ချစ်ကြည်ရေးဘောလုံးအားကစား အစီအစဉ်

ဝီကီပီးဒီးယား မှ

ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ (ဥပမာ - ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ) သည် Gazprom ကုမ္ပဏီမှ နှစ်စဉ်ကျင်းပသည့် နိုင်ငံတကာ ကလေးသူငယ်များ လူမှုအစီအစဉ် ဖြစ်သည်။ အစီအစဉ်၏ ရည်ရွယ်ချက်မှာ ဘောလုံးကစားခြင်းဖြင့် မတူညီသော ဓလေ့ထုံးစံများနှင့် နိုင်ငံသားဖြစ်မှုများကို လေးစားတတ်စေရန်အတွက် နိုင်ငံမျိုးစုံမှ ကလေးများအား ပျိုးထောင်ပေးရန်၊ ငယ်ရွယ်သော မျိုးဆက်တစ်ခုကို မရှိမဖြစ်လိုအပ်သော တန်ဖိုးများဖြင့် မြှင့်တင်ပေးရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံမှ အကျိုးကျေးဇူး ရရှိစေရန်တို့ ဖြစ်သည် [၁] ။ အစီအစဉ်၏ မူဘောင်အတွင်းတွင် နိုင်ငံပေါင်းစုံမှ အသက် ၁၂ နှစ်အရွယ်ရှိသော ဘောလုံးကစားသူများသည်  [၂] နှစ်စဉ် နိုင်ငံတကာ ကလေးသူငယ်များဖိုရမ်၊ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံရှစ်၊ နိုင်ငံတကာ ဘောလုံးနှင့် ချစ်ကြည်ရေးနေ့တို့တွင် ပါဝင်လုပ်ဆောင်ကြသည်။[၃]။ အစီအစဉ်ကို ဖီဖာ၊ ယူအေးအက်အေ၊ ယူအန်၊ အိုလံပစ်နှင့် မသန်စွမ်း အိုလံပစ် ကော်မတီများ၊ နိုင်ငံပေါင်းစုံမှ အစိုးရများနှင့် ဘောလုံးအဖွဲ့ချုပ်များ၊ နိုင်ငံတကာ ပရဟိတအဖွဲ့များ၊ အများပြည်သူ အဖွဲ့အစည်းများ၊ ကမ္ဘာပေါ်ရှိ ထိပ်တန်း ဘောလုံးကလပ်များက ပံ့ပိုးပေးထားသည်။[၄] အစီအစဉ်ကို ကမ္ဘာတဝှမ်းတွင် စီစဉ်ဆောင်ရွက်သူမှာ AGT Communications Group (Russia) ဖြစ်သည်။[၅]

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ် ချစ်ကြည်ရေးဘောလုံး အစီအစဉ်[ပြင်ဆင်ရန်]

ပထမဆုံး နိုင်ငံတကာ ကလေးများညီလာခံ ချစ်ကြည်ရေးဘောလုံး အစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ဘူဂေးလ်ရီးယား၊ ဂရိတ်ဗြိတိန်၊ ဟန်ဂေရီ၊ ဂျာမဏီ၊ ဂရိ ၊ ရုရှား၊ ဆားဘီးယား နှင့် စလိုဗေးနီးယား စသော နိုင်ငံပေါင်း ၈နိုင်ငံမှ ကလေးပေါင်း ၆၇၀ ဦး ပါဝင်ဆင်နွှဲခဲ့ကြသည် ။ ရုရှားနိုင်ငံကိုယ်စားပြု အသင်းပေါင်း ၁၁သင်း ပါဝင်ခဲ့ပြီး ၎င်းမှာ ရုရှားနိုင်ငံ၏ မြို့ ၁၁ မြို့ကို ကိုယ်စားပြုကာ ၎င်းမြို့များသည် ၂၀၁၈ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား လက်ခံကျင်းပမည့်မြို့များဖြစ်ကြသည်။ ဇင်းနစ်၊ ချဲလ်ဆီး၊ ရှော်ကေး ၀၄၊ ခရာဗင်ညာဇဗက်ဇဒါ၊ တို့မှ လူငယ် အသင်းများ၊ ဂဇ်ပရွန်းမ် ကလေးများ အားကစားနေ့ အထိမ်းအမှတ် ချန်ပီယံအသင်းများ၊ ဖာခဲလ်ပွဲတော် အထိမ်းအမှတ် ချန်ပီယံအသင်းများ အစရှိသည့် အသင်းများ ပါဝင်ဆင်နွှဲခဲ့ကြသည်။[၆]

ပွဲတော်အတွင်း၊ ပါဝင်ဆင်နွှဲသော ကလေးများ အနေဖြင့် အခြားနိုင်ငံများမှ ၎င်းတို့နှင့် သက်တူရွယ်တူ ကလေးများ၊ နာမည်ကြီး ဘောလုံးသမားများ နှင့်စကားပြောဆိုခဲ့ကြပြီး ၂၀၁၂/၂၀၁၃ ဝင်ဘလေအားကစားကွင်း တွင် ကျင်းပခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသည်။[၇]

ညီလာခံ၏ ရလဒ်များကို အိတ်ဖွင့်ပေးစာ အဖြစ်ရေးသားခဲ့ပြီး ကလေးသူငယ်များမှ ကျင့်ဝတ်နှင့်တန်ဖိုး ၈ မျိုးဖြစ်သော ချစ်ကြည်မှု၊ ညီမျှမှု၊ တရားမျှတမှု၊ ကျန်းမာမှု၊ ငြိမ်းချမ်းမှု၊ သစ္စာတရားရှိမှု၊ အောင်မြင်မှု နှင့် ရိုးရာယဉ်ကျေးမှုတို့ကို ဖော်ဆောင်ခဲ့ကြသည်။ ၎င်းနောက် အဆိုပါပေးစာကို ယူအီးအက်ဖ်အေ၊ ဖီဖာနှင့် အိုင်အိုစီ [၈]တို့မှ အရာရှိများသို့ ပေးအပ်ခဲ့သည်။ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလတွင် ရုရှားသမ္မတဖြစ်သူ ဗလာဒီမာပူတင်နှင့် ဗိုက်တယ်လီ မွတ်ကို၊တို့ဖြင့်တွေ့ဆုံခဲ့စဉ်အတွင်း ဆပ်ဘလတ္တာမှ ပေးစာအားရရှိ ကြောင်းပြောဆိုခဲ့ကာ ၎င်းအနေဖြင့် ချစ်ကြည်ရေးဘောလုံးပွဲအား စတင်ရန်အသင့်ရှိကြောင်း ပြန်လည်ပြောကြား လာခဲ့သည် [၉]

၂၀၁၄ ခုနှစ် ချစ်ကြည်ရေးဘောလုံး အစီအစဉ်[ပြင်ဆင်ရန်]

ဒုတိယ အကြိမ်မြောက် ချစ်ကြည်ရေးဘောလုံးအားကစား အစီအစဉ်မှာ ၂၀၁၄ခုနှစ် မေ ၂၃ မှ ၂၅ အထိ လစ်စဘွန်းမြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှ လူငယ်ပေါင်း ၄၅၀ ကျော်တို့အား ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၎င်းနိုင်ငံများမှာ ဘယ်လာရုစ်၊ ဘူဂေးရီးယား၊ ဂရိတ်ဗြိတိန်၊ ဟန်ဂေရီ၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ ဆားဘီးယား၊ ဆလိုဗေးနီးယား၊ တူရကီ၊ ယူကရိန်း၊ ပြင်သစ်နှင့် ခရိုအေးရှား တို့ဖြစ်သည်။ ဘောလုံးသမား ကလေးငယ်လေး များအနေဖြင့် နိုင်ငံတကာ ချစ်ကြည်ရေးဘောလုံး အစီအစဉ် ပွဲတော်ကို ပါဝင်ဆင်နွှဲ ခဲ့ကြပြီး ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် ၂၀၁၃/၂၀၁၄ သို့တက်ရောက် အားပေးခဲ့ကြသည်။[၁၀] နိုင်ငံတကာ အပျော်တမ်း လမ်းပေါ် ဘောလုံးပွဲစဉ် ၂၀၁၄ ၏ချန်ပီယံမှာ ဘင်ဖီကာ လူငယ်အသင်း(ပေါ်တူဂီ)နိုင်ငံမှဖြစ်သည်။

ဒုတိယအကြိမ်မြောက် ပွဲတော်၏ ရလဒ်မှာ ချစ်ကြည်ရေးဘောလုံးအားကစား အစီအစဉ် ၏ ခေါင်းဆောင်တစ်ဦးကို ရွေးကောက်ခြင်းဖြစ်သည်။ ထိုသူမှာ ပေါ်တူဂီနိုင်ငံမှ ဖီလစ်ပီ ဆွာရက်ဇ် ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် အဆိုပါ ခေါင်းဆောင်၏ လှုပ်ရှားဆောင်ရွက်မှုများအနေဖြင့်၊ နဝမအကြိမ်မြောက် နိုင်ငံတကာ လူငယ် ဘောလုံးပွဲစဉ်သို့သွားရောက်ခဲ့ပြီး အန်ဒရေရီးဗစ်ခ်ျ မိုရိုဇော့ဗ်ဆိုသူနှင့် တွေ့ဆုံခဲ့သည်။[၁၁]

၂၀၁၅ ခုနှစ် ချစ်ကြည်ရေးဘောလုံး အစီအစဉ်[ပြင်ဆင်ရန်]

တတိယအကြိမ်မြောက် နိုင်ငံတကာ လူမှုပရိုဂရမ် ချစ်ကြည်ရေးဘောလုံးအားကစား အစီအစဉ်ကို ဘာလင်မြို့၌ ၂၀၁၅ ခုနှစ် ဇွန်လက ကျင်းပခဲ့သည် [၁၂]။ အာရှတိုက်မှ ပါဝင်ဆင်နွှဲကြသော ကလေးသူငယ်များမှာ အထူးသဖြင့် ဂျပန်နိုင်ငံ၊ တရုတ်ပြည်၊ ကာဇက်စတန် တို့မှ ကလေးဘောလုံးအသင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ပထမဆုံးပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ စုစုပေါင်းအားဖြင့်၊ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကလေးဘောလုံးအသင်း ၂၄သင်းက တတိယ အကြိမ်မြောက်ပွဲတော်တွင်ပါဝင်ဆင်နွှဲခဲ့ကြသည်။[၁၂]

ဘောလုံးသမားလေးများ အနေဖြင့် အခြားနိုင်ငံမှ ၎င်းတို့နှင့် သက်တူရွယ်တူ များ၊ နာမည်ကျော် ဘောလုံးသမားများနှင့် ဖရန့်ဇ် ဘက်အန်ဘူရာ ပရိုဂရမ် ၏ တစ်ကမ္ဘာလုံးဆိုင်ရာ သံကိုယ်စားလှယ်များနှင့်ပါ စကားလက်ဆုံ ပြောခဲ့ကြသည်။ ထို့အပြင် နိုင်ငံတကာ အပျော်တမ်းလမ်းပေါ်ဘောလုံးပွဲစဉ်ကိုလည်း ကလေးဘောလုံးအသင်းများပါဝင်ဆင်နွှဲခဲ့ကြသည်။[၁၂]

နိုင်ငံတကာ အပျော်တမ်း လမ်းပေါ် ဘောလုံးပွဲစဉ် ၂၀၁၅ ၏ ချန်ပီယံမှာ ရက်ပစ်ဂျူနီယာ အသင်း(ဩစတျေးလျ)မှ ဖြစ်သည်။[၁၂]

တတိယအကြိမ်မြောက် ချစ်ကြည်ရေးဘောလုံးအားကစား ပရိုဂရမ် အခမ်းအနားသို့ ကမ္ဘာ့ထိပ်တန်း စာနယ်ဇင်းများမှ စာနယ်ဇင်းသမားပေါင်း ၂၀၀ ခန့် တက်ရောက် ခဲ့ကြပြီး ဥရောပ နှင့် အာရှဒေသမှ လူငယ်သတင်းထောက် ၂၄ ဦးလည်းတက်ရောက် သတင်း ရယူခဲ့ကြသည်။ ၎င်းတို့မှာ နိုင်ငံတကာ ကလေးများဆိုင်ရာ ပုံနှိပ်ထုတ်ဝေရေး ဌာန မှ အဖွဲ့ဝင်များဖြစ်ကြသည်။[၁၂]

