ဗလာဒီမီယာ ပူတင်

ဝီကီပီးဒီးယား မှ
Vladimir Putin
Владимир Путин
၂၀၂၃ ခုနှစ်ရှိ ပူတင်
ရုရှားနိုင်ငံ၏ သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၇ မေ ၂၀၁၂
ဝန်ကြီးချုပ်
ယခင်လူDmitry Medvedev
တာဝန်သက်တမ်း
၇ မေ ၂၀၀၀ – ၇ မေ ၂၀၀၈
တာဝန်ထမ်းဆောင်ဆဲ: ၃၁ ဒီဇင်ဘာ ၁၉၉၉ – ၇ မေ ၂၀၀၀
ဝန်ကြီးချုပ်
ယခင်လူen:Boris Yeltsin
ဆက်ခံသူDmitry Medvedev
ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၈ မေ ၂၀၀၈ – ၇ မေ ၂၀၁၂
သမ္မတDmitry Medvedev
ဒုတိယဝန်ကြီးချုပ် ၁
ယခင်လူViktor Zubkov
ဆက်ခံသူViktor Zubkov (acting)
တာဝန်သက်တမ်း
၉ ဩဂုတ် ၁၉၉၉ – ၇ မေ ၂၀၀၀
သမ္မတBoris Yeltsin
ဒုတိယဝန်ကြီးချုပ် ၁
ယခင်လူen:Sergei Stepashin
ဆက်ခံသူMikhail Kasyanov
လုံခြုံရေးကောင်စီ ကိုယ်ရေးအရာရှိ
တာဝန်သက်တမ်း
၉ မတ် ၁၉၉၉ – ၉ ဩဂုတ် ၁၉၉၉
သမ္မတBoris Yeltsin
ယခင်လူen:Nikolay Bordyuzha
ဆက်ခံသူen:Sergei Ivanov
ဖက်ဒရယ်လုံခြုံရေးအဖွဲ့၏ ဒါရိုက်တာ
တာဝန်သက်တမ်း
၂၅ ဂျူလိုင် ၁၉၉၈ – ၂၉ မတ် ၁၉၉၉
သမ္မတBoris Yeltsin
ယခင်လူNikolay Kovalyov
ဆက်ခံသူen:Nikolai Patrushev
သမ္မတရုံး ဒုတိယဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၅ မေ ၁၉၉၈ – ၂၄ ဂျူလိုင် ၁၉၉၈
သမ္မတBoris Yeltsin
သမ္မတရုံး ဒုတိယဝန်ကြီးချုပ်– ပင်မကြီးကြပ်ရေးဌာန၏ ခေါင်းဆောင်
တာဝန်သက်တမ်း
၂၆ မတ် ၁၉၉၇ – ၂၄ မေ ၁၉၉၈
သမ္မတBoris Yeltsin
ယခင်လူen:Alexei Kudrin
ဆက်ခံသူen:Nikolai Patrushev
ကိုယ်ရေး အချက်အလက်များ
မွေးဖွားVladimir Vladimirovich Putin
(1952-10-07) ၇ အောက်တိုဘာ၊ ၁၉၅၂ (အသက် ၇၁)
လီနင်ဂရတ်၊ ဆိုဗီယက်ယူနီယံ
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂိုလ်
(၁၉၉၁–၁၉၉၅၊ ၂၀၀၁–၂၀၀၈၊ ၂၀၁၂–လက်ရှိ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ကြင်ဖော်(များ)en:Lyudmila Shkrebneva (လက်ထပ် 1983; ကွာရှင်း 2014)[မှတ်စု ၁]
သားသမီးအနည်းဆုံး ၂ ယောက် - မာရီယာ နှင့် ကက်သရင်းနာ[မှတ်စု ၂]
ဆွေမျိုးသားချင်းပူတင် မိသားစု
နေထိုင်ရာen:Novo-Ogaryovo, Moscow
မိခင်ကျောင်း
ဆုတံဆိပ်များအပြည့်အစုံစာရင်း
လက်မှတ်
ဝက်ဘ်ဆိုဒ်eng.putin.kremlin.ru
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ Soviet Union
 Russia
တပ်/တပ်ဖွဲ့ခွဲ
အမှုထမ်းကာလ
  • 1975–1991
  • 1997–1999
  • 2000–present
ရာထူး
Commandsကာကွယ်ရေးဦးစီးချုပ်
တိုက်ပွဲ/စစ်ပွဲများ

