ကွန်ပျူတာ ပရိုဂရမ်မာ
ပရိုဂရမ်မာ သို့ ကွန်ပျူတာ ပရိုဂရမ်မာ သည် computer software ရေးသားနိုင်သူဖြစ်သည်။ (source code များကို ရေးသွင်းသူသက်သက်လည်းဖြစ်နိုင်သည်)။ ကွန်ပျူတာ ပရိုဂရမ်မာ တို့သည် computer programming တစ်ခုခုအား ကွမ်းကျင်သူ သို့မဟုတ် software ၏ source code များကို အထွေထွေရေးသားသော သူဖြစ်သည်။ (ပရိုဂရမ်မာ များသည် သူတို့၏ ကွမ်းကျင်မှုအလိုက် (Java, Delphi, C++, စသည့် ပရိုဂရမ်မီး ဆော့ဖ်ဝဲများသုံးစွဲရေးသားလေ့ရှိသည်။) ပရိုဂရမ်မာ သည် software developer, software engineer, computer scientist, သို့ software analyst တို့မဟုတ်ပေ။ ထိုအလုပ်များသည် ပရိုဂရမ်ပြုလုပ်ခြင်း အသိအနည်းငယ်အပြင် အခြား software engineering အသိ များပိုမိုလိုအပ်ချက်ရှိသည်။ ထိုအကြောင်းများကြောင့် ထိုအလုပ်ပညာရှင်များက ပရိုဂရမ်မာ ဟုခေါ်လျှင် source code များကို ရေးသွင်းသူအဖြစ် နှိမ်ချ၍ ခေါ်သည်ဟု ယူဆကြသူလည်းရှိတတ်သည်။ အဆိုပါ developer၊ analysts, computer scientist, ပရိုဂရမ်မာ ဆိုသောအလုပ်သဘာဝများအပေါ် ပညာရှင် အချင်းချင်း ငြင်းဆိုကြလျက်ရှိသည်။