ဂျက်ဆီ အိုဝင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အိုဝင် ဂျက်ဆီ(ခရစ် ၁၉၁၃-၁၉၈ဝ)[ပြင်​ဆင်​ရန်​]

၁၉၃၆ ခုနှစ် ကမ0x056ာ့အိုလင်းပစ်အားကစားပွဲတွင် ရွှေတံဆိပ် ဆု လေးခုကို တစ်ဦးတည်း ဆွတ်ခူးနိုင်ခဲ့သဖြင့် ကမ0x056ာ့ အားကစားလောက၌ သမိုင်းမှတ်တိုင်း ထူထောင်နိုင်ခဲ့သူ ဂျက်ဆီအိုဝင်ကို အမေရိကန်ပြည်ထောင်စု အလာဗားမား ပြည်နယ်တွင် ၁၉၁၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်၌ မွေးဖွားသည်။

ဂျက်ဆီအိုဝင်၏ အဘိုးမှာ ကျွန်ဖြစ်ပြီး ဖခင်မှာ လယ်ကူလီ ဖြစ်သည်။ မိသားစုကများပြီး ဝင်ငွေက နည်းသည်။ ထေို့0x100ကာင့် ဂျက်ဆီအိုဝင်မိသားစုသည် စီးပွားရေး ကျပ်တည်းလာသည်။ စီးပွားရေးကျပ်တည်းသဖြင့် ဂျက်ဆီအိုဝင်တို့ မိသားစုသည် အိုဟိုင်အိုပြည်နယ် ကလီဗဲလန်းမြို့သို့ ရွေ့ပြောင်းလာခဲ့0x100ကသည်။ ဂျက်ဆီအိုဝင်သည် ကျောင်းအားချိန်၌ ဖိနပ်တိုက်လုပ်ငန်းဖြင့် ဝင်ငွေရှာခဲ့ရသည်။

ကျောင်းပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဂျက်ဆီအိုဝင် အစွမ်းပြ နိုင်ခဲ့လေသည်။ ထေို့0x100ကာင့် ကျောင်းသား အားကစားနည်းပြ ဆရာက ဂျက်ဆီကို အပြင်းအထန် အားကစားလေ့ကျင့်လေ သည်။ သို့ဖြင့် ၁၉၃၃ ခုနှစ် အမေရိကန် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ၏ ကိုက် ၁ဝဝ ပြေးပွဲတွင် ဂျက်ဆီသည် ကမ0x056ာ့စံချိန်နှင့်အညီ ပြေးနိုင်သည်အထိ အစွမ်းပြခဲ့သည်။ ထို့နောက် ဂျက်ဆီသည် အိုဟင်ယိုတက0x033သိုလ်ပညာ တက် ရောက်သင်0x100ကားရာ ၁၉၃၅ ခုနှစ် ကောလိပ် ပေါင်းစုံ ပြေးခုန် ပစ် ပြိုင်ပွဲတွင် ကမ0x056ာ့စံချိန်သုံးခံချိုးပြီး ပွဲစဉ်တစ်ရပ်၌ ကမ0x056ာ့ စံချိန်နှင့်အညီ ဖြစ်ခဲ့သည်။

ထေို့0x100ကာင့် ဂျာမနီနိုင်ငံတွင် ဘာလင်မြို့၌ ကျင်းပသော ၁၉၃၆ ခုနှစ် ၁၁ 0x100ကိမ်မြောက် ကမ0x056ာ့အိုလင်းပစ် အားကစားပွဲ သို့ ပါဝင်ယှဉ်ပြိုင်မည့် အမေရိကန်ပြေးခုန်ပစ်အဖွဲ့ဝင်အဖြစ် ဂျက်ဆီအရွေးခံရသည်။

အိုလင်းပစ်အားကစားပွဲသည် နိုင်ငံတကာအားကစားပွဲများ အနက် အ0x100ကီးအကျယ်ဆုံးဖြစ်သကဲ့သို့ အိုလင်းပစ်ရွှေတံဆိပ်ဆု သည်လည်း အားကစားဆုတံဆိပ်များအနက် ဂုဏ်အနက်ဆုံး ဆုတံဆိပ် ဖြစ်သည်။

