ချဉ်ပေါင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ချဉ်ပေါင်ပင်၏ အရွက်နှင့် အဖူးများကို မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးကြသည်။

ချဉ်ပေါင်[ပြင်​ဆင်​ရန်​]

ချဉ်ပေါင်သည် မာလဗေစီအီး မျိုးရင်းတွင် ပါဝင်သည်။ ချဉ်ပေါင်ပင်ကို အပူပိုင်းဒေနှင့် သမပိုင်းဒေသများတွင်စိုက်ပျိုးနိုင်သည်။ အပူပိုင်းဒေသနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုး နိုင်သည်။ အပူပိုင်းဒေသတွင် ချဉ်ပေါင်ပင် ပို၍ ဖြစ်သည်။ ချဉ်ပေါင်ပင်ကို အမျိုးအစားလိုက်၍ ရုက္ခဗေဒအရ အမည် အမျိုးမျိုးဖြင့် ခေါ်၏။ ချဉ်ပေါင်ကြီး၊ လျှော်ချဉ်ပေါင်၊ ဓာတ်ချဉ်ပေါင်၊ ချဉ်ပေါင်လက်ခြား၊ ချဉ်ပေါင်ခါးတို့သည် ဟိုင်ဗစ္စကပ်ကန်နာဗီနပ် မျိုးစုတွင် ပါသည်။ ယင်းမျိုးစုကို အင်္ဂလိပ်လို ဒက်ကန်လျှော်ဟု ခေါ်သည်။ ချဉ်ပေါင်ရိုင်းကို ဟိုဗစ္စကပ်လူနာ ရီဖိုးလိယပ်ဟူ၍၎င်း၊ တောချဉ်ပေါင်ကို ဟိုင်ဗစ္စကပ် ပန်ဂျူရီဖောမစ်ဟူ၍၎င်း ခေါ်၏။ ဗလတ်ချဉ်ပေါင်နှင့် ချဉ်ပေါင်နီကို အင်္ဂလိပ်လို ရိုဇဲဟု ခေါ်သည်။


ချဉ်ပေါင်ကို အိမ်သုံးအတွက် ခြံတွင်း၌ စိုက်သည့်အခါ မျိုးစေ့ကို အခင်းတွင် ဤကဲ့သို့ သာမန်စိုက်၍ စားသုံးတတ်သည်။ သို့သော် ကျနသောနည်းမှာ ချဉ်ပေါင်မျိုးစေ့များကို ပျိုးခင်းတွင် စိုက်ပျိုးရသည်။ အပင်ကလေးများသည် ၄ လက်မ သို့မဟုတ် ၅ လက်မ မြင့်လာသောအခါ ယင်းတို့ကို မြေဩဇာ ကောင်းမွန်သည့်မြေတွင် တစ်ပင်နှင့်တစ်ပင် ၃ ပေစီ ခွာ၍ စိုက်ပျိုးသင့်၏။ လျှော်အတွက် စိုက်သည့်လျှော်ချဉ်ပေါင်ကိုမူ ခပ်ထူထူ စိုက်မှသာလျှင် အကိုင်းနည်းနည်းဖြာထွက်နိုင်၍ အပင်ရှည်ရှည်ရမည်။


ချဉ်ပေါင်ပင်သည် တစ်လကြာသောအခါ၊ ၂ ပေမျှ မြင့် လာသည်။ ထိုအခါ အပေါ်ပိုင်းရှိ အရွက်များကို ချက်ပြုတ် စားရန် ဆွတ်ခူးနိုင်သည်။ ဧပြီလလောက်တွင် စိုက်သော ချဉ်ပေါင်ပင်သည် အောက်တိုဘာလတွင် အပွင့်ပွင့်သည်။ မျိုးစေ့အတွက် ထားလိုသော အပင်များကိုသာ စက်တင်ဘာလ လွန်သည်အထိ ထားသင့်သည်။ ဆောင်းဥတုတွင်ပေါက်သော ချဉ်ပေါင်ပင်များသည် နေထိများ၍ ၁၂ လက်မအထိ မမြင့်မီ အပွင့်ပွင့် သောကြောင့် သုန်ဖျင်းကြသည်။


ပန်းချဉ်ပေါင်ဟူ၍ မြန်မာများခေါ်နေသည့်အပင်မှာ ချဉ်ပေါင်မျိုးမဟုတ်ပေ။ စားသုံးရသည့်အပင်လည်း မဟုတ်ပေ။ ပန်းချဉ်ပေါင်သည် မလေဗေစီအီး မျိုးရင်းတွင်ပါသော်လည်း ချဉ်ပေါင်နှင့် မျိုးစုချင်းမတူပေ။ အောသီယာရိုဇိယာမျိုးဖြစ်၍ အင်္ဂလိပ်လို ဟော်လီဟော့ဟု ခေါ်သည်။[၁]


ချဉ်ပေါင်ပင်ကို ဘိလပ်ချဉ်ပေါင်၊ ချဉ်ပေါင်လက်ခြား၊ ဗမာချဉ်ပေါင် သုံးမျိုးခွဲထားသည်။ ပေါက်ရောက်ပုံချင်း အကုန်တူသည်။ ကွဲပြားမှုက အရွက်ပုံစံ၊ အရသာဖြစ်သည်။

ဘိလပ်ချဉ်ပေါင်ပင်[ပြင်​ဆင်​ရန်​]

ဘိလပ်ချဉ်ပေါင်သည် အရွက်က လက်ဝါးပုံစံဖြစ်သည်။ နည်းနည်းဖန်သော အရသာရှိသည်။

ချဉ်ပေါင်လက်ခြား[ပြင်​ဆင်​ရန်​]

ချဉ်ပေါင်လက်ခြားသည် အရွက်က ချွန်ချွန်လေး သုံးခွပါသည်။ အချဉ် အရသာ ကောင်းပြီး မဖန်ပါ။ အရွက်ကိုတော့ ငရုတ်သီး စိမ်း၊ ပုဇွန်ခြောက်တို့နှင့် ကြော်စားလျင် အရမ်းကောင်း၏။ ချဉ်ရည်ချက်သည့် အခါမှာ ချဉ်ပေါင်လက်ခြားကို အသုံးပြုပါသည်။ ချဉ်ပေါင်လက်ခြား မရှိတော့မှ ဘိလပ်ချဉ်ပေါင်၊ ဗမာချဉ်ပေါင်ရွက်တို့ကို သုံးသည်။ “ချဉ်ပေါင်လက်ခြား ကြက်သားနဲ့မလဲနိုင်”ဟု ဆိုရိုးစကား ရှိခဲ့သည်။ ထိုချဉ်ပေါင်ကို ရွှေဘိုချဉ်ပေါင်ဟုလည်း ခေါ်ပါသေးသည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)