စစ်စကို

ဝီကီပီးဒီးယား မှ
Cisco Systems, Inc.
အမျိုးအစားPublic
လုပ်ငန်းNetworking equipment
တည်ထောင်သည့်နှစ်ဒီဇင်ဘာ ၁၀၊ ၁၉၈၄; ၃၉ နှစ် အကြာက (၁၉၈၄-၁၂-10)
San Francisco, California
ဌာနချုပ်San José, California, U.S.[၁]
ဝန်ဆောင်မှု ဧရိယာWorldwide
အရေးပါ ပုဂ္ဂိုလ်များJohn Chambers
(Executive Chairman)
Chuck Robbins
(CEO)
ထုတ်ကုန်ပစ္စည်းNetworking Device
Network Management
Cisco IOS and NX-OS Software
Interface and Module
Optical networking
Storage area networks
Wireless, Telepresence, VOIP, Security
Datacenter
List of Cisco Products
ဝင်ငွေIncrease US$၄၉.၂၄ billion (2016)[၂]
အခွန်မဆောင်မီ ဝင်ငွေIncrease US$၁၂.၆၆ billion (2016)[၂]
အသားတင် ဝင်ငွေIncrease US$၁၀.၇၃ billion (2016)[၂]
ရင်းနှီးမြှုပ်နှံမှုIncrease US$၁၂၁.၆ billion (2016)[၂]
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease US$၆၃.၅၈ billion (2016)[၂]
အလုပ်သမားဦးရေ71,883 (2016)[၃]
ဝက်ဘ်ဆိုက်Cisco.com

Cisco သည် ကွန်ပျူတာ ကွန်ရက် ချိတ်ဆက် ခြင်းနှင်. ဆက်သွယ်ရေးအသုံးချသိပ္ပံပညာ ကိရိယာများ ထုတ်လုပ်ရောင်းချသော အမေရိကန် နိုင်ငံစုံ ကွန်ပျူတာကွန်ရက် ချိတ်ဆက် ခြင်း နည်းပညာ ကော်ပိုရေးရှင်း ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တွင် ရုံးချုပ်တည်ရှိသည်။ ၂၀၀၉ နှစ်တွင် Cisco သည် ဝန်ထမ်းအင်အား ၆၅,၀၀၀ ထက် ပို၍ ရှိ ပြီး နှစ်ပတ်လည် အခွန် အမေရိကန်ဒေါ်လာ ၃၆.၁၁ ဘီလီယံ ရှိခဲ့ သည်။ Cisco ထုတ်ကုန်များ ကို ဇွန်လ ၈ ၂၀၀၉ Dow Jones Industrial Average သို့ ပေါင်းခဲ့သည်။

Cisco သမိုင်း[ပြင်ဆင်ရန်]

San Jose ရှိ Cisco နယ်မြေ မှ အဆောက်အုံများ အတွင်းမှ တစ်ခု

Stanford Universityကွန်ပျူတာ ဝန်ထမ်း လုပ်ကိုင်ခဲ့ တဲ့ Len Bosack နှင်. Sandy Lerner စုံတွဲ မှာ Richard Troiano ဆိုသူ နှင်.ပူးပေါင်းခဲ့ပြီး ၁၉၈၄ တွင် Cisco System ကို တည်ထောင်ခဲ့ပါတယ်။ Lerner ဟာ Schlumberger မှာ ကွန်ပျူတာ ဝန်ထမ်း အဖြစ် ထပ်မံ လုပ်ကိုင်ခဲ့ ပြီး ၁၉၈၇ ခုနှစ်တွင် Cisco သို့ အချိန်ပြည့် ပြောင်းရွှေ့ခဲ့ သည်။ "Cisco" အမည် ဟာ "San Francisco" မြို့ အမည် မှရရှိခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ကုမ္ပဏီ အင်ဂျင်နီယာများ ဟာ စာလုံးအသေး "cisco" ကို အသုံးပြု နှင်.ပြီးသားဖြစ်နေသည်။ Cisco ရဲ့ ပထမဆုံး ထုတ်ကုန် ဖြစ်တဲ့ router ဟာ, ပြီးခဲ့သော နှစ်အနည်းငယ်က William Yeager ( Stanford ဝန်ထမ်း နောင်တွင် Sun Microsystems ဝန်ထမ်း ဖြစ်ခဲ့) ဆိုသူရေးခဲ့သော multiple-protocol router software ကို Bosack က ပြန်လည် ပြင်ဆင်ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး အမှုဆောင်အဖွဲ့ အရာရှိ ကတော့ Bill Graves ဖြစ်ခဲ့ပြီး ၁၉၈၇ မှ ၁၉၈၈ ထိ လုပ်ကိုင်ခဲ့ပါ တယ်။ ၁၉၈၈ တွင် John Morgridge ဆိုသူအား အမှုဆောင်အဖွဲ့ အရာရှိ ခန့်အပ် ခဲ့ပြီး ၁၉၉၅ ခုနှစ် John Chambers လက်ထက်တွင် အောင်မြင်မှု ရရှိခဲ့သည်။ Cisco သည် ပထမဆုံး router ထုတ်လုပ်ရောင်းချသော ကုမ္ပဏီ မဟုတ်သော် လည်း[၄] ပထမဆုံး ဈေးကွက်တွင် အောင်မြင်မှုရရှိခဲ့သော router ထုတ်လုပ် နိုင်ခဲ့သည်။ Internet Protocol (IP) အသုံးပြု မှု ကြီးထွားလာခဲ့ ပြီး နောက် multi-protocol routing အရေးပါမှု ကျဆင်းလာခဲ့သည်။ ယနေ့အခါမှာ IP packets များ deliver လုပ်ဖို့ Cisco 's router များသည်အဓိကအင်အား အကြီးဆုံး ဖြစ် လာခဲ့သည်။ ၁၉၉၀ တွင် Nasdaq သိုလှောင်ကုန်စည် လဲလှယ်ခြင်း တွင်စာရင်း ထည့်သွင်းခြင်း ခံခဲ့ရသည်။ Lerner အလုပ်ထုတ် ခံခဲ့ရ ပြီးနောက် Bosack လည်း ဒေါ်လာသန်း ၂၀၀ ယူ ပြီးထွက်ခဲ့သည်။ ထို အကျိုးအမြတ်များကို လည်း အကျိုးဆောင်အဖွဲ့များ သို့ အလှူ ပေးခဲ့သည်။ ထို့နောက် တရားဝင်ကွာရှင်းခဲ့ ကြသည်။