၂၀၁၅ ခုနှစ်၏ ထိပ်တန်ုးအခမ်းအနား မှာ ကျင့်ဝတ်နှင့်တန်ဖိုး (၉) မျိုး ဖလား ဆုချီးမြှင့်ပွဲဖြစ်သည်။ ၎င်းပွဲစဉ်တွင် ဆုချီးမြှင့်ခံရသည့် အနိုင်ရရှိသော အသင်းမှာ ဘာစီလိုနာ ဘောလုံးအသင်းဖြစ်သည် ။ အနိုင်ရရှိသည့် အသင်းကို ပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသော ကလေးများမှ ရွေးချယ်ပေးခဲ့ကြခြင်း ဖြစ်ပြီး နိုင်ငံပေါင်း၂၄နိုင်ငံတွင်ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆို်င်ရာ မဲခွဲဆုံးဖြတ်ပွဲ တွင်လည်း ပါဝင်ခဲ့ပြန်သေးသည်။[၁၂]

ညီလာခံပြီးဆုံးချိန်တွင် ပါဝင်ဆင်နွှဲသူအားလုံး တို့သည် ဘာလင်မြို့ရှိ အိုလံပစ် အားကစားကွင်းတွင် ၂၀၁၄/၂၀၁၅ တွင်ကျင်းပခဲ့သော ယူအီးအက်ဖ်အေ ချန်ပီယံ လိဂ် ဗိုလ်လုပွဲ သို့တက်ရောက်ခြင်း ပုံမှန်အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြသည်။[၁၃]

၂၀၁၆ ခုနှစ် ချစ်ကြည်ရေးဘောလုံး အစီအစဉ်[ပြင်ဆင်ရန်]

နိုင်ငံတကာ ကလေးများ လူမှုရေးဆိုင်ရာပရိုဂရမ် ချစ်ကြည်ရေးဘောလုံး အားကစား အစီအစဉ် ၂၀၁၆ ခုနှစ် ၏စတင်မှုကို အွန်လိုင်း ဖျော်ဖြေရေးစာနယ်ဇင်းများညီလာခံ ၏အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါညီလာခံကို မတ်လ ၂၄ ရက်၊မြူးနစ်မြို့ တွင် ဖရန့်ဇ် ဘက်အန်ဘူရာ၏ ပရိုဂရမ် ၏ ကမ္ဘာလုံးဆိုင်ရာ သံကိုယ်စားလှယ် ၏ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့်ကျင်းပခဲ့သည်။[၁၄]

စတုတ္ထမြောက် ပရိုဂရမ်တွင် အဇာဘိုင်ဂျန်၊ အယ်ဂျီးရီးယား၊ အာမေးနီးယား၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဗီယက်နမ်၊ ကာဂျစ်စတန် နှင့် ဆီးရီးယား တို့မှ လူငယ် အသင်းသစ် 8 သင်း ပါဝင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်ကြည်သည့် အသင်းစုစုပေါင်း အရေအတွက်သည် ၃၂ သင်းအထိရှိလာခဲ့သည် [၁၅]

ဧပြီ ၅ ရက်နေ့တွင် ၂၀၁၆ခုနှစ်၏ ထိပ်တန်းပွဲစဉ် ဖြစ်သော တန်ဖိုး (၉)မျိုး ဖလား၏ မဲပေးပွဲ စတင်ခဲ့သည် ။ ကမ္ဘာတစ်ဝန်းရှိ အားပေးသူပရိသတ် များက အနိုင်ရရှိသည့် အသင်းကို ရွှေးချယ်ရာ၌ပါဝင်ခဲ့ကြသည်။ သို့သော်အဆုံးအဖြတ်ကိုမူ ချစ်ကြည်ရေးဘောလုံး ပရိုဂရမ် တွင် ပါဝင်ခဲ့သူများမှ မဲပေးဆုံးဖြတ်ကြခြင်းဖြစ်သည်။ အဆိုပါ ဖလားကို ဘိုင်ယန်ဘောလုံးအသင်း(မြူးနစ်) မှရရှိခဲ့သည်။ ချစ်ကြည်ရေးဘောလုံး အားကစား အစီအစဉ်တွင် ပါဝင်ခဲ့သူများက အထောက်အပံ့ လိုအပ်နေသော ကလေးငယ်များအတွက် ပံ့ပိုးမှုပေးရန် ၊နိုင်ငံအရပ်ရပ်မှ ကလေး များအား ကိုယ်စွမ်းကိုယ်စ တိုးပွားလာရန်၊နှင့်လိုအပ်သမျှကို ကူညီဖြည့်ဆည်းပေးနိုင်ရန် အသင်း၏ လှုပ်ရှား ဆောင်ရွက် မှုများကို မှတ်တမ်းတင်ခဲ့ကြသည်။ [၁၆]

စတုတ္ထ အကြိမ်မြောက် နိုင်ငံတကာကလေးများ ညီလာခံ ချစ်ကြည်ရေးဘောလုံး အစီအစဉ် နှင့် ကလေးများ၏ နိုင်ငံတကာ အပျော်တမ်းလမ်းပေါ်ဘောလုံး ပွဲစဉ် မှ နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို ၂၀၁၆ခုနှစ် ၊မေလ ၂၇မှ ၂၈ ရက်နေ့များ၌မီလန်မြို့တွင်ကျင်းပခဲ့သည်။  ၎င်းပွဲစဉ်၏ အနိုင်ရရှိသည့်အသင်းမှာ ဆလိုဗေးနီးယားနိုင်ငံမှ Maribor အသင်းဖြစ်သည်။ ညီလာခံပြီးဆုံးချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သူများမှ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ပုံမှန်အစီအစဉ်အတိုင်း တက်ရောက် အားပေးခဲ့ကြသည် ။ ပွဲတော်၏အခမ်းအနားသို့ ကမ္ဘာ့ထိပ်တန်း စာနယ်ဇင်းများမှ စာနယ်ဇင်းသမားပေါင်း ၂၀၀ ဦးနှင့်အထက် တက်ရောက် ခဲ့ကြပြီး သတင်း ရယူခဲ့ကြသည်။ ထို့ပြင်နိုင်ငံတကာ ကလေးများဆိုင်ရာ ပုံနှိပ်ထုတ်ဝေရေး ဌာန မှ အဖွဲ့ဝင်များလည်းတက်ရောက်ခဲ့ကြသည်။ ပါဝင်ဆင်နွှဲသော နိုင်ငံများမှ လူငယ် စာနယ်ဇင်းသမားများ လည်းပါဝင်ခဲ့ကြသည်။[၁၇]

ဆီးရီးယား ကလပ်ဖြစ်သော အိုင်-ဝါဒါးမှ လူငယ်ဘောလုံးသမားများသည် စတုတ္ထအကြိမ်မြောက် ချစ်ကြည်ရေးဘောလုံး အစီအစဉ် တွင် ပါဝင်ခဲ့ကြသည်။ ၎င်းတို့မှာ ယခင်ကပါဝင်ခဲ့ခြင်းမရှိပါ။ ပရိုဂရမ်တွင်ပါဝင်သော အသင်းများ အနက် ဆီးရီးယားနိုင်ငံမှ အသင်းတစ်သင်း ပါဝင်လာခြင်း နှင့် ဆီးရီးယား ကလေးသူငယ်များ မီလန်မြို့ရှိ ၎င်းအခမ်းအနားသို့ လာရောက်လည်ပတ်ခြင်းမှာ ၎င်းတို့နိုင်ငံ၏ လူသားချင်းဆိုင်ရာ အထီးကျန်ရပ်တည်မှုများကို စိန်ခေါ်ရန် အရေးကြီးဆုံး ခြေလှမ်းများပင်ဖြစ်သည်။ ရုရှား တူဒေး နိုင်ငံတကာ ရုပ်သံလိုင်းမှ အာရပ်အားကစား အယ်ဒီတာ ဘုတ်အဖွဲ့ သည် ဆီးရီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၏ ကူညီပံ့ပိုး မှုဖြင့် ပရောဂျက်တွင် ပါဝင်ဆင်နွှဲခဲ့ကြသော ကလေးများအကြောင်း ကို “စစ်ပွဲ မရှိသော ၃ရက်တာ” အမည်ရ သတင်းမှတ်တမ်း ရုပ်ရှင် ဖြင့် မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့တွင် ဒမားစကပ်မြို့ တွင်ပြုလုပ်သော ၎င်းရုပ်ရှင်၏ ပထမဆုံမိတ်ဆက်ပြသပွဲကို လူပေါင်း ရ၀၀၀ နှင့်အထက် ကတက်ရောက် ကြည့်ရှုခဲ့ကြသည်။[၁၇]

၂၀၁၇ ခုနှစ် ချစ်ကြည်ရေးဘောလုံး အစီအစဉ်[ပြင်ဆင်ရန်]

၂၀၁၇ခုနှစ် နိုင်ငံတကာ ကလေးများဆိုင်ရာ လူမှုရေး ပရောဂျက် ချစ်ကြည်ရေးဘောလုံးအားကစား အစီအစဉ် ကိုကျင်းပခဲ့သောနေရာမှာ စိန့်ပီတာစ်ဘက် မြို့(ရုရှား) ဖြစ်သည်။ ထို့နောက် ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင် ၃ ရက်နေ့ အထိ နောက်ဆုံးအခမ်းအနားများကိုလည်း ၎င်းနေရာတွင်ပင် ကျင်းပသွားမည် ဖြစ်သည်။[၁၈]

၂၀၁၇ ခုနှစ်တွင်မူ ပါဝင်ဆင်နွှဲသော နိုင်ငံပေါင်းသည် ၃၂ နိုင်ငံမှ ၆၄ နိုင်ငံအထိ တိုးမြင့်လာခဲ့သည်။ ပထမဆုံးအနေဖြင့် ချစ်ကြည်ရေးဘောလုံးအားကစားပရိုဂရမ် သို့ မက္ကစီကို နိုင်ငံနှင့် အမေရိကန်နိုင်ငံ မှ ကလေးသူငယ်များတက်ရောက်ခဲ့ကြသည်။ ထိုသိုဖြင့် ပရောဂျက်ကို အာဖရိက၊ ယူရေးရှား၊ မြောက်အမေရိက၊ တောင်အမေရိက အစရှိသော ကမ္ဘာ့တိုက်ကြီး ၄တိုက်မှ လူငယ် ကစားသမားများ ဖြင့်ပေါင်းဖွဲ့ထားခဲ့သည်။[၁၉]

ပဉ္စမအကြိမ်မြောက် တွင် ပရိုဂရမ်ကို ခံယူချက်အာဘော်တစ်ခုဖြင့် ပြည့်စုံလေးနက်စေခဲ့သည်။ ၎င်းမှာ နိုင်ငံတစ်နိုင်ငံဆီမှ လူငယ် ဘောလုံးသမားလေး တစ်ဦးချင်းစီသည် ပရိုဂရမ်ကို ကိုယ်စားပြုသည် ဟူ၍ဖြစ်သည်။ နိုင်ငံတကာ ချစ်ကြည်ရေး အသင်း ၈သင်းတွင် ဖွဲ့စည်းထားသော ကစားသမားလေးများသည် အသက် ၁၂နှစ်ရှိသော ယောက်ျားလေး၊မိန်းကလေးများဖြစ်ကြပြီး မသန်မစွမ်းကလေးငယ် လေးများလည်း ပါဝင်ကြသည် ။[၁၉]

လွတ်လပ်စွာမဲနှိုက်မှုပုံစံဆောင်ရွက်ရာတွင် ပါဝင်ဆင်နွှဲသည့် နိုင်ငံများ၏ ကိုယ်စားလှယ်များအတွက် အသင်းများနှင့် ကစားပွဲဆိုင်ရာနေရာအလိုက် ဖွဲ့စည်းမည့်နိုင်ငံများကို ဆုံဖြတ်ခဲ့သည်။ မဲနှိုက်ဆုံးဖြတ်မှု ကို အင်တာနက်တွင်သတင်းရယူတွေ့ဆုံသည့် ပုံစံဖြင့် ကျင်းပပါမည်။ ချစ်ကြည်ရေးအသင်း ၈သင်း၏ နည်းပြများမှာ လူငယ်နည်းပြများ ဖြစ်ကြသည် - ရီနီး လမ်းပါ့တ် (စလိုဗေးနီးယား)၊ စတီဖန် မက်ခစ်မိုဗစ်ခ်ျ (ဆားဘီးယား)၊ ဘရန်ဒန် ရှာဘာနီ (ဂရိတ် ဗြိတိန်)၊ ချာလီ ရှီု (တရုတ်)၊ အနာတိုလီ ချင်တူလိုရက်ဗ် (ရုရှား)၊ ဘော့ဂ်ဒန် ခရိုလက်ဗ်စကီ (ရုရှား)၊ အန်တော့ဗ် အိုင်ဗန်နော့ဗ် (ရုရှား)၊ အမ်မာ ဟန်စ်ချင် (နယ်သာလန်)တို့ဖြစ်ကြပြီး ချစ်ကြည်ရေးဘောလုံး အစီအစဉ် ဆိုင်ရာ နိုင်ငံတကာ စာနယ်ဇင်းဌာန မှ ကိုယ်စားလှယ်ဖြစ်သူ လီလီယာ မက်ဆွတ်မိုတို (ဂျပန်)၊ လည်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။[၂၀]

