂]

ခံတပ်၏ အတွင်းပိုင်းတွင် အုပ်ချုပ်သူ၏အိမ် (မင်း၏အိမ်)၊ ဘုရင်မ၏ အိမ်၊ Kruys ချတ်ကျောင်း၊ အစောင့်များလေ့ကျင့်ရာနေရာ၊ ရဲနေရာနှင့် ပေါ်ဂတူဂီခေတ်ကာလ များစွာသော အဆောက်အဦများ တည်ရှိသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Jaffna Fort
  2. Sri Lanka fort: Out of the rubble။ 1 September 2016 တွင် ပြန်စစ်ပြီး။
  3. Travel to Jaffna