ဗလာဒီမီယာ ဗလာဒီမီရိုဗစ်ချ်ပူတင် (အင်္ဂလိပ်: Vladimir Vladimirovich Putin; /ˈptɪn/; ရုရှား: Влади́мир Влади́мирович Пу́тин, IPA: [vlɐˈdʲimʲɪr vlɐˈdʲimʲɪrəvʲɪtɕ ˈputʲɪn] ( )) သည် ရုရှားနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ၁၉၅၂ခုနှစ် အောက်တိုဘာလ (၇) ရက်တွင် လီနင်ဂရက်မြို့၌ မွေးဖွားသည်။ သူသည် ၂၀၀၀ ခုနှစ် ဇန်နဝါရီမှ ၂၀၀၈ ခုနှစ်မေလအထိ ရုရှားသမ္မတ ဖြစ်ခဲ့သည်။[မှတ်စု ၃][၇] သမ္မတ မဖြစ်ခင် အချိန်က ပူတင်သည် ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည်။ ပူတင်သည် ဆိုဗီယက်ပြည်ထောင်စု သို့မဟုတ် ရုရှားနိုင်ငံ၏ ခေါင်းဆောင် ဂျိုးဇတ် စတာလင်ပြီးလျင် အရှည်ကြာဆုံးသော ခေါင်းဆောင်ဖြစ်သည်။ သူသည် ကေဂျီဘီ အရာရှိ တစ်ဦးဖြစ်ပြီး ရုရှားအော်သိုဒေါ့ဖ် ဘုရားကျောင်းအသင်းဝင်တစ်ဦးလည်း ဖြစ်သည်။ လျူဒမီလာ ပူတင်နှင့် လက်ထပ်ပြီး သမီးနှစ်ယောက် ရခဲ့သည်။ ၁၉၈၅ မှ ၁၉၉၀ အထိ ကေဂျီဘီသည် ပူတင်အား အရှေ့ ဂျာမနီနိုင်ငံ ဒရက်စဒန်မြို့တွင် တာဝန်ထမ်းဆောင်သည်။ အရှေ့ဂျာမနီအစိုးရ ပြုတ်ကျပြီးနောက်တွင် ပူတင်အား ဆိုဗီယက်ပြည်ထောင်စုသို့ ပြန်ခေါ်ခဲ့ပြီး လီနင်ဂရက်သို့ သူပြန်လာခဲ့သည်။ ပူတင်သည် ၁၉၉၀ ဇွန်လတွင် လီနင်ဂရက်စတိတ် တက္ကသိုလ်၏ နိုင်ငံတကာရေးရာဌာနတွင် အလုပ်လုပ်ခဲ့ပြီး လက်ထောက်မော်ကွန်းထိန်းအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၁၉၉၁ ဇွန်လတွင် သူ့အား စိန့်ပီတာစဘတ်ခ်မြို့ မြို့တော်ဝန်ရုံး နိုင်ငံတကာကော်မတီတွင် ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ သူ့အလုပ်မှာ နိုင်ငံတကာဆက်ဆံရေး တိုးတက်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးပွားအောင် ဆောင်ရွက်ရန်အတွက် ဖြစ်သည်။

ပူတင်၏ ကနဦး သမ္မတသက်တမ်းကာလများတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ရေနံနှင့်ဓာတ်ငွေ့စျေးနှုန်း မြင့်တက်လာမှုကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးသည် နှစ်စဉ် ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။[၈] ထို့နောက် ချီချန် ခွဲထွက်ရေးသမားများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး နယ်မြေအား ဖက်ဒရယ်အုပ်ချုပ်မှုလက်အောက်သို့ သွတ်သွင်းခဲ့သည်။[၉][၁၀] ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဂျော်ဂျီယာနိုင်ငံနှင့် စစ်မက်ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပူတင်၏ တတိယမြောက် သမ္မတသက်တမ်းကာလတွင် ခရိုင်းမီးယားဒေသအား ကျူးကျော်သိမ်းပိုက်မှုဖြစ်ပွားခဲ့သောကြောင့် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများနှင့်အတူ ရုရှားနိုင်ငံတွင် စီးပွားကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်။ ပူတင်သည် သူ၏မဟာမိတ် အာဆတ် (Bashar al-Assad) ကို ထောက်ခံကြောင်းပြသသည့်အနည်ဖြင့် ရုရှားစစ်သားများကို ဆီးရီးယားပြည်တွင်းစစ်၌ စေလွှတ်၍ စစ်ဘက်ဆိုင်ရာ ကြားဝင်ဟန့်တားမှုကို ဆောင်ရွက်ခဲ့ကာ အရှေ့ပိုင်း မြေထဲပင်လယ်တွင် အမြဲတမ်းရေတပ်အထိုင်စခန်းအတွက် လုံခြုံစေခဲ့သည်။[၁၁][၁၂][၁၃]