၂၀၁၇ ခုနှစ် ချစ်ကြည်ရေး ဘောလုံး အစီအစဉ် ကမ္ဘာ့ဖလား ပွဲစဉ်တွင် အနိုင်ရရှိသည့်အသင်းမှာ လိမ္မော်ရောင် အသင်းဖြစ်သည်။ ၎င်းအသင်းတွင် နိုင်ငံ ၉နိုင်ငံမှလူငယ် ကစားသမားလေးများနှင့် လူငယ်နည်းပြများပါဝင်ခဲ့ကြသည်။ ၎င်းတို့မှာ ရီနီး လမ်းပါ့တ် (စလိုဗေးနီးယား)၊ ဟွန်ဂျန်မာဗင်တူ (စင်္ကာပူ)၊ ပေါလ်ပူရစ် ပထမ မွန်တားနား (စပိန်)၊ ဂါဘရီရဲ မန်ဒိုဇာ (ဘိုလီးဗီးယား)၊ ရာဗန် ကာဇီမော့ဗ် (အဇာဘိုင်ဂျန်)၊ ခရစ်စီမာ စတန်နီမီရော့ဗ် စတန်းချက်ဗ် (ဘူဂေးလ်ရီးယား)၊ အိုင်ဗန်ကတ်စကို (အာဂျင်တီးနား), ရိုမန် ဟိုးရော့ခ် (ချက်ပြည်သူ့သမ္မတနိုင်ငံ)၊ ဟမ်းဇာ ယူစက် နူရီ အယ်လ်ဟာဗတ် (လစ်ဗျား) တို့ဖြစ်ကြသည်။[၂၀]

နိုင်ငံတကာ ကလေးများ ပွဲတော် ချစ်ကြည်ရေးဘောလုံး အားကစား အစီအစဉ် သို့ ဗခ်တော ဇဗ်ကော့ဗ် (ပီဂျေအက်စ်စီ ဂဇ်ပရွန်း ဒါရိုက်တာ ဘုတ်အဖွဲ့ ၏ ဥက္ကဋ္ဌ )၊ ဖတ်မ ဆာမူရာ (ဖီဖာ အထွေထွေ အတွင်းရေးမှူး)၊ ဖီလစ်ပီ လီ ဖလော့ခ် (ဖီဖာ အထွေထွေ ကြော်ငြာကိစ္စဆိုင်ရာ ညွှန်ကြားရေးမှူး)၊ ဂီယူလီယို ဘပ်တစ်စတာ (ဘရာဇီး ဘောလုံးသမား)၊ အိုင်ဗန် ဇာမိုရာနို (ချီလီ တိုက်စစ်မှူး)၊ အလက်ဇန်းဒါး ခါဇာခေါ့ဗ် (ရုရှား ဘောလုံးသမား)နှင့် အခြားဧည့်သည်တော်များကို လူငယ်မျိုးဆက်သစ်တို့ အကြား အဓိက လူ့ကျင့်ဝတ်တန်ဖိုး မြှင်တင်ပေးလိုသော ရည်ရွယ်ချက် ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။[၂၁]

၂၀၁၇ ခုနှစ်တွင်၊ စီမံကိန်းဆောင်ရွက်မှုသည် စိန့်ပီတာစ်ဘက် မြို့[40]တွင်ကျင်းပသည့် နောက်ဆုံးအခမ်းအနားသို့တက်ရောက်ခဲ့ကြသော နိုင်ငံပေါင်း၆၄နိုင်ငံမှ ၆၀၀,၀၀၀ဦးနှင့်အထက် လူများ၊ ကလေးငယ်ပေါင်း ၁,၀၀၀ကျော်နှင့် အရွယ်ရောက်ပြီးသူတို့အပေါ်စီမံကိန်းမှ အကျိုးသက်ရောက်မှု ရှိစေခဲ့သည်။[၂၁]

၂၀၁၈ ခုနှစ် ချစ်ကြည်ရေးဘောလုံး အစီအစဉ်[ပြင်ဆင်ရန်]

၀၁၈ တွင် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ အစီအစဉ်၏ ခြောက်ကြိမ်မြောက်ရာသီကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ပိတ်ပွဲအခမ်းအနားများကို ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားပွဲ မတိုင်မီလေးတွင် မော်စကို၌ ကျင်းပခဲ့သည်။ အစီအစဉ်၌ ပါဝင်ဆောင်ရွက်သူများတွင် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၂၁၁ ခုကို ကိုယ်စားပြုသော ဘောလုံးသမားများနှင့် ဂျာနယ်လစ်များ ပါဝင်ခဲ့သည်[၂၂]။ ၂၀၁၈ အတွက် အစီအစဉ် တရားဝင်စတင်ခြင်းကို ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအတွက် မဲနှိုက်ရွေးချယ်ခြင်း တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ပြုလုပ်ခဲ့ကာ ရလဒ်အနေဖြင့် နိုင်ငံတကာ ဘောလုံးအသင်း ၃၂ သင်း – ချစ်ကြည်ရေး အသင်းများ[53] – ကို ဖွဲ့စည်းခဲ့သည်။ [၂၃]

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မစ်ရှင်တစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ကာ ၂၀၁၈ နိုင်ငံတကာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ အသင်းများကို ရှားပါးပြီး မျိုးပြုတ်မည့် အန္တရာယ်ရှိနေသည့် တိရစ္ဆာန်မျိုးစိတ်များ အမည်ဖြင့် အောက်ပါအတိုင်း ပေးခဲ့သည် -

ချစ်ကြည်ရေး အစီအစဉ်အတွက် ၂၀၁၈ ဘောလုံးပြိုင်ပွဲ၏ နိုင်ငံတကာ ချစ်ကြည်ရေး အသင်းများ

2

ထို့အတူ သဘာပတ်ဝန်းကျင်ဆိုင်ရာ မူဘောင်အတွင်းတွင်လည်း မျိုးပြုတ်မည့်အန္တရာယ်ရှိနေသော မျိုးစိတ်များကို ကယ်တင်နေသည့် အဖွဲ့အစည်းများအား ပံ့ပိုးပေးကြရန် ကမ္ဘာ့လူမှုအသိုင်းအဝိုင်းကို တိုက်တွန်းအားပေးနေသည့် Happy Buzz Day နိုင်ငံတကာ အစီအစဉ်ကိုလည်း ၂၀၁၈ မေလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ရုရှား၊ ယူအက်စ်အေ၊ နီပေါလ်နှင့် ဗြိတိန်[၂၄] ရှိ အမျိုးသားဥယျာဉ်များနှင့် ဘေးမဲ့တောများက အစီအစဉ်တွင် ပူးပေါင်းပါဝင်ခဲ့သည်။ ထို့အပြင် မော်စကိုတွင် ပြုလုပ်သော ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ၏ အပြီးသတ်အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်သူများသည် ပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် သဘာဝဓာတ်ငွေ့သုံး ဘတ်စ်ကားများဖြင့် သွားလာခဲ့ကြသည် [၂၅]

၂၀၁၈ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ အစီအစဉ် တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော နိုင်ငံများနှင့် ဒေသများ -