|ယခင်လိုဂို ပုံစံ တံတားပုံ USPTO မှာမှတ်ပုံတင် အသုံးပြုခဲ့ သည်]] အမေရိကန်ပြည်ထောင်စု တွင် Cisco အတွက် မူပိုင်ခွင့် ကို ၁၉၈၈ ဇွန် ၆ မှာ ခွင့်ပြုခဲ့ပြီး ဇွန် ၁၃ တွင်ကုမ္ပဏီ ဖွင့်လှစ် ခဲ့ သည်။ မူလ စိတ်ကူးကို ဆက်စပ်ပြီး Cisco လိုဂို ပုံစံ အား ဆန်ဖရန်စစ္စကိုမြို့ ရှိဂိုးလ်ဒင်းဂိတ် တံတား[၅] ပုံအဖြစ် မှတ်ပုံတင် ခဲ့သည်။ ၁၉၈၆ မေ ၁၈ တွင် ကုမ္ပဏီ ၏ ပထမ ဆုံး ကုန်သွယ်မှုဆိုင်ရာလိုဂို အဖြစ်အသုံးပြု ခဲ့ သည်။ ဤ Cisco လိုဂို အား ကုန်ထုပ်ပိုးမှုပြင်ဆင်ခြင်း နှင့် ထုတ်ကုန်များ ပေါ် တွင် ပထမ ဆုံးအသုံးပြုခဲ့သည်။ သူတို့၏ ကုန်သွယ်မှုဆိုင်ရာလိုဂို မူပိုင်ခွင့် ကို အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့် ရုံး တွင်" အက္ခရာ "U" နှစ်ခု ဆက် နေ ပြီး အောက်ခြေပိုင်း မျဉ်းကြောင်း လိုင်း တွင် ကွန်ရက်ကြိုး များ သွယ်တန်း ထားသကဲ့သို့ ရှိသည်ဟုအဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ " လိုဂို တွင် Cisco ၏ Gateway နှင့် Bridge လျှပ်စစ်ဆိုင်ရာ ထုတ်ကုန်များ ကlocal area networkအဖြစ် ပေါင်းစပ် ကာ ပင်လယ်အော် ဒေသ ၏ အထိမ်း အမှတ်ဖြစ် သော တံတား အား လည်း ကိုယ်စားပြု ခြင်း ဖြစ် သည်။ Cisco သည် အမျိုးမျိုးသော ကုမ္ပဏီများ ကို ဝယ်ယရရှိ ခဲ့ပြီး မိမိ၏ ပင်ကိုစွမ်းရည် ထဲသို့ ပူးပေါင်း နိုင်ရန်ကြိုး စားသည်။ ဝယ်ယူ ရရှိ ခဲ့သော ကုမ္ပဏီများအနက် Stratacom သည် Cisco ၏အကြီးဆုံး လုပ်ငန်း အပေးအယူ ရရှိခဲ့ သော ကုမ္ပဏီဖြစ် ခဲ့သည်။ ၁၉၉၉ Dot-com Boom တွင် Cisco သည် Petaluma, California ရှိ ကုမ္ပဏီ သစ် Cerent Corporation ကို ဒေါ်လာ ၇ ဘီလီယံဖြင့် ဝယ်ယူ ရရှိ ခဲ့ သည်။ ထိုပမာဏ သည် Cisco ၏ ဝယ်ယူ ရရှိမှု တွင် ဈေး အများဆုံး ဖြစ်ခဲ့သည်။ နောင်တွင် Scientific-Atlanta ၏ ဝယ်ယူ ရရှိမှု သည် ပိုမို လာခဲ့သည်။ ဝယ်ယူ ရရှိခဲ့ သော ကုမ္ပဏီ များ ၏ လုပ်ငန်းများ သည် ကြီးမား လာပြီး ဒေါ် လာ ၁ ဘီလီယံ အထက်သို့ ရောက် ရှိ ခဲ့ ကြသည်။ ထင်ရှားသော လုပ်ငန်း များ မှာ LAN switching, Enterprise Voice over Internet Protocol (VOIP), and home networking တို့ ဖြစ် သည်။ ၂၀၀၃ တွင် Linksys ကို ဝယ်ယူခဲ့ သည်။ ၂၀၁၀ တွင် Moto Development Group ကို ဝယ်ယူခဲ့ သည်။ [၆] Cisco's Flip video camera ထုတ်လုပ်ရေးတွင် အသုံးပြု ရန် ဖြစ်သည်။