အိုလင်းပစ်အားကစားပွဲသို့ ပါဝင်ယှသ်ပြိုင်ခွင့် ရနိုင်ရန် အတွက် ပြည်တွင်း၌ အဆင်ဆင့် ယှဉ်ပြိုင်ပြီးမှ စကာတင် ရွေးချယ်ခြင်း ဖြစ်သည်။ ထို့ပြင် အိုလင်းပစ် အားကစားပွဲတွင် နိုင်ငံတကာမှ အကျော်အမောများနှင့် ယှဉ်ပြိုင်ရခြင်းေ0x100ကာင့် ရွှေတံဆိပ်ဆုရရန်မှာ ပိုခက်ခဲလှသည်။ ရွှေတံဆိပ်တစ်ခု မဟုတ်ပဲ လေးခုတစ်ပြိုင်နက်ရရန်မှာ မမှန်းဆနိုင်လောက်သော အံ့ဖွယ်ရာကိစ0x038ပင် ဖြစ်သည်။သို့သော် ဤကဲ့သို့သော အံ့ဖွယ်ရာ ကိစ0x038ကို ဂျက်ဆီက စွမ်းဆောင်နိုင်ခဲ့လေသည်။

ဂျက်ဆီသည် မီတာ ၁ဝဝ ပြေးပွဲတွင် စံချိန် ၁ဝ ဒသမ ၃ စက0x033န့်၊ မီတာ ၂ဝဝ ပြေးပွဲတွင် ၂ဝ ဒသမ ၇ စက0x033န့် တာဝေး ခုန်တွင် ၂၆ ပေ ၅ ၃/၈ လက်မဖြင့် ရွှေတံဆိပ်များရြုပီး မီတာ ၄ဝဝ လက်ဆင့်ကမ်း ပြေးပွဲတွင်လည်း ဂျက်ဆီပါဝင် သော အမေရိကန်အဖွံ့က စံချိန် ၄ဝ စက0x033န့်ဖြင့် ရွှေတံဆိပ်ရရာ ဂျက်ဆီတစ်ဦးတည်း ရွှေတံဆိပ် စုစုပေါင်း လေးခုဆွတ်ခူးနိုင်ခဲ့ ပေသည်။ဂျက်ဆီ၏ မီတာ ၁ဝဝ အပြေးစံချိန်သည် ယင်းခေတ် အိုလင်းပစ်စံချိန်နှင့် အညီဖြစ်ပြီး ကျန်စံချိန်သုံးခုစလုံးသည် စံချိန်သစ်များ ဖြစ်လေသည်။

၁၉၃၆ ခုနှစ် အိုလင်းပစ်အားကစားပွဲကို ဂျာမနီအာဏာရှင် ဟစ်တလာက နိုင်ငံရေးဝါဒဖြန့်ချီရေးပွဲအဖြစ် အသုံးချကာ အောင်နိုင်သူ ဂျက်ဆီအိုဝင်ကိုလည်း လူမည်းဖြစ်ခြင်းေ0x100ကာင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့သည်။ သို့သော် အားကစား စိတ်ဓာတ်သည် နိုင်ငံရေးနှင့် စစ်ရေးအတားအဆီးများကို ကျော် လွှားကာ ချစ်0x100ကည်မှုနှင့် အောင်မြင်မှုကို ဖော်ဆောင်နိုင်သည် ဆိုသည့် အိုလင်းပစ်စိတ်ဓာတ်ကို ဂျက်ဆီအိုဝင်က ပြသနိုင်ခဲ့ လေသည်။

ဘာလင်အိုလင်းပစ်ပွဲအပြီးတွင် အားကစား၌ အောင်မြင်မှုရ သော်လည်း ဂျက်ဆီသည် စီးပွားရေးအရ ပြေလည်ခြင်း မရှိ လှပေ။ ထေို့0x100ကာင့် အားကစားကွင်းသန့်ရှင်းရေး အလုပ်သမား အဖြစ် အသက်မွေးဝမ်းကျောင်း ပြုရသည်။ ထို့ပြင် မြင်းနှင့် အပြေးပြိုင်ခြင်း၊ ခွေးနှင့် အပြေးပြိုင်ခြင်း စသည်ဖြင့် အပြေး ပြိုင် စွမ်းရည်ပြကာ စီးပွားရှာခဲ့ရလေသည်။