  1. ဩစတြေးလျ ဓနသဟာယနိုင်ငံ
  2. ဩစတြီးယားသမ္မတနိုင်ငံ
  3. အဇာဘိုင်ဂျန်သမ္မတနိုင်ငံ
  4. အယ်လ်ဂျီးရီးယား ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ
  5. အမေရိကန်ပြည်ထောင်စု ဗာဂျင် ကျွန်းစု
  6. အမေရိကန် ဆမိုးအား
  7. အန်ဂွီလာ
  8. အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံ
  9. အီဂျစ် အာရပ် သမ္မတနိုင်ငံ
  10. အာဂျင်တီးနားသမ္မတနိုင်ငံ
  11. အာရုဘာ
  12. ဘာဘေးဒိုးစ်
  13. ဘလိဇ်
  14. ဘာမြူဒါကျွန်းစု
  15. ဗင်နီဇွဲလား ဘိုလီးဘားရီးယန်း သမ္မတနိုင်ငံ
  16. ဘော့စနီးယားနှင့် ဟာဇီဂိုဗီနား
  17. ဗြိတိန်ဗာဂျင် ကျွန်းစု
  18. ဘာကီနာ ဖာဆို
  19. လူဇင်ဘတ် ဂရန်းဒျုအုပ်ချုပ်ခံ နိုင်ငံ
  20. ဟန်ဂေရီ
  21. ဥရုဂွေး အရှေ့တိုင်း သမ္မတနိုင်ငံ
  22. ဂါဘွန် သမ္မတနိုင်ငံ
  23. ဂီနီသမ္မတနိုင်ငံ
  24. ဂျီဘရော်လ်တာ
  25. ဘရူနိုင်း ဒါရုဆလမ်
  26. အစ္စရေးနိုင်ငံ
  27. ကာတာနိုင်ငံ
  28. ကူဝိတ်နိုင်ငံ
  29. လစ်ဗျားပြည်နယ်
  30. ပါလက်စတိုင်းပြည်နယ်
  31. ဂရီနာဒါ
  32. ဟယ်လင်နစ် သမ္မတနိုင်ငံ
  33. ဂျော်ဂျီယာ
  34. တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ
  35. ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ
  36. ဆောင်တူမေးနှင့်ပရင်စီပီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ
  37. ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတ သီရိလင်္ကာနိုင်ငံ
  38. ဒိုမီနီကန်သမ္မတ
  39. ဂျော်ဒန် ဟတ်ရှီမိုက် ဘုရင့်နိုင်ငံ
  40. အာဖဂန်နစ္စတန် အစ္စလာမ် သမ္မတနိုင်ငံ
  41. အီရန် အစ္စလာမ် သမ္မတနိုင်ငံ
  42. မောရီတေးနီးယား အစ္စလာမ် သမ္မတနိုင်ငံ
  43. အီတလီသမ္မတနိုင်ငံ
  44. ယီမင်သမ္မတနိုင်ငံ
  45. ကေမန် ကျွန်းစု
  46. ကနေဒါ
  47. တရုတ် ပြည်သူ့ သမ္မတနိုင်ငံ
  48. တရုတ်တိုင်ပေ (ထိုင်ဝမ်)
  49. အန်ဒိုရာ မင်းသားအုပ်ချုပ်ခံ နိုင်ငံ
  50. လီချင်စတိုင်း မင်းသားအုပ်ချုပ်ခံ နိုင်ငံ
  51. ဂိုင်ယာနာ ဖက်စပ် သမ္မတနိုင်ငံ
  52. ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ
  53. ဘာရိန်း ဘုရင့်နိုင်ငံ
  54. ဘယ်လ်ဂျီယမ် ဘုရင့်နိုင်ငံ
  55. ဘူတန် ဘုရင့်နိုင်ငံ
  56. ဒိန်းမတ်ဘုရင့်နိုင်ငံ
  57. စပိန် ဘုရင့်နိုင်ငံ
  58. ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ
  59. လီဆိုသို ဘုရင့်နိုင်ငံ
  60. မော်ရိုကို ဘုရင့်နိုင်ငံ
  61. နယ်သာလန် ဘုရင့်နိုင်ငံ
  62. နော်ဝေ ဘုရင့်နိုင်ငံ
  63. ဆော်ဒီအာရေးဗီးယား ဘုရင့်နိုင်ငံ
  64. ဆွာဇီလန် ဘုရင့်နိုင်ငံ
  65. ထိုင်း ဘုရင့်နိုင်ငံ
  66. တွန်ဂါ ဘုရင့်နိုင်ငံ
  67. ဆွီဒင် ဘုရင့်နိုင်ငံ
  68. ကာဂျစ်သမ္မတနိုင်ငံ
  69. ခူရာကာအို
  70. လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ
  71. လတ်ဗီးယားသမ္မတနိုင်ငံ
  72. လက်ဘနွန်သမ္မတနိုင်ငံ
  73. လစ်သူယေးနီးယားသမ္မတနိုင်ငံ
  74. မလေးရှား
  75. မော်လ်ဒိုက်သမ္မတနိုင်ငံ
  76. မက္ကဆီကိုပြည်ထောင်စု
  77. လူမျိုးစုပေါင်းစုံ ဘိုလီးဗီးယားနိုင်ငံ
  78. မွန်ဂိုးလီးယား
  79. မောင့်စဲရက်
  80. ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ
  81. လွတ်လပ်သော ပါပူအာနယူးဂီနီနိုင်ငံ
  82. လွတ်လပ်သော ဆမိုးအားနိုင်ငံ
  83. နယူးဇီလန်
  84. နယူး ကယ်လီဒိုနီးယား
  85. တန်ဇန်းနီးယား ပြည်ထောင်စု သမ္မတနိုင်ငံ
  86. အာရပ်စော်ဘွားများပြည်ထောင်စု
  87. ကွတ် ကျွန်းစု
  88. တာခ့်စ်နှင့်ကေကစ်ကျွန်းစု
  89. အယ်လ်ဘေးနီးယားသမ္မတနိုင်ငံ
  90. အန်ဂိုလာသမ္မတနိုင်ငံ
  91. အာမေနီးယားသမ္မတနိုင်ငံ
  92. ဘီလာရုစ်သမ္မတနိုင်ငံ
  93. ဘီနင်သမ္မတနိုင်ငံ
  94. ဘူဂေးရီးယားသမ္မတနိုင်ငံ
  95. ဘော့စ်ဝါနာသမ္မတနိုင်ငံ
  96. ဘူရွန်ဒီသမ္မတနိုင်ငံ
  97. ဗာနူအာတူသမ္မတနိုင်ငံ
  98. ဟေတီသမ္မတနိုင်ငံ
  99. ဂမ်ဘီရာသမ္မတနိုင်ငံ
  100. ဂါနာသမ္မတနိုင်ငံ
  101. ဂွာတီမာလာသမ္မတနိုင်ငံ
  102. ဂီနီ-ဘီစ်စာဥသမ္မတနိုင်ငံ
  103. ဟွန်ဒူးရပ်စ်သမ္မတနိုင်ငံ
  104. ဂျီဘူတီသမ္မတနိုင်ငံ
  105. ဇမ်ဘီယာသမ္မတနိုင်ငံ
  106. ဇင်ဘာဘွေသမ္မတနိုင်ငံ
  107. အိန္ဒိယသမ္မတနိုင်ငံ
  108. အင်ဒိုနီးရှားသမ္မတနိုင်ငံ
  109. အီရတ်သမ္မတနိုင်ငံ
  110. အိုင်ယာလန်သမ္မနိုင်ငံ
  111. အိုက်စလန်သမ္မတနိုင်ငံ
  112. ကာဇက်စတန်သမ္မတနိုင်ငံ
  113. ကင်ညာသမ္မတနိုင်ငံ
  114. ဆိုက်ပရပ်စ်သမ္မတနိုင်ငံ
  115. ကိုလံဘီယာသမ္မတနိုင်ငံ
  116. ကွန်ဂို သမ္မတနိုင်ငံ
  117. ကိုရီးယားသမ္မတနိုင်ငံ
  118. ကိုဆိုဗိုသမ္မတနိုင်ငံ
  119. ကို့စ်တာရီကာသမ္မတနိုင်ငံ
  120. အိုင်ဗရီကို့စ်သမ္မတနိုင်ငံ
  121. ကျူးဘားသမ္မတနိုင်ငံ
  122. လိုင်ဘေးရီးယားသမ္မတနိုင်ငံ
  123. မော်ရေရှားစ်သမ္မတနိုင်ငံ
  124. မာဒါဂတ်စကာသမ္မတနိုင်ငံ
  125. မက်ဆီဒိုးနီးယားသမ္မတနိုင်ငံ
  126. မာလာဝီသမ္မတနိုင်ငံ
  127. မာလီသမ္မတနိုင်ငံ
  128. မောလ်တာသမ္မတနိုင်ငံ
  129. မိုဇမ်ဘစ်သမ္မတနိုင်ငံ
  130. မောလ်ဒိုဗာသမ္မတနိုင်ငံ
  131. နမီးဘီးယားသမ္မတနိုင်ငံ
  132. နိုင်ဂျာသမ္မတနိုင်ငံ
  133. နီကာရာဂွါသမ္မတနိုင်ငံ
  134. ကာဘိုဗာဒ သမ္မတနိုင်ငံ
  135. ပါကစ္စတန် အစ္စလာမ် သမ္မတနိုင်ငံ
  136. ပနားမားသမ္မတနိုင်ငံ
  137. ပါရာဂွေးသမ္မတနိုင်ငံ
  138. ပီရူးသမ္မတနိုင်ငံ
  139. ပိုလန်သမ္မတနိုင်ငံ
  140. ပေါ်တူဂီသမ္မတနိုင်ငံ
  141. ရဝန်ဒါသမ္မတနိုင်ငံ
  142. ဆန်မာရီနိုသမ္မတနိုင်ငံ
  143. ဆေးရှဲလ်သမ္မတနိုင်ငံ
  144. ဆီနီဂေါသမ္မတနိုင်ငံ
  145. ဆားဘီးယားသမ္မတနိုင်ငံ
  146. စင်္ကာပူသမ္မတနိုင်ငံ
  147. စလိုဗေးနီးယားသမ္မတနိုင်ငံ
  148. ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ
  149. ဆူဒန်သမ္မတနိုင်ငံ
  150. ဆူရာနမ်သမ္မတနိုင်ငံ
  151. ဆီအဲရာ လီအိုနီသမ္မတနိုင်ငံ
  152. တာဂျီကစ္စတန်သမ္မတနိုင်ငံ
  153. ထရီနီဒတ်နှင့်တိုဘာဂိုသမ္မတနိုင်ငံ
  154. တာ့ခ်မန်နစ္စတန်သမ္မတနိုင်ငံ
  155. ယူဂန်ဒါသမ္မတနိုင်ငံ
  156. ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံ
  157. ဖီဂျီသမ္မတနိုင်ငံ
  158. ဖိလစ်ပိုင်သမ္မတနိုင်ငံ
  159. ခရိုအေးရှားသမ္မတနိုင်ငံ
  160. ချဒ်သမ္မတနိုင်ငံ
  161. မွန်တီနိဂရိုး
  162. ချီလီသမ္မတနိုင်ငံ
  163. အီကွေဒေါ သမ္မတနိုင်ငံ
  164. အီကွေတိုးရီးယဲ ဂီနီ သမ္မတနိုင်ငံ
  165. အယ်လ်ဆာဗေးဒိုးသမ္မတနိုင်ငံ
  166. တောင်ဆူဒန်သမ္မတနိုင်ငံ
  167. ကင်မရွန်းသမ္မတနိုင်ငံ
  168. ရုရှား ဖက်ဒရေးရှင်း
  169. ရိုမေးနီးယား
  170. အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ
  171. ပွာတိုရီကို၏ လွပ်လပ်သော တွဲဖက်ပြည်နယ်
  172. မြောက်အိုင်ယာလန်
  173. စိန့်ဗင့်ဆင့်နှင့် သည်ဂရဲနာဒင်းစ်
  174. စိန့်လူစီအာ
  175. ဆီးရီးယား အာရပ် သမ္မတနိုင်ငံ
  176. ဆလိုဗက်ကီးယားသမ္မတနိုင်ငံ
  177. ဘဟားမား ဓနသဟာယနိုင်ငံ
  178. ဒိုမီနီကာ ဓနသဟာယနိုင်ငံ
  179. ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန် ဘုရင့်နိုင်ငံ
  180. ယူနိုက်တက်စတိတ်
  181. ဆော်လမွန်ကျွန်းစု
  182. ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  183. ကိုမိုရိုစ်ပြည်ထောင်စု
  184. အထူးအုပ်ချုပ်ခွင့်ရဒေသ မကာအို တရုတ် ပြည်သူ့ သမ္မတနိုင်ငံ
  185. အိုမန် ဘုရင့်နိုင်ငံ
  186. တီဟက်တီ
  187. ဂူအမ် နယ်မြေဂူအမ် နယ်မြေ
  188. တိုဂိုသမ္မတနိုင်ငံ
  189. တူနီးရှားသမ္မတနိုင်ငံ
  190. တူရကီသမ္မတနိုင်ငံ
  191. ယူကရိန်း
  192. ဝေးလ်စ်
  193. ဖာရိုး ကျွန်းစုများ
  194. နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ
  195. အီသီယိုးပီးယား ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ
  196. ဘရာဇီး ဖက်ဒရယ် သမ္မတနိုင်ငံ
  197. ဂျာမနီ ဖက်ဒရယ် သမ္မတနိုင်ငံ
  198. နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ
  199. ဆိုမာလီယာ ဖက်ဒရယ် သမ္မတနိုင်ငံ
  200. စိန့်ကစ်နှင့်နီဗီစ် ဖက်ဒရေးရှင်း
  201. ဖင်လန်သမ္မတနိုင်ငံ
  202. ပြင်သစ်သမ္မတနိုင်ငံ
  203. ဗဟိုအာဖရိကသမ္မတ
  204. ချက်သမ္မတ
  205. ဆွစ်ဇာလန် ကွန်ဖက်ဒရေးရှင်း
  206. စကော့တလန်
  207. အီရီတရီအာ
  208. အက်စတိုးနီးယားသမ္မတနိုင်ငံ
  209. တောင်အာဖရိကသမ္မတနိုင်ငံ
  210. ဂျမေကာ
  211. ဂျပန်

၂၀၁၈ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံရှစ်တွင် နိုင်ငံတကာ ချစ်ကြည်ရေး ဘောလုံးအသင်း ၃၂ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အစီအစဉ်၏ သမိုင်းကြောင်းတလျှောက်တွင် ပထမဆုံး အကြိမ်အဖြစ် ဗိုလ်လုပွဲတွင် လူငယ်အစီအစဉ် တင်ဆက်သူအဖြစ် ဆီးရီးယားမှ Yazan Taha[၂၆] နှင့် လူငယ်ဒိုင်လူကြီးအဖြစ် ရုရှားမှ Bogdan Batalin[၂၇] တို့က ဆောင်ရွက်ခဲ့ကြသည်။

၂၀၁၈ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံရှစ်တွင် အနိုင်ရရှိသော အသင်းမှာ "ချင်ပန်ဇီများ" ဖြစ်ပြီး ဒိုမီနီကာ၊ စိန့်ကစ်နှင့်နီဗစ်၊ မာလာဝီ၊ ကိုလံဘီယာ၊ ဘီနင်နှင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့မှ လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ရုရှားနိုင်ငံ ဆရန့်စ်ခ်မြို့မှ ပါဝင်ဆောင်ရွက်သူ လူငယ်ဖြစ်သည့် Vladislav Poliakov[၂၈] မှ အသင်းကို နည်းပြခဲ့သည်။

ခြောက်ကြိမ်မြောက်ရာသီ အစီအစဉ်တွင် နောက်ဆုံးပြုလုပ်သည့် အစီအစဉ်မှာ ၂၀၁၉ နိုင်ငံတကာ ကလေးသူငယ်များ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲဖိုရမ်ဖြစ်ပြီး ယင်းကို ဇွန်လ ၁၃ ရက်နေ့တွင် Centre for Oceanography and Marine Biology "Moskvarium" တွင် ကျင်းပခဲ့သည်။ ယင်းအစီအစဉ်ကို Viktor Zubkov (Gazprom ကုမ္ပဏီ၏ ဒါရိုက်တာများအဖွဲ့ ဥက္ကဋ္ဌ)၊ Olga Golodets (ရုရှားအစိုးရ ဖက်ဒရေးရှင်း၏ ဒုဥက္ကဋ္ဌ)၊ Iker Casillas (စပိန်ဘောလုံးသမား၊ လက်ရွေးစင်အသင်း ခေါင်းဆောင်ဟောင်း)၊ Aleksandr Kerzhakov (ရုရှားဘောလုံးသမား၊ ရုရှားလူငယ် ဘောလုံးအသင်း၏ နည်းပြ) တို့အပြင် ကမ္ဘာတဝှမ်းရှိ သံရုံးပေါင်း ၅၄ ခုမှ ကိုယ်စားလှယ်များနှင့် အခြားဧည့်သည်များ တက်ရောက်ခဲ့ကြသည် [၂၉]။  

ဖိုရမ်တွင် ခြောက်ကြိမ်မြောက်ရာသီအတွက် အောက်ပါကစားသမားများအား အကောင်းဆုံး လူငယ်ကစားသမားများအဖြစ် ဆုပေးခဲ့ကြသည် - ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှ Deo Kalenga Mwenze (အကောင်းဆုံးရှေ့တန်း)၊ ဘီနင်မှ Yamiru Ouru (အကောင်းဆုံး အလယ်တန်း)၊ ဝေးလ်မှ Ivan Volynkin (အကောင်းဆုံး ဂိုးသမား) နှင့် ဘရာဇီးလ်မှ Gustavo Cintra Rocha (အကောင်းဆုံးကစားသမား)[၃၀]]။

အာရူဘာနိုင်ငံမှ Sakali Ascension  သည် ၂၀၁၈ ချစ်ကြည်ရေး၏ ဘောလုံးပြိုင်ပွဲ အစီအစဉ်၏ အကောင်းဆုံး ဂျာနယ်လစ်ဖြစ်လာခဲ့သည်။ သူမသည် သမုဒ္ဒရာပိုင်းဒေသမှ လူငယ်များအား သဘာဝပတ်ဝန်းကျင်ကို ပိုမိုသတိထားမိလာစေရန် အားပေးတိုက်တွန်းသော ဘလော့ဂ်တစ်ခုကို ဦးစီးဆောင်ရွက်ပါသည် [၃၀]

