ဝိုင်မက်

ဝီကီပီးဒီးယား မှ
WiMAX (Worldwide Interoperability for Microwave Access)

WiMAX (Worldwide Interoperability for Microwave Access) ဆိုသည်မှာ ကြိုးမဲ့ အင်တာနက် ချိတ်ဆက်တဲ့ စနစ်တစ်ခုဖြစ်သည်။ ယခင်က အင်တာနက် ချိတ်ဆက်ရာတွင် Dail-Up ဖြင့် လည်းကောင်း၊ ADSL ဖြင့်လည်းကောင်း Broadband ကို အသုံးပြု၍ လည်းကောင်း ချိတ်ဆက်ခဲ့ကြသည်။ WiMAX သည် ၎င်းတို့နှင့် ခပ်ဆင်ဆင်ရှိသော်လည်း ကွဲပြားခြားနားသည်။ ၎င်းစနစ်တွင် ဝါယာကြိုးမလိုအပ်ဘဲ အင်တာနက် ချိတ်ဆက်နိုင်သည်။ Broadband နည်းပညာနှင့် ဆင်တူသည်။

ထို့ကြောင့် WiMAX ကို Broadband Wireless Access (BWA) ဟုလည်း ခေါ်တွင်ကြသည်။ သို့သော် WiMAX သည် WiFi နှင့်မတူပါ။ WiFi စနစ်များထက် Network ဧရိယာ ကျယ်ပြန့်ပါသည်။ ဝိုင်မက် ကွန်နက်ရှင်းတစ်ခု၏ ဧရိယာ ကျယ်ပြန့်မှု့သည် မိုင်နှင့်ချီ၍ ကျယ်ပြန့်ပါသည်။ အကယ်၍ ဝိုင်မက် ကွန်နက်ရှင်း ထုတ်လွင့်သော စက်ရုံတစ်ရုံအား တည်ဆောက်ထားမည် ဆိုပါက ၎င်း၏ သတ်မှတ်ဧရိယာအတွင်း မည့်သည့်နေရာမှ မဆို အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်သည်။

ဝိုင်မက် တိုဝါတိုင်(၂၆ ကီလိုမီတာ အတွင်းအသုံးပြုနိုင်ရန် မြေပြင်မှ ၄၃ ပေ ခန့်အမြင့်ထားရ)

ဝိုင်မက်၏ Signal သည် ဒီဂျစ်တယ် စနစ်ဖြစ်သည်။ ဆိုလိုသည်မှာ ကြိုးမဲ့ ဒီဂျစ်တယ် ဆက်သွယ်ရေးစနစ်ဟု ဆိုလိုသည်။ ၎င်းကို IEEE မှနေ၍ IEEE ၈၀၂.၁၆ ဟူ၍ သတ်မှတ်ထားသည်။ WiMAX ကို MANအတွက် ရည်ရွယ်၍ ထုတ်လုပ်ခဲ့သည်။ MAN ဆိုသည်မှာ Metropolitan Area Network ဆိုလိုသည်။ MAN နက်ဝက်သည် ပုံမှန်အားဖြင့် ကြိုးမဲ့ သို့မဟုတ် Optical Fiber များကို အသုံးပြုကြသည်။ ဝိုင်မက်တွင်မူ ကြိုးမဲ့အသုံးပြုသည်။ MAN နက်ဝက်သည် မြို့တစ်မြို့စာအတွင်းကို ချိတ်ဆက်မှု ပြုလုပ်နိုင်သည်။ ကီလိုမီတာအားဖြင့် ၅၀ ကီလိုမီတာခန့် ကို ချိတ်ဆက်အသုံးပြုနိုင်သည်။ ထို့ကြောင့် ဝိုင်မက်သည်လည်း MANအမျိုးအစား တစ်မျိုးဖြစ်သည့်အတွက် ကီလိုမီတာ ၅၀ ပတ်ဝန်းကျင် အထိချိတ်ဆက်အသုံးပြုနိုင်သည်။ ဝိုင်မက် ဆက်သွယ်ရေးသည် Network Area Range သည် အတည်တကျ တပ်ဆင်ထားသည့် ဝိုင်မက် အထိုင်ရုံး( Fixed Station )မှနေ၍ ချိတ်ဆက်မှု ပြုလုပ်လျှင် ကီလိုမီတာ ၅၀ ခန့်အထိ ရရှိပြီး၊ မိုင်အားဖြင့် ၃၀ မိုင် ခန့်အထိ ရရှိမည်ဖြစ်သည်။ ထိုကဲ့သို့ ပြောင်းရွေ့၍ ရသော ဝိုင်မက် စတေရှင် ( Mobile Station ) တစ်ခု၌ ကီလိုမီတာအားဖြင့် ၅ ကီလိုမီတာမှ ၁၅ ကီလိုမီတာ အထိ ချိတ်ဆက်မှု ပြုနိုင်ပြီး မိုင်အားဖြင့် ၃ မိုင်မှ ၅ မိုင်အကွာအဝေးအထိ ချိတ်ဆက်နိုင်သည်။ ထိုကြောင့် WiMAX Network Area Range သည် ကြီးမားသည်ဟု ဆိုနိုင်သည်။ ဥပမာ အနေဖြင့် WiMAX Station တစ်ခုကို မြို့လည်လောက်၌ တည်ဆောက်ထားမည်ဆိုပါက ၎င်းမြို့၏ မိုင် ၅၀ ပတ်ဝန်းကျင်မှ ချိတ်ဆက်နိုင်ပြီး အင်တာနက် အသုံးပြုနိုင်မည်ဖြစ်သည်။ WiMAX ချိတ်ဆက်အသုံးပြုရန်မှာ ကုန်ကျစရိတ် သက်သာသည်။ ယခုအခါ ကမ္ဘာတစ်ဝန်း၌ ဝိုင်မက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီးဖြစ်၏။

