ချစ်ကောင်း၊ အဆိုတော်

Wikipedia မှ
(ချစ်ကောင်း မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Acap.svg ဤဆောင်းပါးတွင် ဝီကီစံညွှန်းနှင့်အညီ စကားပြေ အရေးအသား တည်းဖြတ်ပေးရန်လိုအပ်နေသည်။
သင် တည်းဖြတ် နိုင်သည်။ လမ်းညွှန် ဖတ်ပါ။
ချစ်ကောင်း
Chit kaung.gif
အမည်ရင်း ခင်မောင်ညွန့်
မွေးသက္ကရာဇ်
မွေးရာဇာတိ မန္တလေးမြို့
ပညာအရည်အချင်း ဆယ်တန်း
နိုင်ငံ Flag of Myanmar.svg မြန်မာ
အလုပ်အကိုင် တေးသံရှင်၊သရုပ်ဆောင်
ကိုးကွယ်သည့်ဘာသာ အစ္စလာမ်
ထင်ရှားကျော်ကြားမှု ကော်ဖီခါးခါး တေးစီးရီး

အနုပညာအသိုင်းအဝန်းနှင့် ရင်နှီးသူများက ဗိုလ်ချစ် ဟုခေါ်သော အဆိုတော် ချစ်ကောင်းသည် ၁၉၈၀ ကျော် ကာလများ ကတည်းက တေးရေး ဝင်းမင်းထွေး၏ ကော်ဖီခါးခါး တေးစီးရီးဖြင့် အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ထိုအချိန်က လက်ဘက်ရည်ဆိုင်များတွင် ကော်ဖီခါးခါးမှာလျင်ပင် ချစ်ကောင်းတစ်ခွက်ဟု မှာကြသည်အထိ အောင်မြင်မှု ရရှိခဲ့သည်။

ချစ်ကောင်း(ခေါ်) ခင်မောင်ညွန့်သည် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် ဖခင်သေဆုံးခဲ့သည်။ ထို့နောက် ရန်ကုန်သို့ မိသားစုနှင့် အတူပြောင်းရွှေ့လာခဲ့သည်။ လမ်း(၅၀)တွင် နေထိုင်ပြီး အ.ထ.က(၂)ဗိုလ်တထောင် တွင် ပညာသင်ကြားခဲ့သည်။ ဆယ်တန်းတွင် နွေရာသီ ဘင်ခရာသင်တန်းကို အ.ထ.က(၄)ဗိုလ်တထောင်ကျောင်း၌ တက်ရောက်ပြီး ကျောင်းဆင်းပွဲ၌ သီချင်းဆိုခဲ့ရာမှ ဂီတနယ်ပယ်ထဲသို့ ရောက်ရှိခဲ့သည်။ (မှတ်မိပါသေးသည်။ ကျောင်းဆင်းပွဲ၌ သီဆိုသောသီချင်းမှာ ကိုအံ့ကြီး၏ သီချင်းဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် သူ၏အသံကို အံ့ဩရပေသည်။ ထိုအချိန်ကတည်းက ကျောင်းသူကျောင်းသားများက သူကို အားပေးခဲ့ပေသည်။ မေယာ အမ်တီ)

ပထမဆုံး သီချင်းစီးရီး ထုတ်ရန် ကြိုးစားခဲ့သော်လည်း လူလိမ်ခံရ၍ မအောင်မြင်ခဲ့ပေ။ ၁၉၈၆-ခုနှစ် နှစ်စတွင် သီချင်းရေး ဝင်းမင်းထွေး၏ တေးသွားများဖြင့် ကော်ဖီခါးခါး အခွေ စတင်ထွက်ရှိပြီး အောင်မြင်မှုကို ရရှိခဲ့ပေသည်။ ကော်ဖီခါးခါးအခွေသည် ကော်ပီသီချင်းများ ဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုလည်း သီဆိုအောင်မြင်ခဲ့သည်။ ကျော်ဟိန်းသီဆိုသော `တစ်ယောက်ထည်းလား´အခွေကို ပြန်ဆိုသောအခါတွင်လည်း အောင်မြင်ခဲ့သည်။ Hip-Hop အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲဖက်သီဆိုမှုတွင်လည်း လူငယ်များကြားတွင် ဦးချစ်ကောင်း အမည်ဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ကော်ပီသီချင်းများ၊ ကိုယ်ပိုင်သံစဉ်များ၊ ပြန်ဆိုသီချင်းများ၊ ဟစ်ဟော့သီချင်များနှင့် တွဲဖက်သီဆိုနိုင်သော ပါရမီရှင် အဆိုကျော်တစ်ဦး ဖြစ်ပေသည်။ ချစ်ကောင်း၏ သီဆိုမှုစတိုင်သည် တခြားအဆိုတော်များ၏ စတိုင်ကို အတုမခိုးဘဲ ကိုယ်ပိုင်စတိုင်နှင့် သီဆိုခဲ့သည့်အတွက် ထူးခြားမှု ရှိပေသည်။

ဘဝင်မြင်ပြီး မာနကြီးမှု မရှိပါ။ ယခုအခါ သူ၏မျိုးဆက်ဖြစ်သော သမီးလေးကလည်း `အိမ့်ချစ်´ဟူသောအမည်ဖြင့် အဆိုတော်တစ်ယောက် ဖြစ်လာပေသည်။

ကိုယ်ပိုင် ကိရိယာများ
အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