ပူတင်၏ စတုတ္ထမြောက် သမ္မတသက်တမ်းကာလ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံအား အလုံးစုံကျူးကျော်စစ်ကို ဆင်နွဲ့ခဲ့သောကြောင့် နိုင်ငံတကာမှ ကန့်ကွက်ရှုံ့ချမှုများနှင့်အတူ ထပ်တိုးအရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပူတင်သည် ယူကရိန်းနိုင်ငံ၏ နယ်မြေ ၄ ခုအား ရုရှားနိုင်ငံထဲသို့ အတင်းသွတ်သွင်းခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) က ပူတင်အား စစ်ပွဲအတွင်း ကလေးငယ်များကို တရားမဝင် ပြန်ပြေးဆွဲမှုဖြင့်[၁၄] စစ်ရာဇဝတ်မှုမြောက်သည်ဟု စွဲချက်တင်ခဲ့သည်။[၁၅] ၂၀၂၁ ခုနှစ် ဧပြီလ၌ ကျင်းပသော တနိုင်ငံလုံးလူထုဆန္ဒခံယူပွဲအပြီးတွင် သူ၏သမ္မတသက်တမ်းကို နောက်ထပ် ၂ ကြိမ်အထိ အရွေးခံယူနိုင်မည့် ဥပဒေကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသည် ပူတင်အား သူ၏သမ္မတသက်တမ်းကို ၂၀၃၆ ခုနှစ်အထိ သက်တမ်းတိုးပေးစေမည်ဖြစ်သည်။[၁၆][၁၇] ပူတင်သည် ၂၀၂၃ ဇွန်လတွင် ဖြစ်ပွားခဲ့သော ဝဘ်ဂနာအုပ်စု၏ ပုန်ကန်မှုကို ကျော်လွှားနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် မတ်လတွင် သူသည် သမ္မတသက်တမ်း နောက်တခုကို ထပ်တိုးအရွေးခံခဲ့ရသည်။

ပူတင် အုပ်ချုပ်စဉ်ကာလအတွင်း ရုရှားနိုင်ငံ၏ နိုင်ငံရေးစနစ်သည် အာဏာရှင်စနစ်သို့ ကူးပြောင်းသွားခဲ့သည်။[၁၈] ဆန္ဒမဲပေးရာတွင် လွတ်လပ်၍ တရားမျှတမှု အားနည်းခြင်း၊[၁၉][၂၀][၂၁] ပြိုင်ဘက်နိုင်ငံရေးသမားများကို ဖိနှိပ်အကျဉ်းချခြင်း၊ ရုရှားနိုင်ငံရှိ လွတ်လပ်သော သတင်းမီဒီယာများကို ဆင်ဆာဖြတ်ခြင်း စသည့် အကျင့်ပျက်ခြစားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

မှတ်စု[ပြင်ဆင်ရန်]

  1. The Putins officially announced their separation in 2013 and the Kremlin confirmed the divorce had been finalized in 2014; however, it has been alleged that Putin and Lyudmila divorced in 2008.[၂][၃]
  2. Putin has two daughters with his ex-wife Lyudmila. He is also alleged to have a third daughter, with Svetlana Krivonogikh,[၄] and a fourth daughter and twin sons, or just two sons, with Alina Kabaeva,[၅][၆] although these reports have not been officially confirmed.
  3. Putin took office as Prime Minister in August 1999 and became Acting President while remaining Prime Minister on 31 December 1999; he later took office as President on 7 May 2000, following his election in March.

ကိုးကား[ပြင်ဆင်ရန်]

