ကျင်းယုံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စာရေးဆရာ ကျင်းယုံ

ကျင်းယုံ(အင်္ဂလိပ်ဘာသာဖြင့်-Jin Yong, တရုတ်ဘာသာဖြင့်-查良鏞博士) သည် တရုတ်စာရေးဆရာ တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ လူးဝစ်စ်ချာ ဖြစ်သည်။ GMB နှင့် OBE စသည့် ဘွဲ့အမည်များကို ရရှိခဲ့သူဖြစ်ပြီး ၁၉၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် မွေးဖွားသည်။ ၁၉၅၉ ခုနှစ်တွင် စတင်သော ဟောင်ကောင်နေ့စဉ် သတင်းစာ မင်ပေါင်း ကို တည်ထောင်သူများတွင် တစ်ဦး အပါအဝင်ဖြစ်ကာ သတင်းစာ၏ ပထမဆုံး အယ်ဒီတာချုပ်ဖြစ်သည်။

ကျင်းယုံရေးသားသော ဝူရှား အမျိုးအစား တရုတ်သိုင်းဝတ္ထုများကို တရုတ်စကားပြော ဒေသများဖြစ်သော တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အရှေ့တောင် အာရှ နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် ဖတ်ရှုသူ အများအပြား ရှိသည်။ ၁၉၅၅ မှ ၁၉၇၂ ခုနှစ် အတွင်း ရေးသားသော ဝတ္ထုများကြောင့် သူ့အား အကောင်းဆုံး တရုတ်သိုင်းဝတ္ထုရေး စာရေးဆရာ တစ်ယောက် အဖြစ် နာမည်ကျော်ကြားခဲ့သည်။ သူသည် ယခုလက်ရှိတွင် သက်ရှိထင်ရှား ရှိနေသော တရုတ်စာရေးဆရာများတွင် အရောင်းရဆုံး စာရေးဆရာ တစ်ဦးဖြစ်ပြီး စာအုပ်ပေါင်း သန်း ၁၀၀ ကျော်ကို ရောင်းချပြီး ဖြစ်သည်။

ကျင်းယုံ၏ ထင်ရှားသော ဝတ္ထုများတွင် သူရဲကောင်းတို့၏ ဒဏ္ဍာရီ ( မိုးကျော်သူ မြန်မာပြန် သိုင်းလောကမှ သူရဲကောင်းများ) ၊ တိမ်လွှာဓား နှင့်နဂါးနိုင်ဓား (တက္ကသိုလ် နေလင်းအောင် မြန်မာပြန် နဂါးနိုင်ဓား) နှင့် သိုင်းလောက အညှိုးခံ မိုးပျံမြေခွေး တို့ ပါဝင်သည်။