မာတိကာသို့ ခုန်သွားရန်

ကမ်းခတ်မဲ့မြင်း

ဝီကီပီးဒီးယား မှ

ကမ်းခတ်မဲ့မြင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ကမ်းခတ်မဲ့မြင်း[ပြင်ဆင်ရန်]

တပြောင်ပြောင် အရောင်တောက်ပါဘိ၊ ငမောက်အယ်အလွန်ဆိုတဲ့၊ အုန်းခွံညိုကျောက်နီသွေးကဲ့သို့၊ အမွေးရေသပြေမှည့်လိုပ၊ ပြေပေသည့်သိန္ဓောနှယ်။

ကြိမ်တံဖျာနှိမ်ခါလိုက်လျှင်၊ စိန်ခွာသံတိမ်ယံကြော့ဆီသို့၊ ပျံ့တော့မည်လိုလိုထင်ရသည့်၊ ဟိုယခင်အဖြစ်ရှေးက၊ ကစ္စေးလုလင်စီးတဲ့၊ မြင်းကြီးပင်ပြိုင်ရင်ရှုံးလောက်ကဲ့၊ ခွင်လုံးပင်လုခွင်တိုင်းမှာ၊ ဝိုင်းကျွတ်လို့ပယ်။

ခွက်ကောက်မြောင် နောက်ပေါင်ကြွနှင့်၊ ထောင်လှစွာလည်တံကြော့ပ၊ စီးပြန်လျှင်မြီးတံဆော့ပါလို့၊ ခေါင်းမော့ချက်ခြင်္သေ့နှယ်၊ ပြစ်တင်ဘွယ်လွတ်ကင်း။

သဟဿာ အိမ်ခြေပေါင်းနှင့်၊ ရွာမောင်းရွှေထောင်ကိုပိုင်တဲ့၊ ကိုကောင်းလှိုင် တိုက်သူကြီးမှာဖြင့်၊ စက်မီးခွေလေရထားကဲ့သို့၊ ငွေငါးရာ တထောင်ခွဲနှင့်၊ အောင်ပွဲဝင်ကြက်သရေကွန့်စေဘို့၊ ပြေညွန့်ခေါ် ယဉ်ကျော်စီးပေရ၊ အရီးမှာအနာဂတ်တော့၊ စက္ကဝါလက်ျာရပ်ကိုတဲ့၊ နံနက်ခါ − ဒလက်ခြာပတ်မအောင်၊ ကမ်းခတ်မဲ့မြင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ သိန္ဓော = သိန္ဓောမြင်း၏ အမျိုးအနွယ်။

၂။ သဟဿာ = တထောင်အရေအတွက်ရှိသော။

၃။ အနာဂတ် = နောက်အဖို့။

၄။ စက္ကဝါ = ကျွန်းကြီးလေးကျွန်းနှင့် မြင့်မိုရ်တောင်တခုရှိသော စကြဝဠာတခု။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။