WiMAX USB modem

ဖွဲ့စည်းမှု အသင်း[ပြင်ဆင်ရန်]

ဝိုင်မက်ဆိုသည့် အမည်ကို WiMAX Forum တစ်ခုမှ ပေးထားသည် ဟုဆိုသည်။ ၎င်း ဝိုင်မက် ဖိုးရမ်သည် အကျိုးအမြတ် တစ်စုံတစ်ရာ ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ WiMAX နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ချဲ့ထွင်ရန် ဖွဲ့စည်းထားကြောင်းဖြစ်သည်။ ဝိုင်မက် နည်းပညာနှင့် WiFi နည်းပညာသည် အနည်းငယ် ကွာခြား၏။ WiFi ဆက်သွယ်ရေး၌ ကွန်ပျူတာ WiFi Networkတစ်လုံးတွင် ဆက်သွယ်ရန် အနီးစပ်ဆုံး Access Point, Wireless Router, Hotspot အစရှိသည်တို့နှင့် ချိတ်ဆက် အသုံးပြုနိုင်သည်။ သို့ရာတွင် ဝိုင်မက်၌ကား WiMAX Base Station နှင့် WiMAX Receiver ဆို့သည့် အပိုင်းနှစ်ပိုင်းသာ ရှိသည်။ WiMAX Base Station ကိုတော့ WiMAX Tower သို့မဟုတ် WiMAX Booster ဟုခေါ်ပါသည်။

WiMAX Base Station အလုပ် လုပ်ပုံ[ပြင်ဆင်ရန်]

WiMAX Base Station သည် Signals များကို ထုတ်လွှင့်ပေးသော နေရာတစ်ခုပင်ဖြစ်သည်။ ၎င်းတွင် အီလက်ထရွန်းနစ် ပစ္စည်းများနှင့် တာဝါတိုင်တို့ပါရှိသည်။ WiMAX Tower သည် GSM ကွန်ရက်များကဲ့သို့ လေထဲတွင် တိုဝါတိုင်ထောင်၍ ရေဒီယို အချက်ပြလှိုင်းများကို ထုတ်လွှတ်ပေးခြင်းဖြစ်သည်။

WiMAX Receiver ၏ အလုပ်လုပ်ပုံ[ပြင်ဆင်ရန်]

၎င်းသည် WiMAX Base Station မှ ရေဒီယို အချက်ပြ လှိုင်းများကို လက်ခံရယူပြီး WiMAX Network ကို ချိတ်ဆက်ပေးသည့် Device တစ်ခုဖြစ်သည်။ အဲ့ဒီ ကိရိယာများသည် အများအားဖြင့် Stand Alone Antenna သို့မဟုတ် PCMCIA Slot Card တွေအနေနဲ့ ကွန်ပျူတာတွေမှာ တပ်ဆင်ထားသည်။ Base Station ကို ချိတ်ဆက်ပုံမှာ WiFi မှနေ၍ Access Point ကို ချိတ်ဆက်ပုံနှင့် အလားသဏ္ဌာန်တူသည်။ WiMAX မှာ ကွန်ရက် ဧရိယာ ကျယ်ပြန့်သည်သာ ခြားနားပါသည်။

WiMAX Base Station တစ်ခုသည် မြန်နှုန်းမြင့်သော Microwave Link တွေကို အသုံးပြု၍ အခြား Base Station များဆီသို့ ချိတ်ဆက်မှုပြူလုပ်နိုင်သည်။ ၎င်း လင့်ခ်ကို Back haul ဟုခေါ်ဆိုကြသည်။ ဤနည်းအားဖြင့် WiMAX Roaming ကို ရရှိနိုင်သကဲ့သို့ Connection များကို လည်းပြုပြင်နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]