ခေါင်းဆောင်မှု
မာတိကာ |
[ပြင်ဆင်ရန်] ခေါင်းဆောင်မှု
အင်္ဂါ(၉)ရပ်
[ပြင်ဆင်ရန်] သဒ္ဓါရှိ
၁။ လုပ်နေရသောအလုပ်၏ မွန်မြတ်မှုကို သက်ဝင်ယုံကြည်သော စိတ်ဓါတ်အဟုန်နှင့် ပြည့်စုံရမည်၊ သဒ္ဓါသမ္ပဒါ (သဒ္ဓါတရားနှင့်ပြည့်စုံခြင်း) ဖြစ်ရပါမည်။
[ပြင်ဆင်ရန်] အလုပ်တတ်
၂။ မိမိအလုပ်ကိုတတ်သိကျွမ်းကျင်ရပါ မည်။
[ပြင်ဆင်ရန်] တာဝန်ယူ
၃။ မိမိဌာန လုပ်သမျှ အတွက် မိမိကိုယ်တိုင်တာဝန်ယူရမည်။
[ပြင်ဆင်ရန်] တိုးအောင်လုပ်
၄။ မိမိကိုယ်ကို မိမိသိရှိအောင် ဝေဖန်စစ်ဆေးပြီး မိမိ၏စွမ်းရည် ပိုမိုထက်မြက်လာအောင်ကြိုးစားရမည်။
[ပြင်ဆင်ရန်] စံပြဖြစ်
၅။ နမူနာကောင်းပြရမည်။
[ပြင်ဆင်ရန်] တာဝန်ရှာ
၆။ တာဝန်ကို မကြောက်ပဲ ပြေးတွေ့ရဲမည်၊ တာဝန် နည်းသေးလျှင် များလာအောင် ရှာကြံရမည်၊ မိမိ၏ လက်အောက်ငယ်သားများတွင်တာဝန်ယူတတ်သည့် စိတ်ဓါတ်နှင့် တာဝန်ယူတတ်သည့်စိတ်ဓါတ်ရှိလာအောင်လုပ်ရမည်။ (ချစ်တယ်ပြောမိပြီး တော့..... မှာ့တော့)
[ပြင်ဆင်ရန်] အခိုင်းတတ်
၇။ လက်အောက်ငယ်သားများအား ခိုင်းစေသောအခါ အောက်ပါ သုံးချက်ကို အထူး သတိပြုရမည်။ က) ခိုင်းလိုက်သည့်အလုပ်ကို သူတို့သေသေချာချာ နားလည်ရဲ့လား။ ခ) သူ့တို့လုပ်တာကို မိမိက ဖြစ်စေ၊ အခြားတစ်ယောက်ယောက်ကဖြစ်စေ၊ ကြီးကြပ်ရဲ့လား။ ဂ) ခိုင်းလိုက်သည့် အလုပ်ကို ပြီးစီးအောင် သူတို့လုပ်ကြရဲ့လား။
[ပြင်ဆင်ရန်] မေတ္တာထား
၈။ မိမိ၏လက်အောက်ငယ်သားတိုင်းကို မိမိကိုယ်တိုင် သိအောင်လုပ်ရမည်၊ သူတို့၏ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးကို ဂရုစိုက်ရမည်။
[ပြင်ဆင်ရန်] ပညာပေး
၉။ မိမိ၏ လက်အောက်ငယ်သားများ သိသင့်သိထိုက်သည်တို့ကို အမြဲသိနေအောင် ဆောင်ရွက်ပေးရမည်။