ဖိုရမ်တွင် ပြီးခဲ့သော ရာသီတွင် ပါဝင်ခဲ့သူဖြစ်သည့် အိန္ဒိယနိုင်ငံမှ Ananya Kamboj [၃၁]၏ စာအုပ်ပြသခြင်းနှင့် လက်မှတ်ထိုးပေးခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့သည်။ Ananya သည် ငါးကြိမ်မြောက် ကျင်းပသည့် ၂၀၁၇ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲပြီးနောက် "My journey from Mohali to St. Petersburg" စာအုပ်ကို ရေးသားခဲ့ပြီး လူငယ်ဂျာနယ်လစ်တစ်ဦးအဖြစ် သူမ၏ အတွေ့အကြုံကို ရေးသားဖော်ပြခဲ့သည်။ ယင်းစာအုပ်တွင် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေရန် ပြောင်းလဲရာတွင် အကူအညီဖြစ်စေသည့် အစီအစဉ်၏ တန်ဖိုးကိုးခု အကြောင်းကိုလည်း ရေးသားခဲ့သည်။

၂၀၁၈ နိုင်ငံတကာ ကလေးသူငယ်များ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖိုရမ်ပြီးနောက် ဇွန်လ ၁၄ ရက်နေ့တွင် လူငယ်ကစားသမားများနှင့် ဂျာနယ်လစ်များသည် ရုရှားနိုင်ငံရှိ ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ "Luzhniki" အားကစားကွင်းအတွင်း၌ ကလေးများသည် ယင်းနှစ်အတွက် အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော နိုင်ငံနှင့် ဒေသပေါင်း ၂၁၁ ခု၏ အလံများကို ကြီးကျယ်ခမ်းနားစွာ မြှောက်ခဲ့ကြသည်[၃၂]။ ယင်းနောက်တွင် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ၌ ပါဝင်ဆောင်ရွက်ကြသော လူငယ်များသည် အဖွင့်ပွဲစဉ်ဖြစ်သည့် ရုရှားနှင့် ဆော်ဒီအာရေဗျအသင်း ပွဲစဉ်ကို ကြည့်ရှုခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်း၏ သမ္မတဖြစ်သူ Vladimir Putin က ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲမှ ရုရှားလူမျိုး လူငယ်သံတမန်ဖြစ်သူ Albert Zinnatov ကို အဖွင့်ပွဲစဉ်အား အတူကြည့်ရှုရန် သူ၏အထူးသီးသန့် ပွဲကြည့်စင်နေရာသို့ ဖိတ်ခေါ်ခဲ့သည်။ ယင်းနေရာတွင် လူငယ်သည်ကမ္ဘာ့ဖလား ချန်ပီယံရှစ်မှ ဘရာဇီးလ်လူမျိုး Roberto Caros နှင့် စပိန်လူမျိုး Iker Casillas တို့ကို စကားပြောဆိုရန် အခွင့်အရေး ရခဲ့သည်[၃၃]

မော်စကိုတွင်ကျင်းပသော ပိတ်ပွဲအစီအစဉ်များတွင် နိုင်ငံနှင့်ဒေသပေါင်း ၂၁၁ ခုမှ ကလေးများနှင့် လူငယ်ပေါင်း ၁၅၀၀ ကျော်တို့သည် ပါဝင်ဆောင်ရွက်သူများ ဖြစ်လာကြသည်။ အရေအတွက်အားဖြင့် လူငယ်ပါဝင်ဆောင်ရွက်သူပေါင်း ၂၄၀,၀၀၀ ကျော်[၃၄] ပါဝင်သော အစီအစဉ်ပေါင်း ၁၈၀ ကျော်ကို ခြောက်ကြိမ်မြောက်ရာသီအတွင်း ကမ္ဘာ့ဒေသအမျိုးမျိုးတွင် ကျင်းပခဲ့ကြသည်။  

၂၀၁၈ တွင် အာဏာပိုင်များ၏ ကိုယ်စားလှယ်များသည် ပရောဂျက်ကို ပံ့ပိုးခဲ့ကြသည်။ Olga Golodets က နိုင်ငံတကာ ကလေးသူငယ်များဖိုရမ်တွင် ပါဝင်ဆောင်ရွက်သူများနှင့် ဧည့်သည်များအတွက် ရုရှားသမ္မတ Vladimir Putin ၏ ကြိုဆိုရေးမိန့်ခွန်းကို ဖတ်ပြခဲ့သည်[၃၅]

ရုရှားအစိုးရ ဖက်ဒရေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ Dmitry Medvedev က ခြောက်ကြိမ်မြောက် နိုင်ငံတကာ ကလေးသူငယ်များ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖိုရမ်တွင် ပါဝင်ဆောင်ရွက်သူများနှင့် ဧည့်သည်များအတွက် ကြိုဆိုရေး တယ်လီဂရမ်တစ်ခုကို ပေးပို့ခဲ့သည်[၃၆]

မေလ ၂၃ ရက် မိန့်ခွန်းပြောကြားရာတွင် ရုရှား MIA ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သူ Maria Zakharova ယနေ့ခေတ်တွင် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ အစီအစဉ်ကို ရုရှားနိုင်ငံ၏ နိုင်ငံတကာ လူမှုရေး မူဝါဒ၏ လူသားအကျိုးဆောင်ရွက်သော အရေးကြီးသည့် အစိတ်အပိုင်းအဖြစ် ကမ္ဘာ့လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်[၃၇]

ဖီဖာသည် အစဉ်အလာအရ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ အစီအစဉ်ကို ပံ့ပိုးပေးခဲ့သည်။ အပြီးသတ် အစီအစဉ်များအား မော်စကို၌ ကျင်းပရာတွင် ပါဝင်ဆောင်ရွက်သူများနှင့် ဧည့်သည်များအဖြစ် လူပေါင်း ၅၀၀၀ ကျော်ရှိခဲ့ကြောင်း အဖွဲ့အစည်းက သတိပြုမိခဲ့သည်[၃၈]

၂၀၁၉ ခုနှစ် ချစ်ကြည်ရေးဘောလုံး အစီအစဉ်[ပြင်ဆင်ရန်]

သတ္တမအကြိမ်မြောက် ရာသီ ဖြစ်တဲ့ နိုင်ငံတကာကလေးသူငယ်များဆိုင်ရာ “ Football For Friendship” လူမှုရေးအစီအစဉ်အား၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး[၃၉] အစီအစဉ်၏နောက်ဆုံးလှုပ်ရှား ဆောင်ရွက်မှုများကို မေလ ၂၈ ရက်မှ ဇွန်လ ၂ ရက်အထိတိုင်အောင် မက်ဒရစ်မြို့၌ ကျင်းပခဲ့သည်။[၄၀]

အပြည်ပြည်ဆိုင်ရာဘောလုံးအားကစားနှင့်ချစ်ကြည်ရေးနေ့ကို ဧပြီ လ ၂၅ ရက် နေ့ တွင်ဥရောပ၊ အာရှ၊ အာဖရိက၊ မြောက်အမေရိကနှင့်တောင်အမေရိကနိုင်ငံပေါင်း ၅၀ ကျော်တွင်ကျင်းပခဲ့သည်။ ရုရှားနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (RFS) သည်လည်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။[၄၁]

PJSC (Gazprom) ၏ ကလေးသူငယ်များဆိုင်ရာလူမူရေးအစီအစဉ်ဖြစ်တဲ့ “ Football For Friendship ” ၂၀၁၉ အပြည်ပြည်ဆိုင်ရာ ဖိုရမ်အား မေလ ၃၀ရက်နေ့၌ မက်ဒရစ်မြို့တွင် ကျင်းပခဲ့သည်။ ဖိုရမ်သည် ကမ္ဘာတဝှမ်းမှ ကျွမ်းကျင်သူများဖြစ်သောဘောလုံးနည်းပြများ၊ ကလေးအသင်းများမှဆရာဝန်များ၊ နာမည်ကျော်သရုပ်ဆောင်များ၊ နိုင်ငံတကာမီဒီယာများမှသတင်းထောက်များ၊ အပြည်ပြည်ဆိုင်ရာဘောလုံးအကယ်ဒမီများနှင့်အဖွဲ့ချုပ်များ မှကိုယ်စားလှယ်များပါဝင်ခဲ့သည်။[၄၂]

ကမ္ဘာပေါ်ရှိတိုင်းရင်းသားပေါင်းစုံအများဆုံးပါဝင်တဲ့ ဘောလုံးလေ့ကျင့်မှုကို မေလ ၃၁ ရက်နေ့တွင်မက်ဒရစ်မြို့၌  ပြုလုပ်ခဲ့သည်။ “Football For Friendship” လေ့ကျင့်မှု၏ရလဒ်အနေဖြင့်  GUINNESS WORLD RECORDS တရားဝင် ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်အသိအမှတ်ပြုလက်မှတ်အားရခဲ့သည်။[၄၃] သတ္တမကြိမ်မြောက်ရာသီအတွင်း ဥရောပ၊ အာဖရိက၊ အာရှ၊ မြောက်အမေရိကနှင့် တောင်အမေရိကမှလူငယ်စာနယ်ဇင်းသမား ၃၂ ဦးသည်အစီအစဉ်၏ နောက်ဆုံးလှုပ်ရှားမှူများကို ကူညီပံ့ပိုးပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာနှင့်အမျိုးသားသတင်းမီဒီယာတို့ပူးပေါင်းပြင်ဆင်မှု ကိစ္စရပ်များတွင်ပါဝင်ခဲ့သော  “Football For Friendship” အစီအစဉ်၏ အပြည်ပြည်ဆိုင်ရာကလေးများစာနယ်ဇင်းစင်တာကိုဖွဲ့စည်းခဲ့သည်။[၄၄]

သတ္တမကြိမ်မြောက်ရာသီ ၌ ပါဝင်သူများသည် လီဗာပူးလ်ဘောလုံးအသင်းအား လူမှုရေးစံပြအသင်းအဖြစ်(Nine Values Cup)(အပြည်ပြည်ဆိုင်ရာကလေးသူငယ်များဆိုင်ရာလူမှုရေးအစီအစဉ်၏ -Football for Friendship ဆု)ကိုပေးအပ်ခဲ့သည်။

ဇွန်လ (၁) ရက်နေ့မှာတော့ မက်ဒရစ်မြို့ ယူအီးအက်ဖ်အေ ဘောလုံးကွင်းမှာ သတ္တမမြောက် ရာသီရဲ့ အထွတ်အထိပ်ဖြစ်သော  “Football For Friendship” အစီအစဉ် ၏ ကမ္ဘာ့ချန်ပီယံ ဖိုင်နယ်ပွဲစဉ်ကို ပြုလုပ်ခဲ့သည်။ ရလဒ်များအရ (Antiguan Racer ) အသင်းသည် (Tasmania Devils) အသင်းနှင့် ပုံမှန်ချိန်တွင် (1-1) ရလဒ်ဖြင့်သရေကစားခဲ့ပြီး ပင်နယ်တီရလဒ်ဖြင့် အနိုင်ရရှိခဲ့ကာ ပထမဆုအား ဆွတ်ခူးသွားခဲ့သည်။[၄၅]

ချစ်ကြည်ရေးအတွက်ဘောလုံး - ၂၀၂၀[ပြင်ဆင်ရန်]

၂၀၂၀ ခုနှစ်တွင် နိုဝင်ဘာ ၂၇ ရက် မှ ဒီဇင်ဘာ ၉ ရက်နေ့အထိအွန်လိုင်းဒီဂျစ်တယ် ပလက်ဖောင်းပေါ်တွင် “Football For Friendship” ရှစ်ကြိမ် မြောက်ရာသီ၏ နောက်ဆုံးလုပ်ရှား ဆောင်ရွက်ချက်များကိုအွန်လိုင်း ပုံစံဖြင့် ကျင်းပခဲ့သည်။  ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်မှတက်ရောက်သူပေါင်း (၁၀၀၀၀)ကျော်တို့သည် အဓိကလှုပ်ရှား ဆောင်ရွက်မှုများတွင်ပူးပေါင်းပါဝင်ခဲ့ကြသည်။