၂၀၀၀ ခုနှစ် မတ်လ ကုန်တွင် dot-com boom ဂယက် မှာ အမြင့်မား ဆုံးရောက်ရှိခဲ့ ပြီး Cisco သည် ကမ္ဘာ့ တန်ဖိုး အရှိဆုံး ကုမ္ပဏီ ဖြစ်လာခဲ့သည်။ Cisco ၏ market capitalization မှာ အမေရိကန် ဒေါ်လာ ၅၀၀ ဘီလီယံ အထက် ရှိခဲ့ သည်။ [၇][၈] In July 2009, with a market cap of about US$108.03 billion[၉], it is still one of the most valuable companies.[၁၀] ၂၀၀၉ ဇူလိုင် တွင် market capitalization မှာ အမေရိကန် ဒေါ်လာ ၁၀၈.၀၃ ဘီလီယံ [၉] အထက် ရှိခဲ့ သည်။ သို့ ရာတွင် ကမ္ဘာ့ တန်ဖိုး အရှိဆုံး ကုမ္ပဏီ အဖြစ်ရပ် တည် နေ သေးသည်။[၁၀] CISCO သည် ဆယ်စုနှစ် အတွင်း NASDAQ ၏ မဲ အပေးခံရဆုံး ကုန်စည် ဖြစ်ခဲ့သည်။[ကိုးကားချက်လိုသည်] ၂၀၀၂-၀၃ တွင် Ron Brown Award ဆု "ဝန်ထမ်းများ နှင့် လူစုများ ဆက်သွယ်မှု စံပြ အရည်အချင်း ရှိ ကုမ္ပဏီများ အတွက် အသိအမှတ်ပြု ဖို့ အမေရိကန် သမ္မတ ပေးအပ်သော ဂုဏ်ပြုဆု" ရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Cisco Contacts (November 19, 2011)။ November 19, 2011 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Cisco Systems, Inc. 2016 Annual Report Form (10-K)။ United States Securities and Exchange Commission (February 27, 2016)။ December 21, 2015 တွင် ပြန်စစ်ပြီး။
  3. Cisco OverviewCisco
  4. I, Cringely . NerdTV . Transcript | PBS။ Pbs.org။ 2008-11-13 တွင် ပြန်စစ်ပြီး။
  5. (NO WORD) Trademark of CISCO SYSTEMS, INC.. Serial Number: 73729839 :: Trademarkia Trademarks
  6. By Jim Duffy, NetworkWorld. "Cisco Buys Moto -- no, not that Moto Archived 14 June 2011 at the Wayback Machine.." May 18, 2010.
  7. "story.aspx?guid=%7BFA6BADEF%2D05F2%2D4169%2DADDA%2D12E9D17C4433%7D Cisco pushes past Microsoft in market value"၊ CBS Marketwatch၊ 2000-03-25။ 2007-01-25 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  8. "Cisco replaces Microsoft as world's most valuable company"၊ Reuters၊ The Indian Express၊ 2000-03-25။ 2007-01-25 တွင် ပြန်စစ်ပြီး။ Archived from the original on 16 January 2013။ 
  9. ၉.၀ ၉.၁ Cisco Systems Summary
  10. ၁၀.၀ ၁၀.၁ Fost၊ Dan။ "Chron 200 Market capitalization"၊ San Francisco Chronicle၊ 2006-05-05။ 2007-01-25 တွင် ပြန်စစ်ပြီး