ဂေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Marcha-buenos-aires-gay2.jpg

ဂေး ဆိုသည်မှာ လိင်တူစုံမက်သူများ၊ လိင်တူဆက်ဆံသူများအဖြစ် ခံယူထားသူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ထိုစကားလုံး၏ အင်္ဂလိပ်အနက်အဓိပ္ပါယ်မှာ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း သို့ ထိန်လင်းခြင်း နှင့် ဖော်ကြွားခြင်းဟု ဆိုလို၍ရသည်။ ထိုစကားလုံးကို လိင်တူဆက်ဆံသူများသို့ ခေါ်ဆိုလာခဲ့ခြင်းမှာ ၁၉ရာစုမှ စတင်ခဲ့သော်လည်း၊ ၂၀ရာစု တွင် ပို၍ များပြားလာခဲ့သည်။ [၁] ခေတ်သစ် အင်္ဂလိပ်ဘာသာစကားတွင် ထိုစကားလုံးကို နာမဝိသေသနအဖြစ်လည်းကောင်း၊ နာမ်အဖြစ်လည်းကောင်း အသုံးပြုပြီး၊ အဓိကအားဖြင့် ဂေးအသိုင်းအဝိုင်းများ၊ အထူးသဖြင့် ဂေးယောကျာ်းများ၊ လူတို့၏ လိင်ဆက်ဆံမှုများ၊ လိင်တူဆက်ဆံသူတို့၏ အယ်လ်ဂျီဘီတီ ယဉ်ကျေးမှုတို့နှင့်လည်း ဆက်နွယ်နေသည်။

၂၀ရာစု အကုန်ပိုင်းတွင် အယ်လ်ဂျီဘီတီ အသင်းကြီးများနှင့် ဒီဇီုင်းညွှန်းစာပေများမှ လိင်တူဆက်ဆံသူများကိုဂေးဆိုသည့် အသုံးအနှုံးဖြင့်ကိုယ်စားပြု ခေါ်ဆိုလာကြခြင်းဖြစ်သည်။[၂][၃] ထိုအချိန်မှစ၍လည်း ကမ္ဘာ့နိုင်ငံတချို့၌ မကောင်းသောအရာများကို ကိုယ်စားပြုစကားလုံးအဖြစ်လည်း အသုံးပြုလာခဲ့ကြသည်။ အင်္ဂလိပ်စာအသုံးပြုသည့် နိုင်ငံများ၌ ဂေးဆိုသည့်စကားလုံးကို အမှိုက်၊ ညံ့ဖြဉ်းခြင်း (ဥပမာ"ဒါ အရမ်းဂေးတာပဲ") စသဖြင့် ငယ်ရွယ်သူတို့မှ စတင်အသုံးပြုလာခဲ့ကြသည်။ ထိုအသုံးပြုပုံသည် လိင်တူဆက်ဆံသူများဟုတိုက်ရိုက် မဆိုလိုသော်လည်း၊ သက်မဲ့ပစ္စည်း သို့ မိမိမကြိုက်ရှိသည့် အရာတစ်ခုကို တင်စားအသုံးပြုခေါ်ဝေါ်ခြင်းဖြစ်သည်။ ထိုစကားလုံးကိုပင် ယောကျားမဆန်ခြင်း အင်အားမရှိခြင်း ဟုလည်း အသုံးပြုကြသည်။ ထိုသို့အသုံးပြုလာခြင်းအပေါ် လိင်တူဆက်ဆံသူများဘက်မှလည်း မကြိုက်နှစ်သက်၍ အပြန်အလှန် ထောက်ပြပြောဆိုမှုများ ဆက်လက်ရှိဆဲဖြစ်သည်။ [၄][၅]

သမိုင်း[ပြင်​ဆင်​ရန်​]

အပေါ်လွှာကြည့်ခြင်း[ပြင်​ဆင်​ရန်​]

Punch မဂ္ဂဇင်း၏ Volume 33, 1857, page 390. ကာတွန်းသီးသန့် ဖော်ပြမှု၊ အခြားစာသားများမပါရှိ၊ ၁၈၅၇ခုနှစ်တွင် ဂေးဆိုသည့် စကားလုံးအား ပြည့်တန်စာများအဖြစ် အသုံးပြုခေါ်ဆိုထားပုံ [၆]အမျိုးသမီးတဦးမှ အခြားတစ်ယောက်ကို မင်းဂေးနေတာ ဘယ်လောက်ကြာပြီလဲ ဟု၍ မေးမြန်းနေစဉ်၊ La Traviataကြော်ငြာ ပိုစတာတစ်ခုဖြစ်ပြီး၊ ချမ်းသာသူများသို့ လိင်ဖျော်ဖြေသူများရုပ်လုံးပြ ပြဇာတ်ဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Online Etymology Dictionary.
  2. GLAAD Media Reference Guide - Offensive Terms To Avoid (2012-04-21).
  3. APA Style Guide: Avoiding Heterosexual Bias in Language.
  4. Sherwin, Adam. "BBC ruling on use of the word gay", The Times, 6 June 2006. Retrieved on 3 May 2010. 
  5. Anti-gay abuse seen to pervade U.S. schools. Archived from the original on 2007-03-01
  6. 'The Great Social Evil'. Retrieved on September 5, 2012Punch မဂ္ဂဇင်း၏ Volume 33, 1857, page 390. ကာတွန်းသီးသန့် ဖော်ပြမှု၊ အခြားစာသားများမပါရှိ