အစီအစဉ်၏ ရှစ်ကြိမ်မြောက်အတွက် multiplayer အွန်လိုင်းသရုပ်ပြဘောလုံးကစားနည်း (Football for Friendship World)ကိုတီထွင်ခဲ့သည်၊ ထိုကစားနည်းပေါ် အခြေခံ၍ ၂၀၂၀  “Football For Friendship” ကမ္ဘာ့အွန်လိုင်းချန်ပီယံပွဲ ကိုကျင်းပခဲ့သည်။ ထိုကစားနည်းကို ၂၀၂၀၊ ဒီဇင်ဘာ ၁၀ ရက်နေ့ ကမ္ဘာ့ဘောလုံးအားကစားနေ့ မှစ၍ ကမ္ဘာတစ်လွှား မှ ဒေါင်းလုတ် ရယူနိုင်ခဲ့သည်။[၄၆]

အသုံးပြုသူများသည်  “Football For Friendship” အစီစဉ်၏ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ထားရှိသောစည်းမျဉ်းစည်းကမ်းများအရ ပွဲများတွင်ပါဝင်ရန်အခွင့်အရေးရှိသည်။  ထိုကစားပွဲ သည် ချစ်ကြည်ရင်းနှီးမှု၊ ငြိမ်းချမ်းရေးနှင့်တန်းတူညီမျှမှု စသည့် အစီအစဉ်၏အဓိကစံထား သောအရာများကိုအခြေခံထားသည်။[၄၇]

“Football For Friendship” ၂၀၂၀ ၏ ကမ္ဘာ့ အွန်လိုင်းချန်ပီယံပွဲ၏ Open Draw အခမ်းအနားအား နိုဝင်ဘာ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည်။[၄၈]

နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ ၆ ရက်နေ့အထိတိုင်အောင် ကလေးများအတွက်လူသားချင်း စာနာထောက်ထားမှုနှင့်အားကစားပညာရေးဆိုင်ရာအစီအစဉ်များပါသောနိုင်ငံတကာ အွန်လိုင်းချစ်ကြည်ရင်းနှီးမှုစခန်းအားဖွင့်လှစ်ခဲ့သည်။[၄၉]

နိုဝင်ဘာ ၃၀ရက်နေ့ မှဒီဇင်ဘာ ၄ ရက်နေ့အထိတိုင်အောင် အပြည်ပြည်ဆိုင်ရာအွန်လိုင်းဖိုရမ်  “Football For Friendship” ၏ အစီအစဉ်များကိုကျင်းပခဲ့ပြီးကလေးသူငယ်ဆိုင်ရာအားကစားဖွံ့ဖြိုးတိုးတက်မှုအတွက်စီမံကိန်းများကိုတင်ပြခဲ့သည်။  ကျွမ်းကျင်သော ဂျူရီအဖွဲ့သည် “Football For Friendship”  နိုင်ငံတကာဆု ရရှိရန်အတွက် လျှောက်ထားသောစီမံကိန်းများ၏တင်ဆက်မှု အသီးသီးအား အရေးထားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်နေ့အထိ(Football For Friendship) အွန်လိုင်းပြိုင်ပွဲကို ကျင်းပခဲ့သည်။  ဒီနှစ်ချန်ပီယံလုပွဲကို ဒီဂျစ်တယ်အွန်လိုင်းပလက်ဖောင်းပေါ်မှာကျင်းပခဲ့ပြီး၊အဲ့ဒီအတွက်လည်း multiplayer သရုပ်ပြဘောလုံးကစားနည်း (Football for Friendship) အားအထူးပြုလုပ်ပေးခဲ့သည်။

ဒီဇင်ဘာ ၉ ရက်နေ့မှာ “Football For Friendship” ဂရန်းဖိုင်နယ် ပွဲစဉ်အား ကျင်းပခဲ့သည်။[၅၀] အစီအစဉ်၏ ရှစ်ကြိမ်မြောက် ရာသီကာလအတွင်းကုလသမဂ္ဂ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် နိုင်ငံအသီးသီးမှကလေးများအတွက် ဝက်ဘ် ကွန်ဖရင့် များပြုလုပ်ခဲ့သည်။

အစီအစဉ်၏ ရှစ်ကြိမ်မြောက်ရာသီအတွင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဖရီးစတိုင်ဘောလုံးကစားသမားများနှင့်ပူးပေါင်း၍ အပတ်စဉ် “ငါရှိနေတဲ့ အားကစားရုံ ” အမည်ဖြင့်  ရှိုးပွဲ အားထုတ်လွှင့်ပြသခဲ့သည်။ ဖရီးစတိုင်ကစားသမားသည် အစီစဉ်မှာပါဝင်တဲ့ငယ်ရွယ်သောသံတမန်လေးများအား တင်ဆက်မှုတိုင်းတွင်ကစားနည်းလှည့်ကွက်များသင်ကြားပေးခဲ့သည်။ တင်ဆက်မှု အပိုင်းတစ်ခုစီ၏ အဆုံးတွင် ကစားကွက်အကောင်းဆုံးစွမ်းဆောင်ရည်အတွက် ပြိုင်ပွဲတစ်ခု အားသတ်မှတ်ကြေညာပေးခဲ့သည်။ ရှိုးပွဲသည် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းမာစတာ အတန်းဖြင့်အဆုံးသတ်ခဲ့ပြီး ထိုအစီစဉ်သည်လည်း ဒုတိယအကြိမ်အဖြစ် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ပါဝင်သူဦးရေ အရေအတွက်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ဖြစ်လာခဲ့သည် ။

“Football For Friendship” အစီစဉ်မှ လူငယ်သတင်းသမား တွေရဲ့အပတ်စဉ်ထုတ်လွှင့်ပြသတဲ့ ရှိုးပွဲမှာကလေးများသည်ကမ္ဘာတစ်ဝန်းလုံးရှိ အပြုသဘောဆောင်သောသတင်းများကိုပရိသတ်များအား မျှဝေချပြခဲ့သည်။

ချစ်ကြည်ရေးအတွက် ကမ္ဘာ့ချန်ပီယံရှစ်ဘောလုံးပွဲ[ပြင်ဆင်ရန်]

နိုင်ငံတကာကလေးသူငယ်ဘောလုံး တံခွန်စိုက်ပြိုင်ပွဲကို ချစ်ကြည်ရေးအစီအစဉ်အတွက် ဘောလုံး၏ ကန့်သတ်ဘောင်အတွင်း ကျင်းပခဲ့သည် ။ ချန်ပီယံရှစ်တွင်ပါဝင်ဆင်နွှဲသည့် အသင်းများ – ချစ်ကြည်ရေးအသင်းများ – ကို အဖွဲ့မဲနှိုက်ရာတွင် ဖွဲ့စည်းခဲ့သည် [၅၁]။ ချစ်ကြည်ရေးအတွက် ဘေားလုံးစည်းကမ်းများအပေါ် အခြေခံပြီး အသင်းများကို ဖွဲ့စည်းသည် - တစ်သင်းထဲတွင် နိုင်ငံသား၊ လိင်နှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ ကွဲပြားသည့် အားကစားသမားများ[၅၂]

ချစ်ကြည်ရေးအတွက် နိုင်ငံတကာ ကလေးသူငယ်များ၏ ဖိုရမ် ဘောလုံးပွဲ[ပြင်ဆင်ရန်]

ချစ်ကြည်ရေးအတွက် နိုင်ငံတကာ ကလေးသူငယ်များ၏ ဖိုရမ် နှစ်ပတ်လည် ဘောလုံးပွဲတွင်၊ ပရောဂျက်အတွက် ငယ်ရွယ်သော ပါဝင်ဆင်နွှဲသူများနှင့် လူကြီးများက ကမ္ဘာတစ်ဝန်းလုံးတွင် အစီအစဉ်တန်ဖိုး မြှင့်တင်ခြင်းနှင့် တိုးတက်ရေးကို ဆွေးနွေးကြသည်။ ဖိုရမ်အတွင်း ကလေးသူငယ်များသည် အခြားနိုင်ငံများမှ ရွယ်တူကစားသမားများ၊ နာမည်ကျော်ဘောလုံးကစားသမားများ၊ ဂျာနယ်လစ်များနှင့် ပြည့်သူ့အချစ်တော်များနှင့် တွေ့ဆုံစကားပြောပြီး ၎င်းတို့၏ ရွယ်တူများကြားတွင် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများကို လွတ်လပ်စွာမြှင့်တင်ရန် အနာဂတ်တွင် ဆက်လက်လုပ်ဆောင်သွားမည့် လူငယ်သံတမန်များလည်း ဖြစ်လာကြသည်။

နိုင်ငံတကာ ကလေးသူငယ်များ၏ သတင်းမီဒီယာစင်တာ[ပြင်ဆင်ရန်]

ချစ်ကြည်ရေးအတွက် ဘောလုံးပွဲ အစီအစဉ်၏ အထူးဝန်ဆောင်မှုမှာ နိုင်ငံတကာ ကလေးသူငယ်များ၏ သတင်းမီဒီယာစင်တာ ဖြစ်သည် ။ ယင်းအား ချစ်ကြည်ရေးအတွက် ဘောလုံးပွဲ အစီအစဉ်အောက်တွင် ၂၀၁၄ ခုနှစ်တွင် ပထမဦးဆုံး ဖွဲ့စည်းခဲ့သည်။ သတင်းမီဒီယာစင်တာတွင် လူငယ်ဂျာနယ်လစ်များက ၎င်းတို့နိုင်ငံများရှိ အစီအစဉ်၏ ပွဲများကို ပြောပြပါသည်[၅၃] - နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အားကစား မီဒီယာအတွက် သတင်းများ ပြင်ဆင်ပေးသည်၊ ချစ်ကြည်ရေးအတွက် ဘောလုံးပွဲ တီဗွီအစီအစဉ်အတွက် လိုအပ်ပစ္စည်းများဖန်တီးရာတွင် ပါဝင်ဆင်နွှဲသည်၊ ကလေးသူငယ်များ၏ ချစ်ကြည်ရေးအတွက် ဘောလုံးပွဲ သတင်းစာနှင့် အစီအစဉ်၏ တရားဝင် ရေဒီယိုအသံလွှင့်ရုံ ။ နိုင်ငံတကာ ကလေးသူငယ်များ၏ သတင်းမီဒီယာစင်တာက အကောင်းဆုံးလူငယ်ဂျာနယ်လစ် နိုင်ငံအဆင့်ပြိုင်ပွဲများ ၏ ဆုရရှိသူများ၊ လူငယ်ဘလော့ဂ်ဂါများ၊ ဓာတ်ပုံဆရာများနှင့် စာရေးဆရာများကို စုစည်းပေးပါသည်။ သတင်းမီဒီယာစင်တာ လူငယ်ဂျာနယ်လစ်များက "ကလေးသူငယ်များနှင့် ပတ်သက်သည့် ကလေးသူငယ်များ" ပုံစံကို အကောင်အထည်ဖော်ပြီး အစီအစဉ် အတွင်းမှ ၎င်းတို့၏အမြင်ကို တင်ပြသည်။ [၅၄]

နိုင်ငံတကာ ဘောလုံးနှင့် ချစ်ကြည်ရေးနေ့[ပြင်ဆင်ရန်]

ချစ်ကြည်ရေးအတွက် ဘောလုံးပွဲ အစီအစဉ်အောက်တွင်၊ နိုင်ငံတကာ ဘောလုံးနှင့် ချစ်ကြည်ရေးနေ့ကို ဧပြီလ ၂၅ ရက် [၅၅]တွင် ဂုဏ်ပြုကျင်းပသည်။  ဤပိတ်ရက်ကို ၂၀၁၄ မှ စတင်၍ နိုင်ငံပေါင်း ၁၆ နိုင်ငံ]တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ ဤနေ့တွင်၊ ချစ်ကြည်ရေးပွဲများ ၊ စုပေါင်းလှုပ်ရှားမှုများ၊ ရေဒီယိုမာရသွန်များ၊ မာစတာအတန်းများ၊ ရုပ်မြင်သံကြားရှိုးများ၊ လေ့ကျင့်ရေးဆက်ရှင်များဖွင့်ခြင်း၊ စသဖြင့်တို့ကို ကျင်းပခဲ့သည်။ ဂုဏ်ပြုအခမ်းအနားတွင် လူပေါင်း ၅၀,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့သည်။[၅၆]

၂၀၁၅ ခုနှစ်တွင်၊ ဘောလုံးနှင့် ချစ်ကြည်ရေးနေ့ကို နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် ဂုဏ်ပြုကျင်းပခဲ့သည်။ ပွဲတော်အတွင်း၊ ချစ်ကြည်ရေးဘောလုံးပွဲနှင့် အခြားပွဲများ ကျင်းပခဲ့သည်။ ဂျာမနီတွင်၊ ရှော့ကေး ၀၄ ဘောလုံးသမားများက လေ့ကျင့်ရေးဆက်ရှင်ဖွင့်ပွဲတစ်ပွဲကို ကျင်းပခဲ့သည်၊ ဆားဘီးယားက တီဗွီရှိုးတစ်ပွဲကျင်းပခဲ့သည်၊ ယူကရိန်းတွင်– မိသားစုများ၊ ကလေးသူငယ်များနှင့် လူငယ်များအတွက် ပြည့်သူဝန်ဆောင်မှုများ၏ လက်စ်ခ်မြို့တော်စင်တာတွင် မှတ်ပုံတင်ထားသည့် ဗိုလင်း အက်ဖ်စီ ဂျူနီယာအသင်းနှင့် ကလေးသူငယ်များက ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ခဲ့သည်။[၅၆]

