ခပေါင်းပင်
Wikipedia မှ
| Strychnine tree | ||||||||||
|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||
|
||||||||||
| ဒွိနာမ | ||||||||||
| ''Strychnos nux-vomica'' | ||||||||||
ခပေါင်းပင်ကို ရုက္ခဗေဒအရ စထရိခနို့နပ် ဗလန်ဒါ ဟုခေါ်သည်။ ထိုအပင်၏ ပဉ္စငါးပါးလုံးသည် အဆိပ်ဖြစ်စေတတ်သည်။ အစေ့များမှ ဆေးဖက်ဝင်၍ အဆိပ်ပြင်းသော စထရီခနင်အယ်ကာလွိုက်ကို ထုတ်ယူရရှိနိုင်သည်။
ခပေါင်းပင်မှ လုံးပတ် ၃၊ ၄ ပေမျှ ရှိ၍ အမြင့်ပေ ၃၀၊ ၄၀ အထိ မြင့်သည်။ အသားမာကျောသည်။ တာရှည်ခံသည်။ ထွန်တုံး ထွန်သန်၊ လှည်းဘီး၊ အိမ်ထောင်ပရိဘောဂအတွက် ခပေါင်းသစ်ကို အသုံးပြုနိုင်လေသည်။
မြန်မာနိုင်ငံအထက်ပိုင်း အောက်ပိုင်းမြေပြန့်နှင့် တောင်ကုန်းဒေသတို့တွင် ခပေါင်းပင်များ ပေါက်ရောက်လေ့ ရှိသည်။ ခပေါင်းပင်၏ အသားမှာ ခါး၏။ ထိုအသားကို အဖျားဖြတ်ဆေး ဖော်စပ်ရာ၌ အသုံးပြုလေ့ ရှိသည်။ ထို့ပြင် အလှအပအိမ်ထောင်ပရိဘောဂများ ပြုလုပ်ရန်အတွက်လည်း အသုံးပြုကြသည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-၂ အတွဲ-(ခ)