ကျပ်လျား

ဝီကီပီးဒီးယား မှ

ကျပ်လျားသည် လက်ဝဲမင်းခမ်းတော်များတွင် ပါဝင်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ကျပ်လျားကို ရွှေသားဖြင့် ပြုလုပ်ထားပြီး ရတနာကျောက်မျက်များ စီခြယ်ထားသည်။ ကျပ်လျားကို ကျပ် (သို့မဟုတ်) ကျပ်လှ (သို့မဟုတ်) ကျပ်မြင်းမိုရ်ဟုလည်း ခေါ်ကြသည်။

ကျပ်လျားသည် သထုံမင်းတို့၏ အဆောင်ဖြစ်သည်။ ကျပ်လျားသည် ပဏ္ဍာဝတောင်၏ သဏ္ဌာန်ရှိသည်ဟု ရွှေဘုံနိဒါန်းတွင် ဖော်ပြထားသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျပ်လျား၏ သမိုင်းကြောင်းကို ရွှေဘုံနိဒါန်းတွင် ဖော်ပြထားသည်မှာ တကောင်းမင်းယောက်ဖအိမ်ရှေ့မင်းသည် ဝက်ကြီးကို ရှင်းလင်းပြီးနောက်တွင် ရသေ့ပြုနေ၏။ ရသေ့သည် ချဉ်ဆာမှီးအံ့သောငှာ လူရှိရာအရပ်သို့ သွားလေ၏။ ထိုအခါ ခရီး၌ သိကြားမင်းသည် ချဉ်ဆားကိုကာ ထည့်ရန်ပစ္စည်းနှင့်တကွ ရသေ့အား ကပ်လေ၏။ ရသေ့ပေးသည့် ထည့်ရန်ပစ္စည်းအား ကျင်းမြင်းမိုရ် (သို့မဟုတ်) ကျပ်လျားဟု ခေါ်ကြသည်။

သို့ဖြစ်၍ ကျပ်လျားသည် မှူးမတ်တို့၏ အဆောင်မဟုတ်ဘဲ မင်းတို့၏ အဆောင်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာမင်းခမ်းတော်များနှင့် အမျိုးသားပြတိုက်တွင် ပြသထားသော ရွှေထည်ငွေထည်ပစ္စည်းများ Text "publisher" ignored (အကူအညီ)