  1. "Vladimir Putin quits as head of Russia's ruling party"။ 24 April 2012။ 10 January 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 20 March 2022 တွင် ပြန်စစ်ပြီး
  2. "Putin Romance Rumors Keep Public Riveted"။ Radio Free Europe/Radio Liberty။ 18 April 2008။ 3 October 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 3 October 2021 တွင် ပြန်စစ်ပြီး
  3. Herszenhorn၊ David M. (5 May 2012)။ "In the Spotlight of Power, Putin Keeps His Private Life Veiled in Shadows"The New York Times။ New York City။ 13 September 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 3 October 2021 တွင် ပြန်စစ်ပြီး
  4. Zakharov၊ Andrey; Badanin၊ Roman; Rubin၊ Mikhail (25 November 2020)။ "An investigation into how a close acquaintance of Vladimir Putin attained a piece of Russia"maski-proekt.mediaProekt။ 25 November 2020 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 5 October 2021 တွင် ပြန်စစ်ပြီး
  5. Campbell၊ Matthew (26 May 2019)။ "Kremlin silent on reports Vladimir Putin and Alina Kabaeva, his 'secret first lady', have had twins"The Times3 October 2021 တွင် ပြန်စစ်ပြီး
  6. Besson၊ Sylvain; Odehnal၊ Bernhard (30 April 2022)။ "Russisches Staatsgeheimnis – Putins Sohn wurde im Tessin geboren"SonntagsZeitung (ဂျာမန်ဘာသာစကားဖြင့်)1 May 2022 တွင် ပြန်စစ်ပြီး
  7. "Timeline: Vladimir Putin – 20 tumultuous years as Russian President or PM"Reuters။ 9 August 2019။ 29 November 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 29 November 2021 တွင် ပြန်စစ်ပြီး
  8. Kramer၊ Andrew E. (18 February 2020)။ "Pessimistic Outlook in Russia Slows Investment, and the Economy"The New York Times။ 15 February 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 22 March 2023 တွင် ပြန်စစ်ပြီး
  9. "Fighting in volatile Chechnya kills 13 rebels, police: agency"Reuters။ 24 January 2013။ 9 September 2019 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 11 November 2023 တွင် ပြန်စစ်ပြီး
  10. "Putin Warns 'Mistakes' Could Bring Back '90s Woes"။ Radio Free Europe/Radio Liberty။ 17 October 2011။ 9 May 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 11 November 2023 တွင် ပြန်စစ်ပြီး
  11. Borshchevskaya၊ Anna (2022)။ Putin's War in Syria။ I. B. Tauris။ pp. 70, 71, 80, 81, 157, 169, 171, 174။ ISBN 978-0-7556-3463-7
  12. "Russia carries out first air strikes in Syria"။ Al Jazeera။ 30 September 2015။ 30 September 2015 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 1 October 2015 တွင် ပြန်စစ်ပြီး
  13. Geukjian၊ Ohannes (2022)။ "5: Russian Diplomacy, War, and Peace Making, 2017–19"။ The Russian Military Intervention in Syria။ McGill-Queen's University Press။ p. 196။ ISBN 978-0-2280-0829-3
  14. "International court issues war crimes warrant for Putin"AP News (အင်္ဂလိပ်ဘာသာစကားဖြင့်)။ 17 March 2023။ 17 March 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 24 March 2023 တွင် ပြန်စစ်ပြီး
  15. "Situation in Ukraine: ICC judges issue arrest warrants against Vladimir Vladimirovich Putin and Maria Alekseyevna Lvova-Belova"International Criminal Court။ 17 March 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 24 April 2023 တွင် ပြန်စစ်ပြီး
  16. Odynova၊ Alexandra (5 April 2021)။ "Putin signs law allowing him to serve 2 more terms as Russia's president"။ CBS News။ 12 February 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 6 April 2021 တွင် ပြန်စစ်ပြီး
  17. "Putin – already Russia's longest leader since Stalin – signs law that may let him stay in power until 2036"USA Today။ 28 February 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 6 April 2021 တွင် ပြန်စစ်ပြီး
  18. Plokhy၊ Serhii (16 May 2023)။ The Russo-Ukrainian War: From the bestselling author of ChernobylPenguin BooksISBN 978-1-80206-179-6။ 30 October 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2 March 2024 တွင် ပြန်စစ်ပြီး
  19. Gill၊ Graeme (2016)။ Building an Authoritarian Polity: Russia in Post-Soviet Times (hardback ed.)။ Cambridge University Press။ ISBN 978-1-107-13008-1။ 24 July 2018 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 11 November 2023 တွင် ပြန်စစ်ပြီး
  20. Reuter၊ Ora John (2017)။ The Origins of Dominant Parties: Building Authoritarian Institutions in Post-Soviet Russia (E-book ed.)။ Cambridge University Press။ doi:10.1017/9781316761649ISBN 978-1-316-76164-9။ 11 December 2019 တွင် မူရင်း အား မော်ကွန်းတင်ပြီး24 July 2018 တွင် ပြန်စစ်ပြီး
  21. Frye၊ Timothy (2021)။ Weak Strongman: The Limits of Power in Putin's RussiaPrinceton University Press။ p. [စာမျက်နှာ လိုအပ်]ISBN 978-0-691-21246-3။ 25 February 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 11 November 2023 တွင် ပြန်စစ်ပြီး