ရုရှားတွင်၊ ဘောလုံးနှင့် ချစ်ကြည်ရေးနေ့ကို ဧပြီလ ၂၅ ရက်တွင် မြို့ပေါင်း ၁၁ မြို့တွင် ဂုဏ်ပြုကျင်းပခဲ့သည်။ အစီအစဉ်၏ အဓိကတန်ဖိုးများကို ပြန်လည်အမှတ်ရစေရန် ချစ်ကြည်ရေးဘောလုံးပွဲများကို ဗလာဒီဗာစ်တော့၊ နိုဗိုဆီဘရပ်စ်၊ ရဲကတာရင်ဘတ်၊ ခရပ်စ်နိုရာ့စ်ခ်၊ ဘာနူရယ်၊ စိန့်ပီတာစ်ဘတ်နှင့် ဆာရန့်စ်ခ်တို့တွင် ကျင်းပခဲ့သည်။ အိုလံပစ်မီရှူးတိုင် လက်ဆင့်ကမ်းအပြေးပွဲ ၂၀၁၄ မှ မီးရှူးတိုင်ကိုင်ဆောင်သူများ၏ ပါဝင်ဆင်နွှဲခြင်းနှင့်အတူ ချစ်ကြည်ရေးပြန်ကစားပွဲကို တိုင်ခရပ်စ်နိုရာ့စ်ခ်တွင်၊ ဆိုချီနှင့် ရိုစတော့ဗ်အွန်ဒွန်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ မော်စကိုတွင်၊ မျက်မမြင်အားကစားအဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့်၊ တန်းတူအခွင့်အရေးပြိုင်ပွဲတစ်ပွဲကို စီစဉ်ခဲ့သည်။ မေလ ၅ ရက်တွင်၊ ဘောလုံးနှင့် ချစ်ကြည်ရေးနေ့အား နစ်ဇနီ နော့ဗ်ဂိုရော့ဒ်နှင့် ကာဇန်တွင် ကျင်းပခဲ့သည်။

၂၀၁၆ ခုနှစ်တွင်၊ ဘောလုံးနှင့် ချစ်ကြည်ရေးနေ့ကို နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ဂုဏ်ပြုကျင်းပခဲ့သည်။ ရုရှားတွင် မြို့ကိုးမြို့ဖြစ်သည့် မော်စကို၊ စိန့်ပီတာစ်ဘတ်၊ နိုဗိုဆီဘရပ်စ်၊ ဘာနူရယ်၊ ဘာအိုဘစ်ဒ်ရှန်၊ အာခတ်၊ ခရက်စ်နိုဒါ၊ နစ်ဇနီ နော့ဗ်ဂိုရော့ဒ်နှင့် ရိုစတော့ဗ်အွန်ဒွန်းတို့တွင် ကျင်းပခဲ့သည်။ နစ်ဇနီ နော့ဗ်ဂိုရော့ဒ်က ဗိုလ်ဂါ အက်ဖ်စီမှ လူငယ်ဘောလုံးသမားများနှင့် ကလေးသူငယ်များအတွက် သွေးပူလေ့ကျင့်ခန်းနှင့် သင်တန်းများ ကျင်းပပေးသည့် ကလပ်မှ လူရွယ်ကစားသမားများအတွက် ချစ်ကြည်ရေးပွဲတစ်ပွဲ ကျင်းပပေးခဲ့သည်။ နိုဗိုဆီဘရပ်စ်တွင် ကျင်းပခဲ့သည့် ချစ်ကြည်ရေးပွဲတွင်၊ မသန်စွမ်းကလေးငယ်များက နိုဗိုဆီဘရပ်စ်ဒေသအသင်း ရာမက်ခ်-စီဘာတွင် ပါဝင်ခဲ့သည်။

2017 ခုနှစ်တွင်၊ ဘောလုံးနှင့် ချစ်ကြည်ရေးနေ့ကို နိုင်ငံပေါင်း 64 နိုင်ငံတွင် ဂုဏ်ပြုကျင်းပခဲ့သည်။ ဆားဘီးယားနိုင်ငံ ခံစစ်ကစားသမား ဘရန်နီစလဗ် အိုင်ဗန်နိုဗစ်ခ်ျနှင့် ဒတ်ခ်ျတိုက်စစ်မှူး ဒါ့ခ်ကူရစ်တို့ပါဝင်သည့် နာမည်ကျော် ဘောလုံးသမားများက ကမ္ဘာတစ်လွှားရှိ ပွဲများတွင် ပါဝင်ခဲ့သည်။ ဂရိတွင်၊ နိုင်ငံလက်ရွေးစင်အသင်းနှင့် ဥရောပဘောလုံးချန်ပီယံရှစ် ၂၀၀၄ ခုနှစ် ချန်ပီယံဖြစ်သူ သီအိုဒိုးရက်စ် ဇာဂိုရာကစ်က ပွဲတက်ရောက်ခဲ့သည်။ ရုရှားတွင်၊ ဇင်းနစ် အက်ဖ်စီက ၂၀၁၇ ခုနှစ်တွင် ချစ်ကြည်ရေးအစီအစဉ်အတွက် ဘောလုံး သံတမန်ဖြစ်သူ ဇာခါဘတ်ရက်ခ်အတွက် အထူးလေ့ကျင့်ရေးဆက်ရှင်တစ်ခု လက်ခံကျင်းပခဲ့သည်။ လေ့ကျင့်ရေးဆက်ရှင်တွင်၊ ဇင်းနစ် အက်ဖ်စီမှ ဂိုးသမား ရူရီ လိုဒီဂျင်က ဇာခါ၏ စွမ်းရည်ကို ချီးကျူးခဲ့ပြီး သူနှင့်အတူ ဂိုးဖမ်းခြင်း၏ လျှို့ဝှက်ချက်ကို မျှဝေခဲ့သည်။

ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ၏ တန်ဖိုးကိုးခု[ပြင်ဆင်ရန်]

၂၀၁၃ မေလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သော ပထမဆုံး နိုင်ငံတကာ ကလေးသူငယ်များဖိုရမ်တွင် ဗြိတိန်၊ ဂျာမနီ၊ ဆလိုဗေးနီးယား၊ ဟန်ဂေရီ၊ ဆားဘီးယား၊ ဘူလ်ဂေးရီးယား၊ ဂရိနှင့် ရုရှားတို့မှ လူငယ်သံတမန်များက အစီအစဉ်၏ အောက်ပါပထမဆုံး တန်ဖိုးရှစ်ခုကို စီစဉ်သတ်မှတ်ခဲ့ကာ အိတ်ဖွင့်ပေးစာတစ်စောင်ဖြင့် ပေးပို့ခဲ့သည် - မိတ်ဆွေဖြစ်ခြင်း၊ ညီမျှခြင်း၊ မျှတခြင်း၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ အလေးထားခြင်း၊ အောင်မြင်မှုနှင့် ဓလေ့ထုံးတမ်းများ ဖြစ်ကြသည်။ စာအား အောက်ပါနိုင်ငံတကာ အားကစားအဖွဲ့အစည်းများ၏ ဦးဆောင်သူများထံသို့ ပေးပို့ခဲ့သည် - နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဖက်ဒရေးရှင်း (ဖီဖာ)၊ ဥရောပသမဂ္ဂ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)နှင့် နိုင်ငံတကာ အိုလံပစ် ကော်မတီ။ ၂၀၁၃ စက်တင်ဘာလတွင် Joseph Blatter သည် Vladimir Putin နှင့် Vitalii Mutko တို့နှင့် အစည်းအဝေး လုပ်နေစဉ်အတွင်း စာကို လက်ခံရရှိကြောင်း အတည်ပြုခဲ့ပြီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ပံ့ပိုးပေးရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်[၁၁]

၂၀၁၅ တွင် တရုတ်၊ ဂျပန်နှင့် ကာဇက်စတန်တို့မှ ပါဝင်ဆောင်ရွက်သူများသည် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ပူးပေါင်းခဲ့ကြပြီးနောက် ကိုးခုမြောက် တန်ဖိုးဖြစ်သည့် - ဂုဏ်သရေကို အဆိုပြုခဲ့သည်[၅၇]

နိုင်းအဖိုးတန်ဖလား[ပြင်ဆင်ရန်]

နိုင်းအဖိုးတန်ဖလားသည် နိုင်ငံတကာကလေးများ၏ ချစ်ကြည်ရေးအတွက် လူထုအစီအစဉ် ဘောလုံးပွဲအတွက် ဆုဖလားဖြစ်သည်။ ပရောဂျက်၏ တန်ဖိုးများဖြစ်သည့် ချစ်ကြည်ရေး၊ တန်းတူညီမှု၊ တရားမှု၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ သစ္စာရှိမှု၊ အောင်မြင်မှု၊ ရိုးရာများနှင့် ဂုဏ်ပြုမှုစသည့် တန်ဖိုးများကို အကောင်းဆုံးကြိုးစားလုပ်ဆောင်ပေးသူများအတွက် ဖလားကို နှစ်စဉ်ချီးမြှင့်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ အားပေးသူပရိသတ် များက အနိုင်ရရှိသည့် အသင်းကို ရွှေးချယ်ရာ၌ပါဝင်ခဲ့ကြသည်။ သို့သော်အဆုံးအဖြတ်ကိုမူ ချစ်ကြည်ရေးဘောလုံး ပရောဂျက် တွင် ပါဝင်ခဲ့သူများမှ မဲပေးဆုံးဖြတ်ကြခြင်းဖြစ်သည်။ နိုင်းအဖိုးတန်ဖလား ပိုင်ရှင် ဘောလုံးအသင်းများမှာ - ဘာစီလိုနာ (၂၀၁၅)၊ ဘိုင်ယန်မြူးနစ် (၂၀၁၆)၊ အယ်လ် ဝါဒါ (အထူးဆု)၊ ရီးရဲမက်ဒရစ် (၂၀၁၇) တို့ဖြစ်သည်။ [၅၈]

ချစ်ကြည်ရေးလက်ကောက်[ပြင်ဆင်ရန်]

ချစ်ကြည်ရေးပရိုဂရမ်အတွက် ဘောလုံးပွဲ၏လုပ်ဆောင်ချက်အားလုံးသည် တန်းတူညီမှုနှင့် ကျန်းမာသော ဘဝနေထိုမှု၏ သင်္ကေတတစ်ခုဖြစ်သော ချစ်ကြည်ရေးလက်ကောက် လဲလှယ်မှုဖြင့် စတင်ပါသည်။ လက်ကောက်သည် အပြာနှင့် အစိမ်းချည်မျှင်များပါဝင်ပြီး ပရိုဂရမ်၏ တန်ဖိုးများကို မျှဝေသည့် မည်သူမဆို ဝတ်ဆင်နိုင်သည် ။ [၅၉]

ဖရန့်ဇ် ဘက်အန်ဘူရာ၏ အဆိုအရ

"လှုပ်ရှားမှု၏ သင်္ကေတမှာ နှစ်ရောင်စပ်လက်ကောက်ဖြစ်သည်၊ ၎င်းက ရိုးရှင်းပြီး ချစ်ကြည်ရေးပရိုဂရမ်အတွက် ဘောလုံး၏ ရှိရင်းစွဲတန်ဖိုးများအဖြစ် နားလည်နိုင်သည်။

အစီအစဉ်တွင်ပါဝင်သူ လူငယ်များက - ဒစ်ခ် အက်ဗီုကတ်ထ်၊ ဒီဒီရာ ဒရော့ဘာ၊ မက်စ် မေရာ၊ ဖက်ထ်မ ဆာမူရာ၊ လီယွန် ဂိုရက်ခါ၊ ဒိုမီနီကို ခရစ်ဟီတို၊ မိုက်ကယ် ဆယ်လ်ဂါဒို၊ အလက်ဇန်းဒါး ခါဇာခေါ့ဗ်၊ ဒီမာ့စ် ပီရော့စ်၊ မီရိုဒရက်ဂ် ဘိုဇိုဗစ်၊ အက်ဒီလီနာ ဆော့နီခိုဗာ၊ ရူရီ ခါမင်းနက်စ်တို့ အပါအဝင် နာမည်ကျော် အားကစားသမားများနှင့် ပြည့်သူ့အချစ်တော်များ၏ လက်ကောက်ဝတ်များတွင် ချစ်ကြည်ရေးလက်ကောက်များကို ချည်နှောင်ပေးကြသည်။  [၅၉]

