ကလီဂျူလာဘုရင်

ဝီကီပီးဒီးယား မှ
ကလီဂျူလာဘုရင်

ကလီဂျူလာသည် ၁၂-ခုနှစ်တွင် ရိနိုင်ငံ အက်ရှမ်မြို့၌ ဖွားမြင်၍၊ ၃၇ ခုနှစ်မှ ၄၁ နှစ် အထိ ရောမနိုင်ငံတော်၏ တတိယဧကရာဇ်ဘုရင်အဖြစ် စိုးစံသည်။ ငယ်စဉ်က သူ့ဖခင်၏ ရောမစစ်တပ်တွင် ကြီးပြင်း ခဲ့ရ၏။ ကလီေခေါ် ရောမစစ်ဖိနပ်ကြီးကို ဝတ်ဆင်လေ့ရှိသော ကြောင့် ကလီဂျူလာဟု အမည်တွင်ခဲ့သည်။ သူ၏အမည်ရင်း မှာ ဂေးယပ်ဆီဇာဖြစ်၏။ သူသည် ရောမနိုင်ငံတော်၏ ဒုတိယ ဧကရာဇ်ဘုရင် တိုက်ဗီးရီးယပ်၏ မြေးတော်စပ်သူဖြစ်၍၊ တိုက် ဗီးရီးယပ် ကွယ်လွန်သောအခါ ရောမဧကရာဇ်ဘုရင် ဖြစ်လာ သည်။ ကလီကျူလာသည် ဘုရင်ဖြစ်စတွင် သက်ညှာစွာနှင့် တရား မျှတစွာ အုပ်ချုပ်မှုကြောင့် တိုင်းသူပြည်သားအများက သောင်း သောင်းဖြဖြ ကောင်းခြီးပေးခဲ့ကြသော်လည်း၊ နောင်သော် သူ၏ အပြုအမူများမှာ စိတ်မနှံ့သူတစ်ဦး၏ ပြုမူပုံမျိုးကဲ့သို့ ဖြစ်လာ သောကြောင့် များမကြာမီပင် တစ်နိုင်ငံလုံး ငြိုငြင်လာကြသည်။ အချို့က သူသည် တစ်ခါတွင် အပြင်းအထန် ဖျားပြီးနောက် စိတ်မနှံ့ဖြစ်သွားသည်ဟု ဆိုသည်။ သူ၏မြင်းကို တရားသူကြီး အဖြစ် ခန့်အပ်ခြင်း၊ စစ်တိုက်ရာမှအပြန်တွင် ပြင်သစ်ကမ်းခြေ မှ ခရုခွံများကို နတ်များပသရန်အတွက် စစ်သားများအား ကောက်ခိုင်းခြင်း၊ သူ့အား နတ်တစ်ပါးအဖြစ် တိုင်းသူပြည်သား များ ကိုးကွယ်နိုင်ရန်အတွက် ဗိမာန်ကြီးတစ်ခုကို ဆောက်လုပ် စေခြင်းစသော အပြုအမူတို့က ကလီကျူလာ၏ စိတ်မနှံ့မှုကို ဖော်ပြပေသည်။ ထိုမျှမကသေး တိုက်ဗီးရီးယားလက်ထက်မှ စုဆောင်းခဲ့သော တိုင်းပြည်၏ဘဏ္ဍာများကို ဖြုန်းတီးပစ်ပြီး လျှင်၊ ဆွေမျိုးသားချင်း အရင်းအချာများနှင့် ရောမမြို့သူမြို့သား များကို အကြောင်းမဲ့ သွေးချောင်းစီးအောင် သတ်ဖြတ်လေသေး သည်။ဤသို့ဖြင့် လေးနှစ်မျှ ပရမ်းပတာ အုပ်ချုပ်ခဲ့ရာ တိုင်းသူ ပြည်သားများလည်း မခံမရပ်နိုင်ဖြစ်လာ၍ နောက်ဆုံး၌ လုပ်ကြံ သတ်ဖြတ်ခံရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)