ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ်စာကြည့်​တိုက်

ဝီကီပီးဒီးယား မှ

ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်[ပြင်ဆင်ရန်]

သုတေသနပြုရာတွင် ပိဋကတ်တိုက်ရှိ စာအုပ်စာတမ်းများ၊ပြတိုက်ရှိဗုဒ္ဓအနုပညာပစ္စည်းများဖြင့် အခြေပြုကာ လေ့လာနိုင်စေရန်အတွက် သုတေသနစာကြည့် ပိဋကတ်တိုက်အဖြစ် စတင် တည်ထောင်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ စာကြည့်ပိဋကတ်တိုက်နှင့် ပူးတွဲ၍ ရှားပါးသောစာပေနှင့် စာအုပ်စာတမ်းများဌာန၊ သုတေသနပြတိုက်၊ သုတေသနဌာနတို့ကို ပူးတွဲကာ ' ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ' ဟူသော အမည်ဖြင့် အစိုးရက တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို သာသနာဦးစီးဌာန သုတေသနနှင့် ကျွမ်းကျင်မှုဌာနခွဲ အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ယခုအခါ ဤစာကြည့်တိုက် ပိဋကတ်တိုက်သည် ဗုဒ္ဓဘာသာအပြင် တိုင်းရင်းသားလုပ်သားပြည်သူများ ယုံကြည်ကိုးကွယ်လျက်ရှိသော မိရိုးဖလာနတ်ကိုးကွယ်မှုဘာသာကို လည်းကောင်း၊ အစ္စလာမ် ဘာသာကိုလည်းကောင်း လေ့လာသုတေသန ပြုစုနိုင်သည်။ သုတေသနစာကြည့်တိုက်တွင် ပုံနှိပ်စာအုပ်များအပြင် ပေ၊ ပုရပိုက်၊ လက်ရေးစာများကိုလည်း စုဆောင်းထားရှိသည်။ ပေ၊ ပုရပိုက်များသည် ဗုဒ္ဓဘာသာစာပေသာမက မြန်မာစာပေဆေးကျမ်း၊ ဗေဒင်ကျမ်း၊ သမိုင်း စသည့် လောကီပညာရပ်များ ပေ၊ ပုရပိုက်၊ ကမ္မဝါ၊ စာချွန်တော်နှင့် မင်ကူးကျောက်စာများကိုလည်း စုဆောင်းထားရှိသည်။ စုဆောင်းရရှိသော ပေများမှ ပုံမနှိပ်ရသေးသော စာမူများနှင့် ပုံနှိပ်ပြီးသော်လည်း ရှားပါး၍ အဖိုးတန်ကာ ပုံနှိပ်စာအုပ်ဝယ်ယူ၍ မလွယ်ကူသော ပေမူများကိုလည်း လက်ရေးဖြင့်ကူး၍ ပြင်ဆင်တည်းဖြတ်ကာ ပုံနှိပ်ထုတ်ဝေရန် စီစဉ်ထားသည်။ ၁၉၉၁ ခုနှစ်တွင် ပေ၊ ပုရပိုက် နှင့် စာကြည့်တိုက်ကို ပူးပေါင်း၍ သုတေသနစာကြည့်တိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။

(က) သုတေသနစာကြည့်တိုက်ရှိ စာအုပ်စာရင်း[ပြင်ဆင်ရန်]

  1. မြန်မာစာအုပ် ၂၆၂၂၇ အုပ်
  2. အင်္ဂလိပ်စာအုပ် ၁၇၁၈၆ ။
  3. အခြားဘာသာစာအုပ် ၂၂၄၉ ။
  4. မြန်မာမဂ္ဂဇင်း ၂၈၆၆ ။
  5. အင်္ဂလိပ်မဂ္ဂဇင်း ၁၅၇၅ ။

စုစုပေါင်း ၅၀၁၀၃ ။

(ခ)ပေ၊ ပုရပိုက်၊ ကမ္မဝါစာ၊ ကျောက်စာ၊ စာချွန်တော် စာရင်း[ပြင်ဆင်ရန်]

  1. ပေစာ ၁၁၇၃၂ ထုတ်
  2. ပုရပိုက်စာ ၁၂၄၄ ဆူ
  3. ကမ္မဝါစာ ၁၁၁ ဆူ
  4. မင်ကူးကျောက်စာ ၁၉၆ ချပ်

စုစုပေါင်း ၁၃၃၀၂

ဤသုတေသနစာကြည့်တိုက်သည် အထူးစာကြည့်တိုက်ဖြစ်သည်နှင့်အညီ မည်သည့်စာအုပ်ကိုမျှ ပြင်ပသို့ ထုတ်မငှားပါ။ ဌာနဆိုင်ရာများကိုသာ ငှားရမ်းပါသည်။ သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာအုပ်များကို စာကြည့်တိုက်အတွက် အခမဲ့ရရှိသည်။ စာကြည့်တိုက်ကို ဌာနစုမှူးတစ်ဦး၊ စာကြည့်တိုက်မှူးတစ်ဦး၊ လက်ထောက်စာကြည့်တိုက်မှူးလေးဦး နှင့် အခြားဝန်ထမ်းများဖြင့် စီမံကွပ်ကဲလျက် ရှိသည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

၁။ ဒေါက်တာမြတ်မြတ်ထွန်း (Ph.D)၊ ထေရဝါဒဗုဒ္ဓဘာသာမော်ကွန်းဝင် ဆဋ္ဌသင်္ဂါယနာမစာ ဓမ္မသဘင် ရန်ကုန်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပကြိမ်၊၂၀ဝ၇ ။ စာ-၂၀၁-၂၀၄