ပင်ကိုယ်က အရှက်အေ0x100ကာက်0x100ကီးပြီး စကားထစ်တတ်သော ဂျက်ဆီသည် အိုဟိုင်ယိုတက0x033သိုလ်တွင် စကားပြောသင်တန်း တက်ရောက်သင်0x100ကားရာ နောက်ပိုင်းတွင် အဟောအပြော ကောင်းလာသည်။

အဟောအပြောကောင်းသော ဂျက်ဆီအိုဝင်သည် အလှူငွေ များအတွက် လှည့်လည်ဟောပြောခြင်း၊ အိုလင်းပစ်လှုပ်ရှားမှု အတွက် လှည့်လည်စည်းရုံးခြင်း စသည်ဖြင့် တစ်နှစ်အတွင်း မိုင်ပေါင်း ၂ဝဝဝဝဝ ခရီးသွားကာ ဝင်ငွေဒေါ်လာ ၁ဝဝဝဝဝ အထိ ရှာ0x100ကံနိုင်ခဲ့သည်။

၁၉၆ဝ ဆယ်စုနှစ်အတွင်း၌ လူဖြူဆန့်ကျင်ရေး လူမည်း အားကစားသမားများကို ဖျောင်းဖျရန်အတွက် အမေရိကန် အိုလင်းပစ်အာဏာပိုင်များက ဂျက်ဆီအိုဝင်ကို အသုံးချခဲ့0x100က သည်။ ၁၉၆၈ ခုနှစ် အိုလင်းပစ် အားကစားပွဲကို လူမည်း အားကစားသမားအချို့က သပိတ်မှောက်ရန် လှုံ့ဆော်သောအခါ သပိတ်မမှောက်ရေးဘက်မှ ဂျက်ဆီက 0x100ကိုးပမ်းဆောင်ရွက် ခဲ့သည်။ ထေို့0x100ကာင့် လူဖြူဆန့်ကျင်ရေး လူမည်းအချို့က ဂျက်ဆီအား လူဖြူများ ဘက်တော်သား၊ လူဖြူတို့၏ အသုံး တော်ခံအဖြစ် စွပ်စွဲပြစ်တင်ခဲ့0x100ကလေသည်။

ဤကဲ့သို့ ဂျက်ဆီအိုဝင်၏ ဘဝတွင် အဆိုးနှင့်အကောင်း ကျေနပ်သူနှင့် မကျေနပ်သူဟူ၍ အမျိုးမျိုး ရှိခဲ့သော်လည်း သူ၏အားကစားစွမ်းရည်ကိုမူ မည်သူမျှ အငြင်းမပွားနိုင်ပဲ အားလုံးက တစ်ညီတညွတ်တည်း အသိအမှတ်ပြုထား0x100ကသည်။ ပြိုင်ပွဲကာလ ၄၅ မိနစ်အတွင်း၌ ကမ0x056ာ့စံချိန် သုံးခုချိုးကာ တစ်ခုတွင် ကမ0x056ာ့စံချိန်နှင့်အညီ ပြေးနိုင်ခြင်းနှင့် ဂျက်ဆီအိုဝင် ၏ စံချိန်များသည် နှစ်ပေါင်း ၂၅ 0x100ကာမျှအထိ တည်မြဲနေနိုင် ခြင်းက ဂျက်ဆီ၏ ပြိုင်ဘက်ကင်းသော အားကစားစွမ်းရည်ကို ထင်ဟပ်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။

အမြဲပြုံးရွှင်နေပြီး လူတိုင်းကို အလွယ်တကူ ခင်မင်တတ် သော ဂျက်ဆီသည် ၃၅ နှစ်တိုင်တိုင် တစ်နေ့လျှင် စီးကရက် တစ်ဗူး သောက်လေ့ရှိသည်။ ၁၉၈ဝ ပြည့်နှစ် မတ်လ ၁၃ ရက်တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)