ရာသီအလိုက် ပါဝင်ဆောင်ရွက်သူများ၏ လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

ချစ်ကြည်ရေးပရိုဂရမ်အတွက် ဘောလုံးပွဲမှ လူငယ်ဘောလုံးသမားများက တရားဝင်ရာသီအပြင်ဘက်တွင် မျိုးစုံသောပွဲများတွင် ပါဝင်ဆင်နွှဲကြသည်။ ၂၀၁၃ ခုနှစ် မေလတွင်၊ မာရီဘောဂျူနီယာ ဘောလုံးအသင်း (ဆလိုဗေးနီးယား) က ကမ္ဘောဒီးယားကလေးသူငယ်များ [၆၀]နှင့်အတူ ရန်ပုံငွေ ချစ်ကြည်ရေးပွဲ ကျင်းပခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက် ဆိုချီတွင်၊ ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ္တလာ [၆၁]နှင့် ရှရှားပြည်ထောင်စု၏ သမ္မတတို့၏ တွေ့ဆုံမှုအတွင်း ပရိုဂရမ်တွင်ပါသည့် ရုရှားမှ ပါဝင်ဆင်နွှဲသူများက ဗလာဒီမာပူတင်နှင့် ဆွေးနွေးခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင်၊ ပြင်သစ်သမ္မတ ဖရန့်ဆို့စ် ဟိုလန်ဒီက ပြင်သစ်နှင့် နိုင်ဂျီးရီးယား[၆၂] တို့၏ ၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလားကို ကြည့်ရန် အီလီစီးနန်းတော်သို့ ချစ်ကြည်ရေးပရိုဂရမ်အတွက် ဘောလုံးပွဲ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ တာဗာနီအသင်းအား ဖိတ်ကြားခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင်၊ ၂၀၁၅ ခုနှစ် ချစ်ကြည်ရေးပရိုဂရမ်အတွက် ဘောလုံးသံတမန် ရူရီ ဗစ်ချက်က ပရောဂျက်တွင်ပါဝင်ခဲ့သည့် ၎င်းတို့၏အတွေ့အကြုံကို မျှဝေရန်ဘီလာရုဇ်၏ အသန်မာဆုံးလူသား ခီရေးလ် ရှင်မ်ခိုနှင့် ဘိတ် အက်ဖ်စီမှ လူငယ်ဘောလုံးသမားများနှင့် တွေ့ဆုံခဲ့သည်။ ရူရီ ဗစ်ချက်က ချစ်ကြည်ရေး၊ တရားမျှတမှု၊ ကျန်းမာသော ဘဝနေထိုင်မှု စသည့် ပရောဂျက်၏ တန်ဖိုးများကို မြှင့်တင်ရန် ခီရေးလ် ရှင်မ်ခိုအား အချက်ပြတုတ်တံပေးခဲ့ရင်း ချစ်ကြည်ရေးသင်္ကေတ လက်ကောက်တစ်ခု ပေးခဲ့သည်၊  [၆၂]

ဆုငွေများနှင့် ဆုများ[ပြင်ဆင်ရန်]

ချစ်ကြည်ရေးပရိုဂရမ်အတွက် ဘောလုံးပွဲက ပြိုင်ပွဲမျိုးစုံကို အနိုင်ရခဲ့ပြီး ရုရှားနှင့် နိုင်ငံတကာဆုများကို ပိုင်ဆိုင်ခဲ့သည်။ ၎င်းတို့တွင် - "နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး" အမျိုးအစားတွင် "ရုရှား၏ အကောင်းဆုံးလှုမှု ပရောဂျက်များ"၊ "ပူးတွဲလှုမှုရေးဝတ္တရား" ၂၀၁၆ [4] အမျိုးအစားတွင် နိုင်ငံတကာ စီးပွားရေးဆက်ဆံသူများ အသင်း (IABC) ရွေငန်းဆု၊ "ကမ္ဘာမြေကြီးအတွက် အကောင်းဆုံးလူမှုပရောဂျက်" (၂၀၁၆) ခေါင်းစဉ်တွင် ဆာဘားဆုများ၊ "အကောင်းဆုံးနိုင်ငံတကာမဟာဗျူဟာ" (၂၀၁၇)[၆၃] ခေါင်းစဉ်တွင် လူမှုလှုပ်ရှားမှုဆုများ၊ "အကောင်းဆုံမီဒီယာမဟာဗျူဟာ" (၂၀၁၇)[၆၄] ခေါင်းစဉ်တွင် ဆန်းသစ်သော ဒစ်ဂျစ်တယ် မားကတ်တင်းနည်းလမ်းများအတွက် နိုင်ငံတကာရေးရာလှုပ်ရှားသူဆုများ၊ "ရုရှား၏ အကောင်းဆုံးလှုမှုပရောဂျက်" (၂၀၁၈) ခေါင်းစဉ်တွင် "ငွေလေးသည်တော်"၊ နှင့် "ငွေလေးသည်တော်" (၂၀၁၈) ဆုကြီးတို့ ပါဝင်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. https://www.sportindustry.biz/news/football-friendship-project-returns
  2. inserbia.info/today/2014/04/gazproms-football-for-friendship-2014
  3. www.newswire.ca/en/story/1505319/europe-and-asia-to-meet-within-football-for-friendship-international-children-s-social-project-of-gazprom
  4. https://www.sport-express.ru/football/gazprom/reviews/futbol-dlya-druzhby-2018-obyavleny-imena-uchastnikov-programmy-ot-rossii-1401229/
  5. www.prnewswire.com/news-releases/young-football-players-from-24-countries-of-europe-and-asia-meet-at-third-international-childrens-football-for-friendship-forum-506472841.html
  6. https://archive.today/20150515191023/http:/fcbusiness.co.uk/news/article/newsitem=2379/title=franz+beckenbauer+kicks+off+gazprom%92s+%91football+for+friendship%92+campaign
  7. www.ntv.ru/sport/627113
  8. https://www.fifa.com/about-fifa/marketing/sponsorship/partners/gazprom.html
  9. https://web.archive.org/web/20150522173321/http:/www.epochtimes.de/service/vladimir-putin-und-fifa-praesident-joseph-s-blatte-bei-football-for-friendship-222
  10. www.euronews.com/2014/05/27/football-for-friendship-teaching-values-through-football
  11. ၁၁.၀ ၁၁.၁ www.lazionews.eu/settore-giovanile/oltre-450-ragazzi-riuniti-da-gazprom-in-occasione-del-secondo-forum-internazionale-football-for-friendship/
  12. ၁၂.၀ ၁၂.၁ ၁၂.၂ ၁၂.၃ ၁၂.၄ ၁၂.၅ www.noodls.com/viewNoodl/28582380/oao-gazprom/young-football-players-from-24-countries-of-europe-and-asia-
  13. www.prnewswire.com/news-releases/young-football-players-from-24-countries-of-europe-and-asia-meet-at-third-international-childrens-football-for-friendship-forum-506472841.html
  14. www.mirror.co.uk/sport/football/news/franz-beckenbauer-reveals-hes-barcelona-7695610
  15. www.sgb-sports.com/index.php/fourth-gazprom-football-for-friendship-project-launches/
  16. rbth.com/sport/2016/06/01/gazprom-brings-soccer-crazy-kids-to-milan-for-uefa-champions-league-final_599353
  17. ၁၇.၀ ၁၇.၁ www.beyondsport.org/articles/fourth-international-football-for-friendship-forum-brings-together-young-footballers-from-three-continents/
  18. www.live5news.com/story/34934258/fifth-season-of-gazproms-football-for-friendship-international-childrens-project-launched
  19. ၁၉.၀ ၁၉.၁ finance.dailyherald.com/dailyherald/news/read/33918303/Fifth_Season_of_Gazprom's_Football_for_Friendship_International_Children's_Project_Launched
  20. ၂၀.၀ ၂၀.၁ www.newswit.com/.gen/2017-03-17/bafb838790ea60129b53d1add5e4ee99/
  21. ၂၁.၀ ၂၁.၁ www.euronews.com/2017/07/06/football-brings-kids-together
  22. www.euronews.com/2018/02/16/football-for-friendship-sets-stage-for-2018-world-cup
  23. www.thedailystar.net/sports/football/time-defender-bangladesh-1543027
  24. www.chronicle.co.zw/russia-opportunity-for-zim-youngsters/
  25. www.africanews.com/2018/02/17/football-for-friendship-draw-held-ahead-of-the-2018-world-cup//
  26. https://www.sovsport.ru/others/lifestyle/articles/1059219-shikarnyj-futbol-krepkaja-druzhba
  27. https://www.sovsport.ru/others/lifestyle/articles/1058343-ih-podruzhil-futbol
  28. https://www.sport-express.ru/football/gazprom/news/yunyy-trener-iz-rossii-stal-chempionom-mira-po-futbolu-dlya-druzhby-1420530/
  29. https://www.sport-express.ru/football/gazprom/reviews/more-schastya-druzhby-i-futbola-1428124/
  30. ၃၀.၀ ၃၀.၁ https://www.sovsport.ru/others/lifestyle/articles/1059219-shikarnyj-futbol-krepkaja-druzhba
  31. https://www.sport-express.ru/football/gazprom/reviews/more-schastya-druzhby-i-futbola-1428124/
  32. https://rsport.ria.ru/russia2018_news/20180615/1138055010.html
  33. https://www.sport-express.ru/football/gazprom/news/yunyy-posol-futbola-dlya-druzhby-vstretilsya-s-prezidentom-rossii-na-chm-v-moskve-1424143/
  34. https://www.sport-express.ru/football/gazprom/news/uchastniki-futbola-dlya-druzhby-iz-211-stran-i-regionov-pribyli-v-moskvu-1419265/
  35. https://regnum.ru/news/2430800.html
  36. http://government.ru/gov/persons/183/telegrams/32841/
  37. http://www.mid.ru/ru/press_service/spokesman/briefings/-/asset_publisher/D2wHaWMCU6Od/content/id/3231268##23
  38. https://www.fifa.com/worldcup/news/211-countries-and-regions-took-part-in-the-sixth-international-football-for-frie
  39. Markets (in en)။ ၈ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  40. International Day of Football and Friendship Celebrated in Schools Around the World (in en)။ ၈ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  41. Int'l Football for Friendship Forum 2019 in Madrid Unites Kids' Soccer Experts From Around the Globe (in en) (NaN)။
  42. Most nationalities in a football (soccer) training session (in en-gb)။
  43. Football for Friendship Young Participants became correspondents of international media
  44. End of Seventh Season of Football for Friendship in Madrid (in en) (NaN)။
  45. Football for Friendship: Sportsmanship has no borders (in en) (6 ဇွန် 2019)။
  46. New 'Football for Friendship' Simulator to be Released on World Football Day (in en) (NaN)။
  47. မော်ကွန်းတင်ပြီးမိတ္တူ။ 18 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2020 တွင် ပြန်စစ်ပြီး။
  48. Football for Friendship
  49. Football for Friendship
  50. Football for Friendship
  51. www.chelseafc.com/news/latest-news/2014/06/chelsea-foundation-plays-part-in-children-forum.html
  52. rbth.com/sport/2014/05/30/big_soccer_for_little_europeans_37075.html
  53. www.itsroundanditswhite.co.uk/2014/04/15/football-for-friendship-are-on-the-hunt-for-talented-young-journalists/
  54. https://web.archive.org/web/20160304111738/http:/www.getbucks.co.uk/news/local-news/12-year-old-bucks-boy-best-young-9095138
  55. https://web.archive.org/web/20150522194216/http:/theindependent.sg/blog/2015/04/27/kids-from-24-countries-in-europe-and-asia-are-celebrating-international-day-of-football-and-friendship/
  56. ၅၆.၀ ၅၆.၁ https://www.theguardian.com/football/2015/apr/26/said-and-done-blatter-putin-david-cameron
  57. http://www.joblenobl.ru/news/287-v-ramkakh-programmy-futbol-dlya-druzhby-uchrezhden-kubok-devyati-tsennostej
  58. www.euronews.com/2017/07/17/f4f-nine-values-cup-2017-goes-to-real-madrid
  59. ၅၉.၀ ၅၉.၁ https://www.theguardian.com/football/2015/apr/26/said-and-done-blatter-putin-david-cameron
  60. sport.rbc.ru/article/172216/
  61. en.kremlin.ru/events/president/news/19222
  62. ၆၂.၀ ၆၂.၁ www.leparisien.fr/politique/mondial-2014-hollande-invite-deux-clubs-amateurs-a-l-elysee-pour-france-nigeria-28-06-2014-3960541.php
  63. www.socialbuzzawards.com/social-buzz-awards-2017/best-international-strategy/how-to-make-kids-voices-to-be-heard-globally
  64. http://www.internationalist-awards.com/new-digital-awards/